Extra 2

3.3K 178 7
                                    

Unicode&Zawgyi

(Unicode)

အသူရာ နေမင်း၏ဖျော့တော့သည့်ရောင်ခြည်ဦးက
မြေကမ္ဘာပေါ်သို့ စတင်ပက်ဖြန်းနေလေပြီ။

သို့သော် ဝမ်ရိပေါ် ကတော့ အိမ်မက်ကမ္ဘာထဲက လွတ်မြောက်ခြင်းမရှိသေးပဲ ဆက်လက်အိပ်မောကျနေသည်။

ရှောင်းကျန့် မှာ နေရောင်မထွက်ခင်ကတည်းက နိုးနေခဲ့ပြီး မနက်စာ ချက်ကာ .....ဝမ်ရိပေါ် အလုပ်သွားလျှင် ဝတ်ဖို့ အဝတ်အစားပါပြင်ဆင်ပြီး အဆင်သင့်လုပ်ပေးထားသည်။

"ရိလေး....ထတော့..."

ရှောင်းကျန့်...ဝမ်ရိပေါ် ခြုံထားသည့်
စောင်ကို ဘေးဘက်သို့ အသာဖယ်လိုက်သည်။

"Hmmn~~..."

အအိပ်ပုပ်လေးကတော့ အိပ်ယာထခြင်းမပြုဘဲ စောင်ကို ပြန်လည်ဆွဲယူကာဆက်အိပ်နေသည်။

"ရိလေး ထတော့ကွာ......"

"အိပ်ချင်သေးတယ် ကိုကိုရာ....နော်....နောက်ထပ် ၅မိနစ်ပဲ....၅မိနစ်လေးပဲ...နော်....နော်"

ဝမ်ရိပေါ်မှာ မျက်လုံး ပင်မဖွင့်ပဲ အိပ်မှုန်စုံဖွားနဲ့ လက်လေးငါးချောင်းထောင်ကာ နှုတ်ခမ်းလေးစူရင်းပြောနေသည်။

"မရတော့ဘူး.... ၅မိနစ် ၅မိနစ်နဲ့ ဘယ်နှစ်ကြိမ် ရှိပြီလဲ.... "

"မသိဘူးကွာ....အိပ်ချင်သေးတာပဲသိတယ်...."

"ကိုကိုရဲ့ အိပ်ပုပ်လေး ထတော့.....၈နာရီဖြစ်နေပြီ......"

ရှောင်းကျန့် စကားကြောင့် ဝမ်ရိပေါ် ချက်ချင်း ငေါက်ခနဲ ထထိုင်ကာ

"ဟမ်....၈နာရီ....ဘာလို့ စောစော မနှိုးတာလဲ...အလုပ်နောက်ကျတော့မယ်....."

"ဘာလို့ ကိုကို့အပြစ်လဲ...ကိုကို ရိလေးကိုနှိုးတာ ဒီတစ်ကြိမ်အပါအဝင်ဆို ၇ကြိမ်မြောက်နော်....ကဲ ဒါဆိုရင် ပြောပါဦး ကိုကို့အပြစ်လား...ဒါမှမဟုတ် အအိပ်မက်တဲ့ ရိလေးအပြစ်လား..."

ရှောင်းကျန့်.. သူ့ရှေ့က အအိပ်ပုပ်လေး ရဲ့နှာသီးဖျားလေးကို လက်နဲ့ အသာအယာတို့ထိရင်း အကြောင်းပြချက်ပေးဦးလေဆိုသည့်
အကြည့်ဖြင့်ကြည့်နေသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now