Part 2

6.6K 228 3
                                    

ပိုင်ရှင်
အပိုင်း (၂ )
#ပိုင်ရှင်

“ဒါဖြင့် မင်း ဘယ်လို စဉ်းစားထားလည်း..”
“ကွန်ပျူတာတော့ စိတ်၀င်စားတယ်..”
ညီ ဖြစ်သူရဲ့ အဖြေကြောင့် အောင်သွေး ရင်ထဲ ထိတ်ကနဲ့ ဖြစ်သွားရသည်..။
“မင်းကလည်း ဆေးပဲ တက်ကွာ...မင်း ပြောတော့ စာကျက်ရတာ ပျော်တယ်...ကိုယ့် ဦးနှောက်ကို စိန်ခေါ်ရတာ ပျော်တယ်ဆို..”
“ဟုတ်တယ်...ဒါပေမဲ့ စိတ်မ၀င်စားတဲ့ ဘာသာရပ်ကို လေ့လာတာ နှစ်ဖက်စလုံး ဒုက္ခရောက်တယ်...ကျွန်တော်လည်း ဦးနှောက်ခြောက်သလို ဆေးပညာ စာအုပ်တွေလည်း သိက္ခာ ကျမယ်...”
“ဟင်း..မသိတော့ဘူး ညီရာ...မင်းကို ငါ ပြောရင် စကားကို သိပ်ကပ်ပြောနေတယ်..”
“ကိုကြီး လည်း ဖိုင်နယ် ရောက်နေပြီပဲ...ပြီးတော့ အကို အားကိုး နဲ့ ကျောင်းတက်ရမှာ မကြိုက်ပါဘူး...”
“မင်းသဘောပဲလေ...ဖေဖေ့ ကိုတော့ ပြောကြည့်..”
“ဟုတ်...”
အောင်သွေး ညီဖြစ်သူရဲ့ အခန်းက မထွက်ခင် သူ့ ပြတင်းပေါက်မှာ ရပ်လိုက်သည်..။
ဟိုဘက်ခြံထဲမှာ မိန်းမစီး Pheasant စက်ဘီး  အနီရောင် ကလေးကို ရေဆေးနေတဲ့ ဝိုင်း ကို ငေးကြည့်နေမိသည်..။
မာန်သွေး ပြန်မလာခင် တုန်းကဆို အောင်သွေး အခန်းပြောင်းပြီး ဒီဘက် အခန်းမှာပဲနေဖြစ်သည်..။
ဟိုဘက် တိုက်က မိန်းကလေး အဆောင်ပုံစံ ဖြစ်နေလို့ မြင်ကွင်းက ပိုရင်ခုန်စရာ ကောင်းပေမဲ့ ဒီဘက် အခန်း မြင်ကွင်းကိုပဲ နှစ်သက်သည်.။
“ညီ မင်း မပြန်ဖြစ်တော့ဘူးဆို အခန်း ပြောင်းကြမလား..”
“ဟင်..”
“ဟိုဘက်ခြံ က ကောင်မလေးတွေ သိပ်ဆူတယ်ကွာ...”
“ပြောင်းလေ...ကိုကြီးလည်း အိမ်မှာ သိပ်နေရတော့မှာ မဟုတ်ပါဘူး..”
“မင်းစကားကြီးကလည်းကွာ..”
“သြော်...ဟော့စ် ဆင်းရတော့မယ် ပြောတာပါဗျာ...”
“အိုကေ...ဒါဆို ကိုကြီး ညနေ အ၀တ်အစားယူပြီး လာခဲ့လိုက်မယ်...”
“အိုး...ဝေးတယ်ဆိုတော့...”
“မြင်ကွင်းကောင်းလေးတွေ မင်းကိုမျှထားတာ ညီအစ်ကိုချင်းမို့လို့နော်...”
“ဟား..ဟား...ကျေးဇူးပါဗျာ...”
အောင်သွေး ရယ်ရင်း ကိုယ့် အခန်းဘက်ကို ပြန်လာခဲ့လိုက်သည်..။
ဟိုဘက်တိုက်က ကောင်မလေးတွေ ကြက်တောင်ရိုက်နေတာကို နာရီ၀က်လောက် ရပ်ကြည့်နေပြီးမှ ရေချိုးဖို့ သတိ၀င်တော့သည်.။
“အား....ပုံ့ပုံ့ မလုပ်စမ်းနဲ့..”
“ဟဲ့....ငါ ရိုက်မှာနော်..”
“မကြောက်ပေါင်....စိန်တလိမ်လိမ်...ဒူ..ဒူ...ချက်....ဒူ..ဒူ...”
အခန်းထဲ ၀င်လာတဲ့ စီညံညံ အသံတွေကြောင့် မာန်သွေး ထိုင်နေရာမှ ရပ်ကြည့်လိုက်သည်..။
၀ိုင်းက စက်ဘီးရေဆေးနေတာကို ပုံ့ပုံ့က ရေခပ်ပေးနေရင်း ရေဖြို လောင်းလိုက်တော့ သူ့အစ်မ ဒေါသအိုးကွဲက ကဆုန်ပေါက်နေရှာပြီ...။
ပုံ့ပုံ့ ကတော့ ကတာ ကွေးလို့....ကလိုက်....သူ့ အစ်မကို လျှာထုတ်ပြပြီး ပြေးလိုက်ဖြင့် ကစားဖော် ရနေသည်..။
“ဟေ့...ကလေးကို အနိုင်မကျင့်နဲ့နော်...”
“ဟင်..”
“ဟေး...ကိုကို...ရေချိုးမလား...လာပါလား..”
“ဟဲ့...”
ပုံ့ပုံ့ က လက်တွေ ဝေ့ယမ်းပြီး အော်ခေါ်တော့ ဝိုင်း ဟန့်လိုက်ရသည်..။
“နင် အောင်လား..”
“အေး...”
“နင် မအောင်ရင် တော့ နင့်ကို ရွာပြန်ပို့ဖို့ ဦးလေးကျော်ကို ပြောမလို့သိလား..”
“ခွေးလေး..”
၀ိုင်းဝိုင်းက ခြေဆောင့်ပြီး အိမ်ဘက်လျှောက်သွားတော့ ပုံ့ပုံ့ က လက်တွေဝေ့ယမ်းပြပြီး သူ့အစ်မနောက်ကို ပြေးလိုက်သွားသည်..။
“အဟင့်..ဟီး...”
“ဟာ..မမ ကလည်း...ဘာလို့ငိုတာလည်း...ကိုကိုက စလိုက်တာပါ..”
“ငါမုန်းတယ်....သူက စာတော်လို့ ဖေဖေ က အမြဲတမ်း ယှဉ်ဆူနေတာပဲ...ငါ့ကိုဆို အမြဲနှိမ် တယ်..”
“မမ ကလည်း ကိုကို့ လောက်မှ မတော်တာ..”
“ဒေါက်..”
“အား..”
ပုံ့ပုံ့ အမှန် အတိုင်းပြောလိုက်ပေမဲ့ မမ ရဲ့ လက်ဆစ်က ပုံ့ပုံ့ ခေါင်းပေါ် ကျလာတော့ လက်ဝါးဖြင့် ဖိပွတ်ပြီး ငိုချင်လာသည်..။
“သွား ရေချိုးပြီး စာကြည့်နှင်...ငါ ထမင်းပွဲပြင်ရမယ်..”
“အင့်..”
ပုံ့ပုံ နှုတ်ခမ်းစူ ပြီး ရေချိုးဖို့ ပြင်ရင်း ကိုကို့ ပြတင်းပေါက်ကို မော့ကြည့်လိုက်တော့ ပိတ်ထားလိုက်ပြီ...။
“ညီမလေး ထမင်းစားရအောင် ဖေဖေ နောက်ကျမယ် ထင်တယ်..”
“မှောင်တောင်နေပြီ..”
“အေးလေ..”
“သမီးရေ....ဝိုင်းဝိုင်း...”
“ဟင်..မေမေကြည် ..”
၀ိုင်း ထမင်းစားပွဲကို အုပ်ခြင်းပိတ်နေချိန် ပုံ့ပုံ့က ထပြေးထွက်သွားပြီ..။
“သမီးတို့ ဘာလုပ်နေတာလည်း..”
“ထမင်းစားဖို့ လုပ်နေတာ မေမေကြည်...”
“ဟုတ်လား...အိမ်မှာပဲလာစားလိုက်...ဖေဖေကြီး နဲ့ သမီးတို့ဖေဖေ က ဒီနေ့ နောက်ကျမယ်လို့ ဖုန်း၀င်တယ်....”
“ရပါတယ်...မေမေကြည် သမီးတို့ ထမင်းစားပြီးမှပဲ လာပါ့မယ်..”
“အိုး...ဝိုင်းရယ်...မေမေကြည့် စကားကိုတောင် နားမထောင်တော့ဘူးလား...”
ဒေါ်ကြည်မာ မျက်နှာထားပြင်ပြီး ပြောလိုက်တော့မှ ဝိုင်းဝိုင်းက ခေါင်းလေး အသာငုံ့ပြီး မီးဖိုချောင် တံခါးတွေ လိုက်ပိတ်သည်..။
“မေမေကြည်....မှို ကန်စွန်းကြိုက်လားဟင်...ဒီနေ့ မမ က ငါးဆုပ်ဟင်း ချက်တယ်..”
“ဟင်..-ဝိုင်းချက်တယ်..”
“ဟုတ်ကဲ့..ဖေဖေ မအားလို့ စမ်းချက်ထားကြည့်တာပါ..”
“အိုး စာရချည်ရဲ့...ထည့်သွားမယ်...တူတူ စားကြတာပေါ့...”
မေမေကြည်က ပုံ့ပုံ့ ထမင်းချိုင့်ကို ကောက်ယူပြီး ဟင်းတွေ ခပ်ထည့်တော့ ဝိုင်း ရင်ခုန်နေမိသည်..။
ကိုကြီး တို့ မာန်သွေးတို့က ကောင်းကောင်းလှောင်ကြမှာ ကြိုသိနေပါပြီ..။
မေမေ မရှိကတည်းက ဝိုင်းမှာ ရှစ်တန်း အရွယ်ဖြင့် အိမ်မှု ကိစ္စ တစ်ချို့တစ်၀က် ကို ကူညီပေးရသည်..။
ညီမလေး ကျောင်းသွားဖို့ အတွက် ပြင်ဆင် ...အိမ်လိုအပ်တာတွေကို အဆင်မပြေလည်း နိုင်သလောက် ၀င်လုပ်ပေးမိသည်..။
ဒါပေမဲ့ ဖေဖေကတော့ စိတ်တိုင်းမကျတာသာ များနေပြီ...ဝိုင်းလုပ်ရင် ဘာမှ အဆင်မပြေဘူး ဆိုတာချည်း တွင်တွင် ပြောပြီး သူ့ချည်း အားလုံး သိမ်းကျုံး လုပ်တော့သည်..။
“သမီး ပြတင်းပေါက်တွေ စစ်လိုက်အုံး..”
“ဟုတ်...”
“ပုံ့လေးက လွယ်အိတ်ပါယူလာလေ..စားသောက်ပြီး စာကျက်နေပေါ့..”
“ဟုတ်..”
ပုံ့ပုံ့က မေမေကြည့်စကားကို ခေါင်းညိတ်ပြီး စားပွဲအောက်က သှူုလွယ်အိတ်ကို ပြေးယူလွယ်လိုက်သည်..။
.
“ကဲ...သားနှစ်ယောက် ထမင်းစားမယ်လေ..”
“ပုံ့သွားခေါ်လိုက်မယ်..”
ပုံ့ပုံ့က လွယ်အိတ်ကို ဘုတ်ကနဲ့ ပစ်ချပြီး လှေကားတွေကို တဒုန်းဒုန်းပြေးတက်သွားတော့ ဝိုင်းအာနာ ရသည်..။
“မေမေကြည် သမီး ထမင်းပြင်ပေးရမလား..”
“အိုး လိမ်မာလိုက်တာ...မေမေတော့ ဒီနေ့မှ နားရတော့မယ်....သားတွေ မွေးထားတာ ကိုယ်ကချည်း လိုက်လုပ်ပေးနေရတယ်လေ...”
၀ိုင်း ခေါင်းကို အသာညိတ်ပြီး ထမင်းပန်းကန်တွေကို ရေဆေးခါ နေရာချပေးလိုက်သည်..။
ဟင်း ပန်းကန်တွေ အတွက် ပြင်ဆင်နေချိန် အပေါ်ထပ်မှာ ပုံ့ပုံ့ တစ်ယောက် တဒုန်းဒုန်းထုပြီး မွှေနေပြီ..။
“ကိုကို....တံခါးဖွင့်..ထမင်းစားမယ်...”
“ကိုကြီး ထမင်းစားဖို့လေ...”
“ဒုန်း..ဒုန်း...”
“လာပါပြီ ဗျာ..”
ကိုကြီးက သူ့ အခန်းတံခါးကို ဖွင့်ခါ ပုံ့ပုံ့ ခေါင်းက ဆံပင်တွေကို ထိုးဖွ ပစ်လိုက်လို့ လက်နဲ့သေချာ ပြန်သပ်နေရသည်..။
“ဘယ်မလည်း ညည်း ကိုကို..”
“ခေါ်လို့မရဘူး..”
“ရအောင်ခေါ် အိပ်နေပြန်ပြီ ထင်တယ်..”
“ဒုန်း..ဒုန်း..”
“ပုံ့ပုံ့ ကွာ..တံခါးကျိုးတော့မယ်...”
“ကိုကို လာလေ...”
“ဟ..ကိုကို အ၀တ်လဲနေလို့ နောက်မှ ဆင်းလာမယ်..သွားနှင်..”
“မေမေကြည်က ကိုကို့လည်း ခေါ်ရမယ်တဲ့...ဒုန်း..ဒုန်း..”
“အိုး..အေး..လာပြီ...လာပြီ...”
တံခါးကို ဆွဲဖွင့်လိုက်တဲ့ ကိုကိုက အကျီ င်္ ကြယ်သီး မတပ်ရသေးပဲ ခေါင်းပေါ်မှာလည်း ရေသုတ်၀တ်ကြီး တင်ထားသည်..။
“ဟီး..ဟီး...”
“ရယ်နေ..စိတ်ချမ်းသာတယ်ပေါ့လေ...”
ခေါင်းကို ဖိချပြီး မေးလိုက်တော့ ရယ်ကြဲကြဲနဲ့ ခေါင်းညိတ်ပြသည်..။
မာန်သွေး လှေကားတွေကို ဆင်းလာခဲ့လိုက်တော့ ထမင်းစားပွဲနားမှာ ဝိုင်းလည်း ရောက်နေပြီ..။
“ညီ..”
“ဟင်..”
ကိုကိုရဲ့ ခေါ်သံတိုးတိုးကြောင့် အနားကပ်သွားမိသည်..။
“မင်း ကွန်ပျူတာ တက်မယ်ဆိုတာ ဝိုင်းကို မပြောမိစေနဲ့နော်...သူ အမှတ်မမှီလို့ စိတ်မကောင်းဖြစ်နေတာ..”
“သြော်..အမ်း..”
“ကဲ...ကြွလာပါပြီ...အခေါ်လွတ်တာတောင်မှ တစ်နာရီကြာတယ်...”
“မေမေ့ အခေါ်လွတ်ကလေးက ဘယ်လောက်သောင်းကျန်းနေလည်း မေမေ မကြားဘူးလားဗျာ...”
“ဟား..ဟား...ကြားပါ့တော်...”
“သမီး ဝိုင်းလည်း ထိုင်လေ..”
“ဟုတ်..”
ထမင်းစားပွဲ ခြောက်ခုံမှာ လူပြည့်သွားသလို ဖြစ်နေတော့ အောင်သွေး ပြုံးမိသည်..။
ဒီနေ့မှ ထူးထူးဆန်းဆန်း ဝိုင်းလည်း လိုက်လာသည်လေ..။
“ငါးဆုပ်ပဲ..”
ရှေ့ပန်းကန်ထဲက ငါးဆုပ်ဟင်းကို ခပ်ထည့်ပြီး နယ်ဖက်ခါ တစ်လုပ်စားကြည့်လိုက်တော့ အဆင်မပြေ..။
“မေမေ ငါးဆုပ်ဟင်းက ဘယ်အိမ်ကလာပေးတာလည်း...အိုး စားရတာ ကြက်သွန်က အဖက်လိုက် အရေကြည် နဲ့ ဆားကလည်း ပေါ့ရွှတ်နေတာပဲ...ဟင်းချက်တဲ့သူက တော်တော် မနိုင်နင်းတဲ့သူပဲ ဖြစ်ရမယ်..”
“အိုး..ဒီလောက်မဟုတ်ပါဘူး...သားကလည်း ပိုတယ်..”
“ဟီး..ဟီး..အဲဒါ မမ ချက်တာလေ...”
ပုံ့ပုံ့ စကားကြောင့် အောင်သွေး မျက်လုံးပြူးဖြင့် ဝိုင်းဘက်ကို ကြည့်လိုက်တော့ မျက်ရည်ဝေ့ပေမဲ့ ဟန်ဆောင်ပြုံးနေရှာသည်..။
အောင်သွေး စိတ်မကောင်းဖြစ်ခါ ဘာတွေ ဘယ်လို ထပ်ပြောရမလည်း မသိတော့ပါ..။
များများပြော များများ မှားတော့မှ တစ်ဒုက္ခ ထပ်တိုးလာမည် စိုးသောကြောင့် ထမင်းသာ ငုံ့စားနေလိုက်သည်..။
“ကန်စွန်းရွက်ကတော့ မေမေ့ လက်ရာဖြစ်မယ်...ကျွန်တော် တော်တော်ကြိုက်တယ်...အကုန်ထည့်စားလိုက်မယ်နော်...ဖေဖေ့ အတွက် မချန်လို့ဖြစ်လား..”
၀ိုင်း ပြောမလို့ ပြင်နေချိန် မာန်သွေးက ပန်းကန်ထဲက ကန်စွန်းရွက်ကြော် အကုန်မှောက်ထည့်လိုက်ပြီ..။
ထမင်းနဲ့ ဟင်း နယ်ပြီး စားနေတာ ဘယ်လိုနေသလည်း မသိ...။
၀ိုင်းမှာတော့ သူ့ မျက်နှာ လိုက်ကြည့်ရင်း လျှာတောင် တိုချင်လာရသည်..။
“မငန်ဘူးလား..မာန်သွေး..”
“ဟအေး...ငါ့အမေချက်ရင် ဘယ်တုန်းက ငန်လို့လည်း ပေါ့ရွှတ်နေတာလေ..”
“အဲဒါ...အဲဒါ...ငါကြော်ထားတာ...ဆားနှစ်ခါတောင် ထည့်လိုက်မိလို့ ငန်နေတယ်...”
“ငါ့ ပါးစပ်မှာတော့ မငန်ဘူး...ဘွားလေး လက်ရာ စားနေကျလို့ဖြစ်မယ်...ငါပြောချင်တာ..နင်လည်း ဘွားလေး ဖြစ်နေပြီလို့..”
“အိုး အကောင်းမှတ်လို့...”
“ဟား..ဟား...”
မာန်သွေး ရယ်ရင်းဖြင့် မသိမသာ ရေခွက်ယူခါ မျှောချလိုက်ရသည်..။
ငန်လွန်းလို့ အညာငါးခြောက်တောင် အဖေခေါ်လောက်ပါရဲ့...ဝိုင်းဝိုင်းရယ်...။
“သားကြီင်္းကို ဒေါ်မြနွယ် မေးနေသေးတယ်..”
“အိုး...ဒီမိန်းမကြီးကလည်း ကိုကြီးနဲ့ သူ့ သမီးကို သိပ်သဘောတူနေတာနော် မေမေ သတိထားအုံး..”
“ဟဲ့ ငါနဲ့ ဘာဆိုင်လို့ သတိထား၇မှာလည်း...နင့် ကိုကြီး သတိထားရမှာ..”
“ကိုကြီးက ဒေါ်မြနွယ် သမီးကို သဘောကျလို့လား..”
“ဟာကွာ...ဆယ်တန်းတောင် မအောင် အရည်အချင်းကလည်း မရှိ အိမ်မှုကိစ္စလည်း မနိုင်နင်း ရုပ်ကလည်း ရွက်ကြမ်းရေကျို အိုး ငါက ဘာကိုမက်မောပြီး သဘောကျရမှာလည်းကွာ....မင်း ကိုကြီး ဒေါက်တာ ဖြစ်ရင် ဒေါက်တာ ကတော် အဖြစ်လိုက်ဖက်မဲ့ သူမျိုး ရှာပေးစမ်းပါ ငါ့ညီရာ...”
“ဟီး..ဟီး...မမ နဲ့ မေနွယ်နဲ့က တူတူပဲသိလား ကိုကြီး သူလည်း ဒီနှစ်မှ ဆယ်တန်းအောင်တာလေ...”
“အဲ...”
အောင်သွေး ထမင်းလုပ် ကိုင်လက်စကို ဘာတွေ ပြောလို့ ပြောရမှန်း မသိဖြစ်ရပြန်ပြီ...။
၀ိုင်းဝိုင်းက စကားတစ်ခုကို ကြားတိုင်း သူ့ကို ပြောတာလားလို့ ရှာကြံတွေးပြီး အားငယ်တက်တာ သိတော့ ပိုဆိုးသည်..။
“အဟမ်း...မတူပါဘူး ပုံ့ ရဲ့...ဝိုင်းက လှတယ်လေ...”
“အဲဒါတော့ ဟုတ်တယ်...ရုပ်ကလေး သာသွားတာပါ...”
“ဟေ့ကောင်..”
ကိုကြီး က ၀င်ဟန့်ပြီး တားတော့ ဝိုင်း စိတ်ထဲ ပိုမကောင်းဖြစ်ရသည်..။
အပြုံး တုနဲ့ အတူ ထမင်းလုပ်တွေကို ပါးစပ်ထဲ အမြန်ထည့်နေပေမဲ့ အရသာ ဘာမှန်းတောင် မသိတော့ပါ..။
“ဝိုင်းကော..ဘယ်မေဂျာ ယူမလည်း..”
“အဟမ်း..”
၀ိုင်း စကားတွေ စဉ်းစားရင်း ရေခွက်ကို ယူခါ မျောချလိုက်ရသည်..။
“ဟို..ဖေဖေ့ ကို မပြောရသေးလို့ ကိုကြီး..”
“သြော်...အင်း..သေချာရွေးပေါ့..ခုခေတ်က သင်တန်းတွေလည်း တက်လို့ရနေပြီလေ..”
“ဟုတ်ကဲ့...”
“ကိုကို နဲ့ ကိုကြီး ပြီးရင် စာသင်ပေးအုံးနော်..”
“ဟား..ဟား...ဟုတ်ပြီ..”
ပုံ့ပုံ့ စကားကြောင့် စကားဝိုင်း ဦးတည်မှု ပြောင်းသွားတာ အောင်သွေး စိတ်ထဲ ကျိတ်လို့ ၀မ်းသာမိသည်..။
“မေမေကြည် ထားပါ ဝိုင်း သိမ်းလိုက်ပါမယ်...ထိုင်နေပါ..”
“ဟူး...ကောင်းလိုက်တာ..”
မေမေကြည်က ပက်လက် ကုလားထိုင်ပေါ် ခေါင်းမှီထိုင်ရင်း ပြုံးနေတော့ ဝိုင်းလည်း ကူပေးရပေမဲ့ ပျော်မိသည်..။
“ကိုကို ပဲ ပြတော့ ကိုကြီး ပြတာတွေက ဘာတွေမှန်း မသိဘူး မြန်မာလို ပြောပါကိုကြီးရဲ့ မိုင်းနပ်စ် တို့ ဒဗေရှင်း တို့ ပုံ့က  သိပ်မသိဘူး..”
“ဟုတ်ပြီ ခင်ဗျား ကိုကို ကိုပဲ ပြခိုင်းလိုက်တော့ ကျွန်တော်မျိုးလည်း အောက်ဆင်းနေပါ့မယ်..”
ကိုကြီးက ငေါ့ပြောပြီး ဆင်းသွားတော့ မာန်သွေး ရယ်ရင်း နဲ့ ပုံ့ပုံ့ ခေါင်းက ဆံပင်တွေကို ထိုးဖွလိုက်သည်..။
“ကျောင်းမှာ စာလိုက်နိုင်လား ညီမလေး..”
“စာကိုမလိုက်ပါဘူး..စာက ပုံ့ပုံ့ နောက်ကို လိုက်လိမ့်မယ်..”
“ဟား..ဟား..ကောင်းပါတယ်..့..”
“လက်ရေးကို ဝိုင်းဝိုင်းလေး ရေးလေး ညီမလေးရဲ့..”
“ဝိုင်းဝိုင်းလေး က အောက်ထပ်မှာလေ..”
“ဟာ...ဒီကောင်မလေး..”
“ဟီး...ပုံ့ပုံ့ က ပျော်လို့ပါ ကိုကို နဲ့ စာလုပ်ရရင် ပျော်တယ်...ကိုကိုပြပေးတဲ့ နေ့ဆို ကျောင်းမှာ အဆင်ပြေတယ်လေ..”
“လူလည်မလေး..”
ပုံ့ပုံ့ ကို စာရေးခိုင်းထားချိန် မာန်သွေး ပြတင်းပေါက် မှာ ရပ်ရင်း
ဟိုဘက်ခြံထဲ ကောင်မလေးတွေ ကို ကြည့်နေမိသည်..။
ခြံထဲမှာ ခုံတွေချပြီး တစ်ခုခု လုပ်စားနေကြပုံပါပဲ..။
"ဟ...”
ပြတင်းပေါက် မှာ ရပ်နေတုန်း မီးကပျက်သွားတော့ အလင်းရောင်နည်းနည်းဖြင့် ပြန်စမ်းလျှောက်လာခဲ့ရသည်။
"ကိုကိုရေ...ကိုကို...”
ပုံ့က ငိုသံပါလေးနဲ့ အော်ခေါ်တော့ မှန်းလျှောက်ပေမဲ့ ခပ်မြန်မြန်ရှေ့တိုးနေရသည်။
"ကိုကို ဒီမှာ ညီမလေး”
"ဟီး...”
"အဲ...ဟ...ပုဆိုးမဆွဲနဲ့လေ...ကိုကို ရောက်ပြီ..ဒီမှာ”
ပုံ့က ငိုသံတိတ်သွားပေမဲ့ လက်ထဲက ပုဆိုးစကို မလွှတ်သေးတော့ မာန်သွေး ခပ်သွက်သွက်ထိုင်ချလိုက်ရသည်။
"ဒီမှာလေ.. ကိုကို..”
မျက်နှာကို လက်နဲ့စမ်းတော့မှ အင်္ကျီ နဲ့ ပုဆိုးကို လွှတ်ပြီး ရင်ဘတ်ထဲ ခေါင်းတိုးဝင်လာသည်။
"ရေး...”
"အ...”
မီးလည်းပြန်လာရော ပုံ့ပုံ့ တို့ အပျော်လွန်ပြီး ထခုန်တာ မာန်သွေး မေးစေ့ ဒုတ်ကနဲ့ မြည်သွားရသည်။
"ဟိ..နာသွားလား ကိုကို...”
"ဟူး...နာတာပေါ့...”
"ဥုံဖွ..”
မေးစေ့ကို လက်တင်ပြောပြီး စားပွဲခုံဆီ ပြန်ပြေးသွားတော့ မာန်သွေးလည်း စာရေးခုံ ဘေးမှာ ထိုင်စောင့်နေရသည်။
“ဟာ...ဒါကိုကြီးလား ကိုကို..”
ပုံ့ပုံ့ လက်ထဲက ဓာတ်ပုံ ကို ယူကြည့်ပြီး ခေါင်းညိတ်ပြလိုက်ရသည်..။
သူငယ်ချင်း ဆရာ၀န်မလေး တွေလည်း ပါသည်..။
ဒီလို ချောချောကောင်မလေးတွေကို နေ့တိုင်းတွေ့နေရတော့ ကိုကြီး မျက်လုံးတွေ အကျင့်ပျက် ကုန်မှာတောင် စိုးရသည်..။

ပိုင်ရှင်Where stories live. Discover now