part1

22.8K 623 9
                                    

Unicode& Zawgyi

(Unicode)

တည့်မတ်ကာ အမှီအခို မဲ့နေသည့် ကျောပြင်က စိမ်းမြမြ မြက်ခင်းထက်မှာ ပြိုလဲရန် ခက်ခဲလှသည့် သစ်ပင်ပမာ ဖြောင့်မတ်လို့နေသည်။

လက်ထဲ၌ ကြွေလင့်လာသည့် သစ်ရွက်ငယ်လေးကို ကောက်ယူကိုင်ထားပြီး
ခံစားချက်တို့ ရောထွေးယှက်သွယ်နေသည့် မျက်ဝန်းတစ်စုံကမူ အဝေးတစ်နေရာသို့ ငေးမောကာ ကြည့်နေသည်။

နထင်စပ်၌ ကျလို့နေသည့် ရွှေဝါရောင် ဆံစတို့က လေနှင်ရာသို့ လူးလွင့်နေသည်။

နှုတ်ခမ်းထက်၌ အပြုံးလေး တည်လာရင်း အတွေးတို့က အရာအားလုံး မစတင်မီ လွန်ခဲ့သော ၃နှစ်တာ အချိန်ကာလလေးဆီသို့ ဝေ့ဝဲရောက်ရှိသွားခဲ့သည်။

နာရီလက်တံတို့က ပြောင်းပြန်လည်ပတ်လာသလို ရေအလျင်တို့ကလည်း စီးဆင်းရာ ဦးတည်ဘက် ပြောင်းကုန်ကြ၏။

အချိန်ကာလသည်ကား လွန်ခဲ့သော ၃နှစ်။

အရာအားလုံးသည်ကား လှပနေသေး၏။

ကျွန်တော့် နာမည် ဝမ်ရိပေါ်။
ကျွန်တော့် ဘဝ မှာ အရေးအကြီးဆုံးသူ
နှစ်ယောက် ပဲ ရှိတယ်။
အဲ့ဒီသူ နှစ်ယောက် က ကျွန်တော့်အဖေနဲ့သူ။ သူဆိုတာက ကျွန်တော့်နှလုံးသားတစ်ခုလုံးကို အပိုင်စိုးထားတဲ့...."သူ"....။

မနက်ခင်း၏ ကြည်လင်လှသော အလင်းရောင်နဲ့အတူ တစ်စုံတစ်ယောက်မှာတော့ ပျာယာခတ်လို့နေသည်။

"ပါးပါး....ကျွန်တော် သွားတော့ မယ်...."

ဝမ်ရိပေါ် မှာ လွယ်အိတ်ကို အမြန်ကောက်ယူလွယ်လိုက်သည်။

"မနက်စာ စားသွားဦးလေ...."

ဝမ်ရှီမှာ ပြောသာ ပြောလိုက်ရသည်။ သူ၏ သားမှာ တံခါးဝသို့ပင် ရောက်လို့နေပြီ။

ဝမ်ရိပေါ် သည်ကား ငယ်စဥ်ကတည်းက မိခင်မရှိတော့သည်ဖြစ်ရာ ဝမ်ရှီက သူ၏ သားငယ်လေးကို အလွန် ဂရုစိုက်ကာ
အချစ်ပိုသည်။ သူတို့တွင် မိသားစုဆိုလို့ အဖေနဲ့ သား နှစ်ယောက်သာ ရှိသည်ပင်။

"မစားတော့ဘူး ပါးပါး...."

"ဘာလဲ....သား ကိုကို ရောက်နေပြီ မလား ဒါကြောင့် သူ စောင့်နေရမှာစိုးလို့ မစားတာမလား...."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now