part56

2.7K 206 13
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့် နောက်တစ်နေ့ တွင် ယန်မင်ရှုကို သွားတွေ့ခဲ့သည်။

"နင်လည်း အကူအညီလိုမှပဲ လာတော့တယ်... မဟုတ်ရင် သူ့အချစ်ကမ္ဘာထဲမှာ နစ်မြောနေပြီးတော့ ကိုယ့်သူငယ်ချင်းကိုတောင် မေ့ထားတယ်...."

ယန်မင်ရှု အလိုမကျစွာနဲ့ ဆူကောက်စွာ ပြောဆိုလာသည်။

"ငါက မေ့စရာလား ငါ့သူငယ်ချင်းကို အမြဲတမ်း ရင်ထဲမှာ ထည့်ထားပါတယ်... "

"တော်သေးတာပေါ့ ရင်ထဲမှာ ထည့်ထားလို့ မဟုတ်ရင် ငါ ဘယ်ချောင် ကပ်နေမှန်းမသိဖြစ်နေမှာ...."

"မင်ရှု ခုန ငါပြောတဲ့ ကိစ္စကို စုံစမ်းပေး....ငါသိချင်တယ် ဂျက်စ် ရိုစီ ယွင်ဟန် သူတို့ရဲ့ ပတ်သက်မှုက မရိုးရှင်းနိုင်ဘူး....ပြီးတော့ အဲ့ ယွင်ဟန်ဆိုတဲ့ကောင် နောက်ကြောင်းကို မြန်မြန်ဖော်မှ ဖြစ်မယ်...."

"ယွင်ဟန် ကတော့ ထားတော့ ...ဂျက်စ်နဲ့ရိုစီက အရှင်းကြီးပဲ ယွမ်ချင်ရဲ့ ဒုတိယ အများဆုံး ရှယ်ယာရှင်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်လေ...."

"မဟုတ်ဘူး အဲ့လောက် မရိုးစင်းဘူး....ယွင်ဟန်ဆိုတဲ့ ကောင်ကို ငါတော်တော် ကြည့်မရတော့ဘူး..."

"အားကျန့် ယွင်ဟန်ဆိုတဲ့ သူကို ငါမသိပေမယ့် နင်တော်တော်မုန်းနေပုံပဲနော်...."

"မနေ့က အဲ့သာသနာဖျက်ကောင်ကြောင့် ငါ့ရဲ့ ပျော်ရွှင်ဖွယ် အချိန်လေး ပျက်သွားတာ...."

ရှောင်းကျန့် ၏ စကားကို ကြားပြီးသည်နှင့် ယန်မင်ရှုသည်ကား သွားများအအေးပတ်မည် စိုးရလောက်အောင် ပြုံးဖြီးဖြီး ဖြစ်လာလေသည်။

"အားကျန့် နင့်ရဲ့ ပျော်ရွှင်ဖွယ် အချိန်လေး ပျက်သွားတာ ဆိုတော့ အဲ့ဒီယွင်ဟန်ဆိုတဲ့ လူကလေ နင်တို့တွေ ဟိုလို ဖြစ်နေတုန်း ရုတ်တရက် အခန်းထဲ ဝင်လာလို့လား...."

"......"

"ဘာလဲ.. ဘာကြောင်ကြည့်နေတာလဲ....
အားကျန့် နင် ငါပြောတဲ့ဟာကို
နားမလည်ဘူး လို့ မပြောနဲ့နော်... "

သူ သူ့သူငယ်ချင်း မိန်းကလေး၏ ပါးစပ်မှ ဤစကားမျိုး ထွက်လာသည်ကို မယုံနိုင်ဖြစ်မိ၏။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now