part29

3.2K 240 7
                                    

Unicode&Zawgyi

(Unicode)

ရှောင်းချန်ယင်း ထွက်သွားသည်နှင့်
ရှောင်းကျန့် သည် လည်း ရှောင်းစုဖန်း ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

ယွမ်ချင် လုပ်ငန်းစု မှာ ယာယီခဏသာ နေပြီးသည်နှင့်  ယန်ကော်ပိုရေးရှင်း ထံ ပြန်လာခဲ့လိုက်သည်။  
ရှောင်းကျန့် မှာ ဒီတစ်ပတ်အတွင်း ယန်မင်ရှုအတွက်ပါ ပေါင်းပြီး နှစ်ယောက်စာ အလုပ်လုပ်ရမည့် ပုံစံရှိသည်။

ယန်မင်ရှု မှာတော့ ခြေထောက် ကျောက်ပတ်တီး စည်းထားတာ ကို အာရုံကိုမထားပေ။

မသိလျှင် ဆေးရုံမှာ အပန်းဖြေခရီးထွက်နေသည့်အလား.. သက်သောင့်သက်သာ ပင် ဖြစ်နေသေး၏။

ဝမ်ရိပေါ် သူ့အတွက် တစ်ရက်တာ အချိန်
ကိုသုံးစွဲပြီးချိန်တွင်တော့ စိတ်တည်ငြိမ်သွားသလို သူ၏ စိတ်အနက်ရှိုင်းဆုံးမှာ ရှိနေသည့် တစ်စုံတစ်ရာကိုလည်း ပြန်လည်တွေ့ရှိသွားပုံပင်။

အရင်နေ့က စိတ်နဲ့လူနဲ့မကပ် ဖြစ်နေသည့် ဝမ်ရိပေါ် မှာ ဒီနေ့မှာတော့ အလွန့် အလွန် ပျော်နေပုံရသည်။

"ငါတို့ရိပေါ်လေး... ဒီနေ့ စိတ်ကြည်နေပါ့လား...."

ကျိုးချန် က အပြုံးခပ်စစ နဲ့ဆိုလာသည်။

ကျိုးချန်မှာ ဝမ်ရိပေါ် ၏ မျက်နှာ အပြောင်းအလဲ ကို အမြဲသတိထားနေသည့် သက်ရှိမျက်နှာ scan ဖတ်စက်တစ်ခုကဲ့သို့ပင်။

ဝမ်ရိပေါ်၏ မျက်နှာအပြောင်းအလဲကို ကြည့်ရုံနဲ့ အတွင်းစိတ် မည်သို့ ဖြစ်နေသည်ကို
ကျိုးချန် ခန့်မှန်းနိုင်သည်။

"အင်း....ငါ တစ်ခုခု ကို စိတ်ဆုံးဖြတ်လိုက်လို့...."

ဝမ်ရိပေါ်က ပေါ့ပါးသည့် အပြုံးလေးနဲ့ တုံ့ပြန်လာ၏။

"ဘာကိုဆုံးဖြတ်တာလဲ...."

"ကျိုးချန် မင်းပြောသလို ငါ အစက ပြန်စကြည့်ရင်ကောင်းမလားလို့...."

"ဘာကို ပြန်စမှာလဲ....ငါလည်း ပြန်စဖို့ ဘာမှ မပြောမိပါဘူး...."

ကျိုးချန် ၏ ထုံအအ မျက်နှာပေးကြောင့်
ဝမ်ရိပေါ် စိတ်လေသွားသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now