part10

3.9K 252 12
                                    

Unicode&Zawgyi

(Unicode)

"အဖွဲ့မှူး အဲ့တာ ဘာပြောတာလဲ တရားခံက ဝန်ခံလိုက်ပြီတဲ့လား...."

ရုံးခန်းအတွင်းမှ ကျိုးအန်း ၏ ကျယ်လောင် စူးရှသည့် အသံက ထွက်ပေါ်လာသည်။

ကျိုးအန်း တစ်ညအတွင်း ပြောင်းလဲ သွားသည်တို့ကို နားမလည်နိုင် ဖြစ်သွားရသည်။

"အင်း အဲ့လိုပဲ မှတ်လိုက်...."

"အဖွဲ့မှူး ဒီကိစ္စက မရိုးရှင်းဘူး...ကျွန်တော် စုံစမ်းပြီးပြီ...ဒီကားကို မနေ့က မတိုင်ခင်အထိ  ပိုင်ဆိုင်သူက အခြားတစ်ယောက်ပဲ...."

"ကျိုးအန်း ငါ့ကို ပြောရခက်အောင် မလုပ်စမ်းနဲ့... မင်း ဝတ်စုံ မချွတ်ချင်သေးဘူးဆိုရင် ဒီဟာကို အစမဖော်နဲ့တော့...."

"အဖွဲ့မှူး ခင်ဗျား...."

ကျိုးအန်း ဘာမှ မတတ်နိုင်ပေ။
သူ ရဲဝတ်စုံ ချွတ်လို့မဖြစ်သေး။ သူ့မှာ ကျွေးမွေးရမည့် မိသားစုရှိသေးသည်။

ဝမ်ရိပေါ် မှာ တစ်ညလုံး အိပ်မပျော်ခဲ့သလို မနက်ရောက်သော်လည်း လူက အသိစိတ်ပျောက်နေသည့်အလား ဖြစ်နေ၏။

ကျိုးချန်မှာ မနက်စောစော ဝမ်ရိပေါ်ထံ အဆောတလျင် ရောက်လာ၏။

"ရိပေါ် မင်း အဆင်ပြေလား နေလို့ ကောင်းသွားပြီလား...."

သူငယ်ချင်း ဖြစ်သူကို ကြည့်ပြီး ကျိုးချန်မှာ အပူတပြင်း ဖြစ်လို့နေသည်။

"အင်း...."

ဝမ်ရိပေါ်ကား ခံစားချက် မဲ့စွာ တုံ့ပြန်လာခဲ့သည်။

"တော်သေးတာပေါ့ မနေ့က ငါ စိတ်ပူနေခဲ့တာ... "

"ဆေးရုံသွားဖို့ လာခေါ်တာလား ခဏစောင့်ပေးပါလား...."

"ရိပေါ် တရားခံကို ဖမ်းမိပြီလို့ ဖုန်းဆက်လာတယ်...."

"သြော်...."

ကျိုးချန် ..ဝမ်ရိပေါ် ၏ တုံ့ပြန်မှုကို သိပ်သဘောမကျချင်​ပေ။ 
တစ်ခုခု ဖြစ်နေသည်မှာ သေချာသည်။
ဝမ်ရိပေါ်  အစစ်က ထိုသို့ တည်ငြိမ်နေနိုင်မည်မဟုတ်။ မိမိ ဖခင်ကို ကားနဲ့တိုက်ခဲ့သည့် တရားခံကို မိခဲ့တာလေ။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now