part66

2.5K 167 8
                                    

Unicode&Zawgyi

(Unicode)

ရှောင်းချန်ယင်း အဖမ်းမခံရစေရန် ယာယီထွက်ပြေးခဲ့သော်လည်း ယွမ်ချင်နဲ့ပတ်သက်၍ အမြဲ နားစွင့်နေခဲ့သည်။

ရှောင်းချန်ယင်း သူလိုလားခဲ့သည့် ယွမ်ချင် ရဲ့ပိုင်ရှင်နေရာကို ရှောင်းကျန့် ရရှိမှန်း  သိသွားချိန်တွင် မနာလို စိတ်တို့ကို မထိန်းချုပ်နိုင်တော့ပေ။

သူ ရှောင်းကျန့်  ကို မုန်းသည်။

မိမိမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ နေရချိန်တွင်
ရှောင်းကျန့် မှာတော့ လူအများ၏ ချီးမြင့် မြှောက်စားခြင်းကို ခံနေရသည်။

ရှောင်းချန်ယင်း နောက်ကွယ်ကနေ ယွမ်ချင်ကို ပြန်ရရန် ကြိုးစားနေခဲ့သည်။

အချိန်ကာလသည်ကား အတိုင်းအတာ တစ်ခုအထိ ရောက်ရှိခဲ့သည်။
ရှောင်းချန်ယင်းကို ထုတ်ထားသည့် ဖမ်းဝရမ်းမှာလည်း မရှိတော့ပေ။

ရှောင်းချန်ယင်း တိတ်ဆိတ်စွာနှင့်ပင် တရုတ်သို့ ပြန်လာခဲ့သည်။

ရှောင်းချန်ယင်း သူ့ရဲ့တည်ရှိမှုကို ရှောင်းကျန့် မရိပ်မိအောင် တိုးတိတ်စွာနဲ့ လှုပ်ရှားနေခဲ့သည်။

ယွင်ဟန်သည်ကား  သူ့ကို လူတစ်ယောက် က တွေ့ချင်သည်ဟု ပြောလာသဖြင့် ထိုလူနှင့်တွေ့ရန် စားသောက်ဆိုင်၏ VIPအခန်းထဲတွင် စောင့်နေခဲ့သည်။

ယွင်ဟန် မှာ  သူ့ကို လျှို့လျှို့ဝှက်ဝှက်နဲ့  ချိန်းဆိုလာသည့် ထိုသူကို စိတ်ဝင်စားမှု
မြင့်တက်လျှက်ရှိသည်။

အချိန် ၁၅မိနစ်လောက်  စောင့်ပြီးချိန်တွင်တော့ ယွင်ဟန် ထံသို့ ချိန်းဆိုသည့်သူ ရောက်လာသည်။

"ကျွန်မ ဥက္ကဋ္ဌ ယွင်ကို စောင့်စေမိလို့ တောင်းပန်ပါတယ်..... "

ယွင်ဟန်ကို ချိန်းဆို ခဲ့သည့်သူမှာ အခြားသူမဟုတ် ။ ရှောင်းချန်ယင်းပင်....။

"ဘယ်သူများလဲ လို့ ယွမ်ချင်ရဲ့ ဒါရိုက်တာချုပ် ဟောင်း ရှောင်းချန်ယင်း ပဲ....ဘာအတွက်နဲ့ တွေ့ချင်တာလဲ...."

"မလောပါနဲ့ အေးဆေးပေါ့ရှင်....ရှင် ကျွန်မနဲ့ စကားအနည်းငယ် ပြောပြီးရင် နောင်တမရစေရပါဘူး...."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now