Part 4

8.2K 203 0
                                    

ပိုင်ရှင်
အပိုင်း (၄)
#ပိုင်ရှင်

“ကိုကို....ကိုကိုမာန်သွေး...”
“အား...ပုံ့ရယ်..ကိုကို အိပ်နေတာလေ..”
“သိတယ်လေ...မေမေကြည်က နှိုးခိုင်းလိုက်တာ..”
“အိမ်မှာနေတဲ့ ရက်ကလေး ဇိမ်နဲ့ နေချင်လို့ပါ....”
“မရဘူး..ရအောင် နှိုးခဲ့တဲ့..”
“ကိုကို လည်း မရဘူး လို့ မထလာဘူး လို့ ပြောလိုက်ပေါ့”
မာန်သွေး စောင်ခေါင်းမြီး ခြုံထားရင်း  ပုံ့ပုံ့ကို စကားအပြန်အလှန်ပြောနေတာ အိပ်ချင်စိတ်တောင် ပျောက်လာရပြီ.။
“ချစ်ခွန်းဖွဲ့သီ
ရှေ့တော်မှောက်သို့
အခစား မဝံ့သူမို့..
အာကာတစ်ခွင်မှာ
၀ဲပျံနေတဲ့
ချစ်စကားလေးတွေ
မင်းကြားနိုင် ပါ့မလား...မေ..”
“ဟဲ့..”
မာန်သွေး အိပ်ရာက ငုတ်တုတ် ထထိုင်လိုက်ပြီး ပုံ့ပုံ့ လက်ထဲက စာရွက်ကို ဆက်ကနဲ့ ဆွဲယူလိုက်ရသည်..။
“ဟဲ..ဟဲ...ကိုကို ရည်းစား စာ ရေးနေတာမလား..”
“ကြည့်စမ်း...ပုံ့ပုံ့ ငယ်ငယ်လေးနဲ့ ဒါတွေ စိတ်၀င်စားနေတယ်...”
“မငယ်တော့ပါဘူး...ပုံ့ပုံ့ဆီမှာတောင် ဒါမျိုး နှစ်စောင်ရတယ်.”
“ဟမ်...”
မာန်သွေး နားမလည် ဖြစ်နေစဉ် ပုံပုံ့က ကုတင်ပေါ်က ခုန်ဆင်းပြီး လှေကားက ပြေးဆင်းသွားတဲ့ ခြေသံတွေပါ ကြားလိုက်ရသည်..။
ခဏကြာတော့ တံခါးဖွင့်ပြီး ၀င်လာတာ လက်ထဲမှာ စာအုပ် တစ်အုပ်ဖြင့်...
“ဟီး..မေမေကြည် သိမှာစိုးလို့ စာအုပ်ထဲ ထည့်လာတာ...ဒီမှာလေ..ကိုကို...ပုံ့ပုံ့ က နှစ်စောင်ရတာနော်..”
ခုနှစ်တန်း အရွယ် ပုံ့ပုံ့က  ရည်းစားစာ ရလို့ ဂုဏ်ယူ၀င့်ကြွားပြောနေတော့ မာန်သွေး စိုးရိမ် မိသည်..။
“ကိုကို ဖတ်ကြည့်လို့ရမလား...”
“ဟုတ်...”
ကာတွန်းရုပ်ကလေးတွေနဲ့ အလှဆင်ထားတဲ့ စက္ကူအပြာရောင်လေးကို ခေါက်ထားရာ က ဖွင့်လိုက်သည်..။
သို့ ....မွန်မွန်စိုး

မွန်မွန်စိုး ဆိုတော့ မာန်သွေး ခဏ ရပ်ပြီး စဉ်းစားမိရင်း မွန်မွန်စိုးနဲ့ မူမူစိုး ဆိုတဲ့ သူတို့ ညီအစ်မ နှစ်ယောက်ရဲ့ ကျောင်းနာမည်တွေကို သတိရတော့သည်..။
နင့်ကို အိမ်မှာ ပုံ့ပုံ့ လို့ ခေါ်ကြတယ်ဆို...ငါလည်း စံပယ်လင်း ပြောမှ သိတာပါဟာ...နင် နဲ့ ပုံ့ပုံ့နဲ့ ပိုလိုက်တယ်..နင်ရယ်နေရင် အရမ်းလှတယ်..နင့်သွားစွယ်လေးတွေက ငါ့အရမ်းကြိုက်တဲ့ အဆိုတော် မလေး နဲ့ တူတယ်....
မာန်သွေး စာဖတ်လက်စဖြင့် ပြုံးလိုက်မိပြီး ရှေ့က ပုံ့ပုံ့ကို ကြည့်တော့ သွားကြဲ ပြနေသည်..။
နင် ကျောင်းမတက်ရင် ငါ တစ်ခုခု လိုနေသလို ခံစားရတယ်...နင်ကတော့ ငါနဲ့ သိပ်စကားမပြောလို့ မသိပေမဲ့ ငါကတော့ နင့်ကို အမြဲ ခိုးကြည့်နေတာပါ....နင့် ကို ငါ ချစ်တယ် မွန်မွန်စိုး...နင် လက်ခံတယ် ဆိုရင် ငါ့ကို ပုံ့ပုံ့ လို့ ခေါ်ခွင့်ပြုပါနော်... နင့်ကို အမြဲတမ်းချစ်နေမဲ့ ကျော်အောင်
“တယ် ဟုတ်ပါလား..”
“ဟီး..”
“ငါ့ ညီမလေး စပ်ဖြဲဖြဲ လုပ်နေပုံ ထောက်ရင် စာပြန်ပြီးပြီ နဲ့ တူတယ်..”
“ဟင့်အင်း...ကိုကို့ ကို ပြောပြီးမှ ပြန်မလို့ပါ...”
“အောင်မယ်...လူမိုက်ငှားနေပြန်ပြီ...”
မာန်သွေး နောက်စာရွက် တစ်ခုကို ခေါက်ထားရာ က ဖြည်လိုက်တော့ စာကြောင်းရေ နည်းနည်းသာ ရှိသည်..။
“မွန်မွန်စိုး...နင့်ကို ချစ်တယ်...နင် ချစ်ရင် စာပြန်...မချစ်ရင် ဒီစာကို မီးရှို့လိုက်..”
“ဟ...ဒါဘယ်လိုကြီးလည်းကွ...”
“သူက လူမိုက်လေ..နာမည်က မျိုးလွင် တဲ့...H ခန်းက ကောင်...တကယ့် လူဆိုးသိလား...ကျောင်းလည်း ခဏခဏ နားရတယ်..”
“သူ့ကိုရော ပြန်စာ ပေးလိုက်ပြီလား..”
“ဟင့်အင်း ကိုကို့ ကို ပြောမလို့ပါဆို..”
“နှစ်စောင်တောင် သိမ်းထားရတာ တာ၀န်ကြီးမှာပဲနော်..”
မာန်သွေး စလိုက်တော့ ပုံ့ပုံ့က ခေါင်း ခပ်သွက်သွက်ညိတ်ပြခါ စာတွေကို သေချာ ပြန်ခေါက်သည်..။
“ပုံ့ က ကျောင်းမှာ ဖြစ်တဲ့ ကိစ္စတိုင်းကို ကိုကို့ ဆီကို ပြန်ပြောချင်တာ...ကိုကို က တစ်လ တစ်ခါပဲ ပြန်လာပြီးတော့ “
“မမ ကိုကော မပြောဘူးလား..”
“မပြောဘူး..မမ က သိတာနဲ့ဆူတယ်..ပြီးရင် စိတ်မချတော့ဘူး..ဖေဖေ ကိုလည်း တိုင်တယ်...သစ္စာဖောက်...”
နှုတ်ခမ်းစူစူ ဖြင့် သူ့ အစ်မကို အပြစ်တင်နေသည့် ပုံ့ ကို ကြည့်ရင်း မာန်သွေး ရင်မော ရသည်..။
ပုံ့ပုံ့ အရွယ်က ရည်းစားမထားနဲ့အုံးလို့ ပြောလိုက်ရင် ကျော်အောင့် အပေါ်တရားပါ့မလား..
မာန်သွေး ကိုယ်တိုင်က ကျော်အောင့် ဘ၀ကိုရောက်နေသူမို့ ကိုယ်ချင်းလည်း စာမိသည်..။
ကျောင်းရဲ့ အလှဧကရီ ကိုမှ တိတ်တခိုး ခိုးငေးရင်း ကျေနပ်ပြီး ချစ်နေရသူ ဘ၀က ရင်နာ စရာကောင်းလှသည်.။
သူ့နာမည်လေး တစ်ခု သိဖို့ကိုတောင် သူလာလာ ထိုင်တက်တဲ့ အကြော်ဆိုင်မှာ တစ်ပတ်လောက်ထိုင်စောင့်ပြီး နားကို အစွမ်းကုန် စွင့်ထားရသည်..။
သူ နာမည်က မေဖူးငုံ တဲ့ ...နာမည်လေးနဲ့ လိုက်ဖက်လောက်အောင်ကို သူ့မျက်နှာလေးကို အဖူးအငုံ့ အနုအရွဆန်လှသည်..။
မျက်နှာလုံးလုံးလေးနဲ့ သူမ က ရယ်လိုက်တိုိင်း ပါးချိုင့်လေးတွေ တင်းနေသည်..။
တစ်ခါတလေ ကဗျာ ဆန်စွာတွေးရင်း သူ့ ပါးချိုင့်ခွက် နက်နက် ကလေးထဲ ၀င်ရောက် ခိုလှုံနေချင်သည်..။
သူမ မာနကြီးတာ သိသလို ယောင်္ကျားလေး အပေါင်းအသင်းများပြီး အတည်တကျ မတွဲ တက်တဲ့ ဂုဏ်သတင်းလည်း ကြားမိသည်..။
သူမရဲ့ သတင်းဆိုးတွေ ကြားထားပေမဲ့ အနားကို ရောက်တိုင်း လည်ပြန်ကြည့်ရလောက်အောင် သူမက ဆွဲဆောင်နိုင်လွန်းသည်..။
“ကိုကို..”
“ဟင်.”
“ပုံ့ပုံ့ ဘယ်လို ပြန်ရမလည်း..”
ပုံ့ပုံ့ လက်ထဲ စာနှစ်စောင်ဆီ အာရုံရောက်သွားတော့ မာန်သွေး ပြုံးရင်း လှမ်းယူလိုက်သည်..။
“ခုလောလောဆယ် မေ့ထားလိုက်...တက္ကသိုလ်ရောက်မှ စဉ်းစားနိုင်မယ်လို့ ပြောလိုက်ပေါ့...”
စာ နှစ်စောင်စလုံး ကိုကို့ အံဆွဲထဲ ရောက်သွားတော့ ပုံ့ပုံ့ နှမျော မိသည်..။
ပုံပုံ့ အတန်းထဲက ခင်ခင်မိုးလည်း ရည်းစား ရှိသားပဲ
ကိုကို က တားနေမှတော့ ဘယ်တက်နိုင်မလည်း...
မေမေ မရှိကတည်းက ပုံ့ပုံ့က ကိုကို အကြံပေးသမျှ အတိုင်းသာ လုပ်ခဲ့တာပဲလေ...။
“ကိုကို့ လျှိုဝှက်ချက်လည်း ပြောပြလေ..”
“ဘာမှလည်း ဆိုင်ဘူး..”
“ဆိုင်ပါတယ်နော်...ပုံ့က ပြောပြပေမဲ့ ကိုကို ကတော့  ပြောမပြရင် ဘယ်တရားမလည်း..”
“ကိုကို့ မှာ လျှိုဝှက်ချက် မရှိပါဘူး..”
“မေ ရှိတယ်လေ...”
“ကလေးမ”
“ဟဲဟဲ...အဲဒီ မမ နာမည်က မေ တစ်လုံးတည်းလား..”
“မေဖူးငုံ့ တဲ့...”
“လှလား..”
“အင်း...ကြည့်ချင်လား..”
ပုံ့ပုံ့ က မျက်လုံးလဲ့လဲ့လေးများဖြင့် ခေါင်းကို ဆက်ကနဲ့ ညိတ်ပြတော့ မာန်သွေး ရယ်ရင်း ခေါင်းအုံးအောက်က ပုံလေးကို ဆွဲထုတ်လိုက်သည်..။
“ဟယ်..လှလိုက်တာ....နာမည်နဲ့ လူနဲ့ လိုက်တယ်နော်..ပန်းပွင့်လေးလိုပဲ..”
မာန်သွေးနဲ့ အတွေးတူနေတဲ့ ပုံ့ပုံ့ ကြောင့် အားတက်သရော ခေါင်းညိတ်လိုက်မိသည်..။
“ကိုကို ပြောလိုက်ပြီလား..”
“ကိုကို မပြောရဲဘူး..”
“ဟာ..ဘာဖြစ်လို့လည်း..”
“သူက မာနကြီးတယ်..”
“ကိုကို က ချောသားပဲ ပြောကြည့်ပေါ့...”
“ဟား..ဟား...ကိုကို က ကျောင်းကို သွားရင် ဒီပုံစံ သွားတာ မဟုတ်ဘူး ညီမလေးရဲ့..”
“ဘယ်ပုံစံ သွားလို့လည်း..”
မာန်သွေး ရယ်ကြဲကြဲ ဖြင့် အံဆွဲ ထဲက ဓာတ်ပုံ စာအုပ်ထုတ်ပြီး အသစ်ရိုက်ထည့်ထားတဲ့ ကျောင်းသားအုပ်စု ပုံ ကို ပြလိုက်သည်..။
“ကိုကို ဘယ်မှာလည်း..”
“ဟိုနောက်ဆုံးမှာ..”
“ဟမ်..မျက်မှန်ကြီးနဲ့ ရုပ်ဆိုးဆိုးကြီး..”
“ဟုတ်တယ်...အဲဒါကိုကိုပဲ... အနွေးထည်ကြီးကိုလည်း အမြဲတမ်း ၀တ်ဖြစ်တယ်..”
“ဟာ..ကိုကိုကလည်း...ဆိုးလိုက်တာ..ချောချောလေး ကျောင်းတက်ရမှာကို အခုတော့ ပုံ့တောင် မမှတ်မိဘူး..”
မာန်သွေး ခေါင်းညိတ်ပြီး ဓာတ်ပုံကို အံဆွဲထဲ ပြန်ပစ်ထည့်လိုက်သည်..။
“ဘာလည်း မမ အချစ်ကို စမ်းမလို့လား ဟင်..”
“ဟား..ဟား..မဟုတ်ပါဘူးကွာ...”
“ဒါဆို...သနားအောင်လို့ ဟန်ဆောင်ထားတာလား..”
“ကောင်မလေး ၀တ္ထုတွေ တအားဖတ်နေပြီ..နည်းနည်းလျော့..”
“သိဘူးလေ...”
“ကိုကို ကြောက်လို့...ကိုကို့ ငယ်ငယ်က သူငယ်ချင်းတွေကို ပြန်တွေ့ပြီး မှတ်မိသွားမှာ စိုးလို့ပါ...”
“သြော်..ဟို လူဆိုးသူငယ်ချင်းတွေလား..သူတို့လည်း မေ့နေပါပြီ..”
“ကိုကို ကတော့ မမေ့ ဘူးလေ...”
ပုံ့ပုံ့ က ခေါင်းညိတ်ပြီး မေဖူးငုံ့ ဓာတ်ပုံလေးကို ငေးဆိုက်ကြည့်နေတော့ မာန်သွေး စိတ်တွေက အတိတ်ဆီမှာသာ ဝဲပျံလို့နေသည်..။
“ကိုကို  မပြောတော့ဘူးလား..”
“ပြောမှာပါ...”
“ကိုကိုနဲ့ သူ သိပြီလား..”
“အင်း ရင်းနှီးနေပါပြီ...”
“ဟဲ..ဟဲ...မကြာခင်မှာပေါ့လေ...”
ပုံ့ပုံ့က ရွယ်တူ တစ်ယောက်လို စပြီး လျှာ ထုတ်ပြခါ အခန်းထဲက ထွက်ပြေးတော့ မာန်သွေး ပြုံးရင်း မေဖူး ဓာတ်ပုံ လေးကို ခေါင်းအုံးအောက်ပြန်ထည့်လိုက်သည်..။
.
မာန်သွေး လက်ထဲမှာ ချွေးစေးတွေဖြင့် ပြည့်နေသလို လည်ချောင်းတွေလည်း ခြောက်ကပ်လာသည်..။
လက်တွေကို ဆုပ်လိုက်ဖြန့်လိုက်ဖြင့် ရင်ခုန် စိတ်လှုပ်ရှားခါ မြက်ခင်းဘေးက လမ်းလေးကို မကြာခဏ လည်ပင်းရှည် ကြည့်မိသည်..။
“ကဲပြော..ဘာပြောမို့လည်း..”
မျှော်နေရာက မလာပဲ နောက်ဘက် က အသံထွက်လာတော့ မာန်သွေး လန့်ပြီး တုန်တက်သွားရသည်..။
ယောင်္ကျားမှာလည်း အသည်းနဲ့ပါ မေရယ်...။
“ရော်...ကဲ....ဘာဖြစ်နေတာလည်း...ပြည့်စုံရဲ့...”
“ဟို...ဟို...”
“နင် ပဲ ပြောစရာ ရှိတယ်ဆို... မုန့်ဆိုင်မှာ အားလုံး စောင့်နေပြီ..”
“အင်း...ပြောချင်တယ်....မပြောရဲလို့....ဒီမှာ..”
မာန်သွေး ဖလန်ရှပ် အကျီ င်္ အိတ်ထဲက စာကို ခပ်မြန်မြန် ဆွဲထုတ်ပြီး မူလတန်း  ကျောင်းသား ဆရာမရှေ့ အရိုက်ခံခါနီးလို မျက်လုံးစုံမှိတ်ခါ လက်ဆန်းတန်းပေးလိုက်သည်..။
“ဒါ ဘာလည်း..”
“စာ..”
“သြော်...”
နှုတ်ခမ်း လိမ္မော်ရောင်လေးက အနားသပ် အထိ ကွေးညွတ် ပြုံးလိုက်ခါ စာကို လှမ်းယူလိုက်သည်..။
“ရည်းစား စာလား..”
“အင်း...”
“ငါက နင့်ကို ခင်တာကို အခွင့်ကောင်းယူတာလား..”
“မဟုတ်...မဟုတ်ပါဘူး..မေရယ်...ကို တကယ်ချစ်တာပါ...”
“ဟား..ဟား...နင့်ရုပ် နင်ရည် လည်း မှန်ထဲ ပြန်ကြည့်ပါအုံး ပြည့်စုံရယ်..”
မာန်သွေး မျက်မှန်ကို အမြန်ချွတ်ခါ ဆံပင် အတုအကောက်အလိမ်ကိုပါ ဖယ်ပစ်လိုက်သည်..။
“ဟင်..”
မာန်သွေးရဲ့ မျက်နှာ အစစ် အမှန်ကို တွေ့ပြီးတော့ မေဖူးငုံ့က တစ်ခဏမျှတွေဝေ ကြောင်ကြည့်နေသည်..။
“နင်က..”
“ကို့ ကို စဉ်းစားပေးပါလား မေရယ်..”
“မဟုတ်ဘူး..ငါ စဉ်းစားနေတာ..နင့်ကို တွေ့ဖူးတယ်...နင့် ကို တစ်နေရာမှာ တွေ့ဖူးတယ်..”
မေဖူးက သစ်ပင် အမြစ်တွေကို ကြည့်ရင်း စဉ်းစားနေသလို ရှိတော့ မာန်သွေးလည်း ပြည်က သူငယ်ချင်းတွေကို စဉ်းစားမိသည်..။
“သြော်....သိပြီ...”
မာန်သွေး မျှော်လင့်ချက် မျက်၀န်းဖြင့် မေဖူး မျက်နှာကို စူးစိုက်ကြည့်နေချိန်
“သုံးစက်...”
မျက်နှာ တစ်ခုလုံးကို တစ်စုံ တစ်ခုဖြင့် ရိုက်ချသလို နာကျင်သွားရသည်..။
နှလုံးခုန်နှုန်းတွေ တစ်ဆင့်တက်မြန် နှုန်းမြင့်လာခါ လူက ခွေကျချင်လာသည်..။
“ဟား..ဟား...မှတ်မိပြီ...နင် က ဘာလို့ ဒါတွေ၀တ်ပြီး ဖုံးကွယ်ထားတာလည်း..”
အကြောင်းအရာ ဦးတည်ချက်တွေ ပြောင်းသွားတော့ မာန်သွေး တံတွေးတစ်ချက်မြိုလိုက်သည်။
“ငါ ငါ တောင်းပန်ပါတယ်...ဘယ်သူမှ မပြောပါနဲ့ဟာ...”
“နင်က ဆိုက်ကိုပဲ သုံးစက်...”
ခြေလှမ်းပြင်နေတဲ့ မေဖူးလက်ကို ထိတ်လန့်တကြားဆွဲလိုက်မိပြီး မာန်သွေး ရှေ့တိုးခါ
“ဘယ်သူမှ မပြောပါနဲ့နော်...”
“ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ ဟယ်..နင်က ဘာလို့ကြောက်နေတာလည်း...အစကတော့ စိတ်မ၀င်စားဘူး..အခုတော့ နင် ငါ့လက်ကို ကိုင်တာ စိတ်ဆိုးတယ်..”
မာန်သွေး အလျှင်အမြန် လွှတ်ပေးလိုက်ချိန် မဲ့ပြုံး တစ်ခု ဖြင့် ထွက်သွားတော့ ရင်ထဲမှာ တလှပ်လှပ်ဖြစ်ခါ ကျန်ခဲ့ရသည်..။
“ ဘယ်လိုလည်း မေဖူးငုံ့..ကြာလှချည်လား...”
“စိတ်၀င်စားစရာ တစ်ခု ရလာတယ်..”
“အမယ် ဘာတုန်း...”
“ပြည့်စုံ ရဲ့ သရုပ်မှန်ကို နင်တို့တွေ့ရင် ကြွေသွားလိမ့်မယ်..”
“အမလေးတော်....ဒီလို ရုပ်ကြီးကိုလား..”
“သူသာ ရုပ်အစစ်နဲ့ ၀င်ရင် မပြိုင်ပဲနဲ့ ကင်းရလောက်တယ်..သူ အရမ်းချောလာတာ ငါ တောင် ခဏလောက်ကြောင်သွားတယ်..”
“ဘယ်တုန်းက ချောလာလို့လည်း..”
“အခုလေ...မူလတန်းတုန်းက သူနဲ့ ငါ တစ်ခန်းတည်းဟ..”
“အပိုတွေ စလာပြီ..”
“တကယ်..သူ့နာမည်က သုံးစက်..”
“ဘာသုံးစက်လည်းဟ..”
“သူ့ တင်ပါးမှာ မှဲ့ သုံးစက် ရှိတယ် အနက်ရောင်လေးတွေ အသားဖြူလို့ ထင်းနေတာပဲ..”
“ဟယ်...မေဖူးငုံရယ် ပြောလိုက်သမျှ တကယ့်ပေါက်ကရ နင်ဟာလေ အရှက်ကို မရှိဘူး..”
“ဘာရှက်စရာ ရှိလည်း တစ်ခန်းလုံးမြင်တယ်...နင် မယုံရင် ငါ့ဆီ လာနေကျ အောင်၀င်းနိုင် ကို မေးကြည့် သူလည်း တွေ့ဖူးတယ်..”
“ဟား..ဟား..တကယ်ကြီးလား...မေးဖို့ကတော့ ရှက်စရာကြီး ဟာ...”
“ဟင်း..ဟင်း...ကျောင်းမှာ အတန်းတူတဲ့ သူတွေကို ငါ လိုက်ဖွအုံးမယ်...သူ ကြောက်နေပုံလေးက အသည်းယားဖို့ ကောင်းတယ်ဟ...”
“ဘာတဲ့....သုံးစက်တဲ့....ခစ်ခစ် ”
မာန်သွေး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း နှုတ်ခမ်း တစ်စုံက တဆတ်ဆတ် တုန်ယင်လာသည်..။
ရှက်စိတ်ကြောင့် ငယ်ငယ်ကလို မျက်ရည်မကျပေမဲ့ မူးလဲချင်လာသည်..။
ခေါင်းတစ်ခုလုံး နောက်ကျိ ရှုပ်ထွေးပြီး ရင်ထဲမှာ ပျို့ချင်အန်ချင်စိတ်ဖြစ်လာခါ စိန်ပန်းပင် နောက်ကို ၀င်ပြီး ခေါင်းစိုက်ထားရသည်..။
အတန်းလည်း မတက်တော့ပဲ ခြေလှမ်းသုတ်သုတ်ဖြင့် ထွက်လာချိန်...
“ဟိုမှာ...ဟိုမှာ...”
“ခစ်ခစ်....သုံးစက် ဆိုတာလား..”
“ဟင်..”
မာန်သွေး အသံလာရာကို ရုတ်တရတ် လှည့်ကြည့်လိုက်တော့ မေဖူးငုံ့ သူငယ်ချင်း တစ်ယောက်ပါပြီး တခြားအတန်းက ကောင်မလေးတွေရဲ့ အဖွဲ့...။
“သုံးစက် ဆိုတာ ဘာကြီးလည်း..”
“ပွေးမှတ်...”
“ဟား..ဟား...”
အုတ်ခုံမှာ ထိုင်နေတဲ့ ကျောင်းသား သုံးယောက်ဆီက အသံကြောင့် မာန်သွေး ခြေလှမ်းတွေကို အရှိန် ပြန်မြင့်လိုက်သည်..။
ခလုတ်တိုက်မိလို့ ခြေသည်းလန် သွားပေမဲ့ နာကျင်မှု ကို မခံစားလိုက်ရ...။
ဘာလို့ ဒီ အရိပ်ဆိုးကြီး ကနေ ထွက်ပြေးလို့ မရနိုင်တာလည်း...။
တစ်ကျောင်းလုံး ထပ်သိတော့မှာ သေချာနေပြီ...။
ဘာကြောင့်များ တစ်ဘ၀လုံး အရှက်ကွဲဖို့ချည်း ဖြစ်နေရတာလည်း...။
လေ့ကျင့်ခန်း စာအုပ် တစ်အုပ်က စခဲ့တဲ့ အမှားက မာန်သွေး တစ်ဘ၀လုံး လိုက်နှောင့်ယှက်နေတော့မှာလား...။
“အား..”
ရှေ့က စာအုပ်ကို ဆွဲဖြဲပြီး လွင့်ပစ်လိုက်ခါ ခေါင်းအုံးတွေကိုလည်း ဆုပ်ကိုင် လွင့်ပစ်လိုက်သည်..။
“ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ ...သုံးစက်ရယ်..”
“ဘယ်လောက်ကြာအောင် ဖုံးကွယ် ထားနိုင်မှာလည်း..”
“နင်ပြေးလို့ မလွတ်ပါဘူး..အရင် လူ ငါးဆယ် သိပေမဲ့..အခု လူထောင်ချီ သိတော့မယ်..ဟား..ဟား...”
“မဟုတ်ဘူး....မဟုတ်ဘူး...”
မာန်သွေး နားကို လက်နှစ်ဖက် အုပ်ထားတာ အားမရလို့ ခေါင်းအုံးနဲ့ပါ ထပ်ပိတ်ပြီး ခေါင်းရမ်းမိသည်..။
“ဟား..ဟား...သုံးစက်..”
“ဟေ...တကယ်လား...ဘယ်မှာလည်း..”
“အား....မဟုတ်ဘူး...”
မာန်သွေး ဦးနှောက်ထဲ အတိတ်ရဲ့ အရိပ်တွေက ခုလောလောဆယ် ဖြစ်နေသလို ခံစားရပြီး ရုန်းကန် နေမိသည်..။
“ဒုန်း....ခွမ်း...”
ကျကွဲသွားသည့် ဖန်မီးအိမ် အကွဲစတွေကို မာန်သွေး စူးဆိုက်ကြည့်နေမိသည်..။
.
“မေမေကြည်ရေ...”
“ဒုန်း...”
“ဟင်...အပေါ်မှာ ကိုကိုရောက်နေတာလား...”
“အိုး... လက်ဆောင်ရတဲ့ ဆံညှပ်ကလေး ပြရမယ်..”
ပုံ့ပုံ့ အိမ်ဘက်ကို ပြန်ပြေးခါ ဆံညှပ် အိတ်ကလေးယူပြီး ပြန်ပြေးလာခဲ့ရသည်..။
“ဟင်..ကိုကို....ဟာ....ကိုကို....သွေး....သွေးတွေ...”
ကိုကို့ လက်မှာ သွေးတွေ စီးကျပြီး ကိုကိုက မှောက်လျက်ကြီး ဖြစ်နေသည်..။
ပုံ့ပုံ့ ဆံညှပ် အိတ်ကလေးကို သွေးစီးချောင်းပေါ် ပစ်ချပြီး ကိုကို့ ကိုယ်ကြီး ကို လှုပ်နေမိသည်..။
“ကိုကို....ကိုကိုး...”
“အင်...”
“ကိုကို....ဟီး...ဘာဖြစ်တာလည်း..”
“ညီမလေး...”
“မငိုနဲ့...ရှုး..ဘယ်သူ့မှ မပြောနဲ့..”
“...ကိုကို...”
ကိုကို က ဖြူလျော့နေတဲ့ မျက်နှာနဲ့ ပြုံးပြတော့ ပုံ့ပုံ့ ကြောက်လွန်းလို့ အငိုတိတ်သွားရသည်..။
“ကိုကို ခဏ..”
“မသွားနဲ့...ဘယ်သူမှ မပြောနဲ့..”
“အဟင့်..ဟီး...”
“ကိုကို့ကို မချစ်ဘူးလား..”
ပုံ့ပုံ့ ငိုနေရင်း ခေါင်းကို သိမ့်ကနဲ့ ညိတ်ပြတော့ ကိုကို က ပြုံးရင်း အသံတိုးတိုးဖြင့်သာ လိမ်မာတယ်လို့ ပြောသည်..။
“ခဏလေးနော်...ပုံ့ပုံ့ ဆံညှပ်လေး ကိုကို့ကို ပြမလို့ သွားယူမယ်..”
ပုံ့ပုံ့ အောက်ထပ်ရောက်တော့ လက်တွေ ကတုန်ကယင်ဖြင့် ဖုန်းနံပါတ်တွေကို ကောက်နှိပ်လိုက်သည်..။
“ဟလို..”
“ကိုကြီး...ကိုကြီး..”
“ဟင်..ပုံ့ ...ညီမလေး..ဘာဖြစ်လို့လည်း..”
“ကိုကြီးရေ..ကိုကို သေတော့မယ်...သွေးတွေ အများကြီးပဲ...”
“ဟင်...ဘယ်မှာလည်း စိတ်ငြိမ်ငြိမ်ထားနော်...အခု ညီ ဘယ်မှာလည်း..ဘာလုပ်နေလည်း”
“အပေါ်ထပ်မှာ..ခေါ်လို့မရဘူး..”
“ကိုကို ခုပြန်လာမယ်...ဘယ်နားက သွေးထွက်တာလည်း..”
“လက်မှာ လက်ကနေစီးကျနေတာ...”
“ဟုတ်ပြီ..သွေးထွက်တဲ့ နေရာကို အ၀တ်တစ်ခုနဲ့ ပတ်ထား ညီမလေး လုပ်တက်တယ်မလား..”
“ဟုတ်...ဟီး...ကိုကြီး မြန်မြန်ပြန်လာနော်...”
“အင်း..လာနေပြီ...”
အောင်သွေး ကားထုတ်နေရင် ကြာမှာ စိုးလို့ သူငယ်ချင်းဆီက ကားသော့ တောင်းပြီး လမ်းမမှာ ရပ်ထားတဲ့ ကားကို မောင်းထွက်လာခဲ့ရသည်..။
အရှိန်မြင့် မောင်းရင်း ဖြစ်နိုင်တာတွေကို စဉ်းစားနေမိသည်..။
အိမ်တံခါး ဖွင့်ထားလို့ အပေါ်ထပ်ကိုသာ ပြေးတက်သွားရသည်..။
အခန်းထဲရောက်တာနဲ့ လူတစ်ယောက် ဆောင့်တွန်းတာ ခံလိုက်ရသလို အားတွေ လွင့်စင်သွားသည်..။
“ညီ...”
သွေးတွေနဲ့ လဲနေတဲ့ ညီ့ဘေးနားမှာ ပုံ့ပုံ့က အားကိုးတကြီး မော့ကြည့်သည်..။
“ဖယ်..ညီမလေး..ထ...အပြင်ထွက်..”
“ဟုတ်...”
ဂါ၀န်အဝါလေးမှာ သွေးတွေက မြင်မကောင်းအောင်း ဖြစ်နေတော့ အောင်သွေး ရင်ထဲ တထိတ်ထိတ်ဖြင့် အသံရှုနှုန်း စမ်းရသည်..။
နှလုံးခုန်နေတုန်းဆိုတာ သိရမှာ သက်ပြင်းတစ်ချက်ချနိုင်သည်..။
တက်သလို ပတ်ထားသည့် တီရှပ်အပိုင်းစ တစ်ခုကို ပြန်ဖြည်လိုက်တော့ ရင်ထဲစို့နစ်သွားရသည်..။
သွေးပေါင်ချိန် စစ်တော့ သွေးသွင်းစရာတော့ မလို..
လက်ကို ဆေးထည့်ပြီး ပတ်တီးအသစ်ပတ်ရင်း ဘယ်လိုကြောင့် ဒီလို မတွေးသင့်တာတွေ လုပ်မိလာလည်း သိချင်လာသည်..။
ဘေးက ဖန်ခွဲစတွေကို ကြည့်ပြီး သန့်ရှင်းရေးလုပ်ဖို့ သတိရသည်..။
ဆွဲစုတ်ထားတဲ့ စာအုပ်တွေ၊ ပြန့်ကျဲနေတဲ့ စာရွက်တွေကို ကောက်သိမ်းပြီး ခုံပေါ် တင်လိုက်သည်..။
“ပုံ့...ညီမလေး..”
“ရှင်..”
“လာအုံး...၀င်လာ..”
ပုံ့ပုံ့က ဂါ၀န်ကို လက်နဲ့ လိမ်ပြီး အနားကို တိုးလာတော့ အောင်သွေး ပြုံးရင်း ခေါင်းလေးကို ပွတ်လိုက်သည်..။
“ညီမလေး လာတော့ ကိုကို ဘာလုပ်နေလည်း..”
“အဲမှာ လဲကျနေတယ်..”
“ညီမလေးကို ဘာပြောသေးလည်း..”
“ဘယ်သူမှ မပြောရဘူးတဲ့...”
“ဟာကွာ....ဒီကောင်...”
ကိုကြီး က ဒေါသထွက်နေတော့ ပုံ့ပုံ့ မျက်လုံးပြူးဖြင့် ရပ်ကြည့်နေမိသည်..။
“တော်သေးတယ်...ညီမလေး လိမ်မာတယ်....ညီမလေးသာ ကိုကြီး ကို မပြောရင် ..အခုဆို တစ်ခုခုဖြစ် နေပြီ..”
“အခုကော ကိုကြီး..”
“ခဏနေ ကောင်းသွားလိမ့်မယ်..ညီမလေး ကိုကော ထိခိုက်မိသေးလား..”
“ဟင့်အင်း..”
“ဖန်ကွဲ စူးသေးလား..”
“ခြေထောက်မှာ စူးတယ်...ပုံ့ပုံ့ ဆွဲထုတ်လိုက်ပြီ..”
“ထိုင်ပါအုံး...ကိုကြီး ကြည့်စမ်းမယ်..”
ပုံ့ပုံ့ ခုံမှာ ထိုင်ပြီး အောက်မှာ အိပ်နေတဲ့ ကိုကို့ ကို ကြည့်ရင်း ငိုချင်လာသည်..။
ကိုကို ဘာတွေ ဖြစ်လို့လည်း..။
.
“အ..”
မာန်သွေး မျှော်လင့်ထားသလို မဟုတ်ပဲ နာကျင်မှုကို ခံစားလိုက်ရတော့ မျက်လုံးကို အသာဖွင့်ကြည့်မိသည်..။
ဘေးမှာ စူပုတ်ပုတ်နဲ့ ထိုင်နေတဲ့ ကိုကြီး ကို တွေ့တော့ အနည်းငယ် သဘောပေါက်လာသည်..။
ကုတင်ပေါ်မှာ မျက်ရည်စက်တွေ မခြောက်သေးပဲ မျက်လုံးပြူးနေတဲ့ ပုံ့ပုံ့ကို ခပ်သဲ့သဲ့ ပြုံးပြလိုက်သည်..။
ဒီကောင်မလေး....စကားနားမထောင်ဘူး....အဝေးဆုံး ကို ထွက်ပြေးချင်ခဲ့တာ
သူ့ကြောင့် ပြန်လာရပြီ မလား..။
“ဟေ့ကောင်..”
“ဗျာ..”
“မင်း ဘာရူးတာလည်း..”
“ချော်လဲတာပါ..”
မာန်သွေးရဲ့ အပြောကို ကိုကြီးက ဘာမှ ပြန်မပြောတော့ပဲ တွဲထူပေးသည်..။
“အီး.ဟီး...”
မာန်သွေး ခါးကို မမှီမကမ်းနဲ့
ဖက်ပြီး ငိုနေသည့် ပုံ့ပုံ့ ကို ကြည့်ခါ စိတ်မကောင်းဖြစ်ရသည်..။
“မငိုနဲ့တော့လေ...”
“ဟီး...ကိုကို မရှိရင် ပုံ့ ဘယ်သူနဲ့ နေရမှာလည်း..”
“ဟောဗျာ...”
“အခုကောင်းပြီလေ...ညီမလေးရဲ့..တိတ်...တိတ်...”
ကိုကြီး က ပုံ့ပုံ့ ခေါင်းလေးကို သပ်ပြီး ပြောတော့ မာန်သွေး ခေါင်းညိတ်ပြပြီး ကုတင်မှာ ထိုင်လိုက်ရသည်..။
“ကဲ..ညီမလေး....အ၀တ်အစား သွားလဲအုံး ပြီးရင် အဲဒီ့ ဂါ၀န် ပြန်ယူလာခဲ့ ဝိုင်း သိရင် စိတ်ပူနေမယ်..”
“ဟုတ်..”
ပုံ့ပုံ့ ထွက်သွားတာနဲ့ ကိုကြီး ရဲ့ အကြည့်ခပ်စူးစူးတွေက မာန်သွေး ဆီ တိုက်ရိုက် ကြလာသည်..။
“မင်း ဘာဖြစ်လို့လည်း ညီ..”
မာန်သွေး အဖြေအတွက် စကားရှာရင်း ကုတင်ခြေရင်းက သွေးပေနေတဲ့ဆံညှပ် ကလေးကို ကောက်ယူလိုက်သည်..။
“မင်း အခုလို လုပ်ရလောက်အောင် စိတ်ညစ်စရာက ဘာလည်း..”
“အကြောက်တရား...”
“ဟမ်..”
“ဟုတ်တယ်...ကျွန်တော့်ရဲ့ နာမည်ပြောင်လေ...သုံးစက် ဆိုတာ အခုတော့  တစ်ကျောင်းလုံး သိသွားပြီ..”
“သိကော ဘာဖြစ်လည်းကွာ ယောင်္ကျားလေးပဲကွ...”
ကိုကြီးရဲ့ စိတ်မရှည်ပဲ ဒေါသလေသံ ကဲနေတဲ့ စကားကို မာန်သွေး ရယ်မိသည်..။
“ယောင်္ကျားလေးမှာကော အရှက် မရှိရတော့ဘူးလား ကိုကြီး..စော်ကားခံရရင် နာကျင်ခွင့် မရှိဘူးလား...”
“ခံနိုင်ရည်ပိုိရှိရမယ်လို့ ပြောချင်တာပါကွာ...”
“ခံနိုင်ရည် ရှိလို့ ဒီအချိန်အထိ အသက်ရှင်လာပြီး ပြသာနာတွေကို ရှောင်ပြီးပြီ.....ကျောင်းတွေ နာမည်တွေ လူပုံစံတွေပါ ပြောင်းပစ်ခဲ့ပေမဲ့ ဘာမှ မထူးဘူး..”
“မင်း လက်ခံနိုင်အောင် ကြိုးစားရမယ်လေ...ဘယ်သူ ဘာပြောပြော မင်း ခံနိုင်ရင် ပြီးတာပဲ ညီရယ်..”
“ကျွန်တော့် သတ္တိတွေ အားလုံး အသက် ခုနှစ်နှစ် ကတည်းက ရယ်သံတွေအောက်မှာ မြုပ်နှံ ပစ်လိုက်ပြီ...ကိုကြီး မသိဘူး... ကျွန်တော့် စိတ်ကို ကျွန်တေ်ာ မနိုင်ဘူး..လူတွေရဲ့ ရယ်သံ လှောင်သံတွေက အနားမှာ ကပ်ပြီး လာ ပြောနေသလိုပဲ...ကျွန်တော် မခံစားနိုင်ဘူး...အရူးလိုတော့ မဖြစ်ချင်ဘူး...ကျွန်တော် သေမှ ပြီးသွားမှာပါ”
“တိတ်စမ်း..ညီ...ရှောင်ပြေးတဲ့ နည်းလမ်းကို ခုခေတ်မှာ မိန်းကလေးတောင် မသုံးဘူး...မင်းက ယောင်္ကျားတစ်ယောက်...ဘာလို့ ဒီ အလုပ်ကို လုပ်တာလည်း ကိုကြီး စဉ်းစားလို့ကို မရဘူး...”
မာန်သွေး ခြောက်ကပ်ကပ် ရယ်ပြီး လက်ကောက်၀တ်က ပတ်တီးဖြူဖြူကို ကိုင်ကြည့်မိသည်..။
“ကိုကြီးကတော့ ဆရာ၀န်ဖြစ်ပြီလေ...ဖေဖေ က ဒီတိုင်း ထားမယ်ထင်လား...ကျွန်တော် ခုနှစ်နှစ် အရွယ်တုန်းက ကျောင်းပြေးလို့ ရိုက်တဲ့ အဖေ က အခုကော ဘာလို့ ကျောင်းမတက်လည်း သားလို့ ညင်ညင်သာသာ မေးမယ်ထင်လား...မေမေ ကကော သားလေးကို မေးပါအုံးလို့ ၀င်ကူပြောပေးမယ်ထင်လား...မဟုတ်ဘူး...ကျောင်းတက်ဖို့ ပြောမယ်...မတက်ရင် တစ်ခုခု စီစဉ်မယ်...အကြပ်ကိုင်မယ်...ကျွန်တော့်ရဲ့ ရှင်သန်မှုက ဘာလည်း ...လူတိုင်းရဲ့ အဓမ္မ အနိုင်ကျင့်တာကိုပဲ ခံရဖို့လား ကိုကြီး...ဟင်..”
ကိုကြီး လည်း ကုတင်မှာ ၀င်ထိုင်လိုက်တော့ မွေ့.ယာက သိမ့်ကနဲ့ ဖြစ်သွားပြီးမှ ငြိမ်ကျသွားသည်..။
ညီအစ်ကို နှစ်ယောက် ကျောပေးလျက်သား အတန်ကြာအောင်ထိုင်မိပေမဲ့ နှစ်ယောက်စလုံး ရှင်သန်ရေးအတွက် နည်းဗျူဟာ စဉ်းစားနေတာ ဖြစ်ပါလိမ့်မည်..။
“ငါ ဟော့စ် ဆင်းရတော့မယ်...မင်းလည်း လိုက်ခဲ့လိုက်..”
“ရန်ကုန်မှာပဲဆို..”
“ဟုတ်တယ်...ဒါပေမဲ့...ငါ ပြောင်းမယ်..အထက်ပိုင်းလောက်ကို သွားရမယ်...မင်းလည်း လိုက်ခဲ့..ညီ...မင်းကို ဒီမှာ ကိုကြီး လုံး၀ စိတ်မချတော့ဘူး...ဖေဖေ့ ကိုလည်း ကိုကြီး  ကြည့်ပြောမယ်...အဝေးသင်တက်ချင်ရင် ကျောင်းပြောင်းဖို့ပါ စီစဉ်လိုက်မယ်..”
“ကျောင်းတွေကို ကျွန်တော် စိတ်နာတယ်...”
“မင်းကွာ...”
ကိုကြီး ရဲ့ မချိတင်ကဲ ရေရွတ်လိုက်သံကြောင့် မာန်သွေး လည်း ကိုယ့်ကိုယ်ကို စိတ်မရှည် ဖြစ်မိသည်..။

━━━━━━━☆☆━━━━━━━
ရောက်ချင်ရာကိုရောက်နေတော့တာပဲ စပိုက်ကာ ရေ ဟူး 😫😅

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...
စာဖတ်သူတွေကို အားနာတယ်..🙏
စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now