part7

4K 265 6
                                    

Unicode&Zawgyi

(Unicode)

ရုတ်တရက် ဖြစ်ပေါ်လာသည့် အရှုပ်အထွေးက ရှောင်းကျန့်ကို ဘာမှ နားမလည်နိုင်အောင် ရှုပ်ထွေးသွားစေသည်။

"ခင်ဗျားတို့ လူမှားနေတာ မဟုတ်ဘူးလား...."

ရှောင်းကျန့် မေးခွန်းထုတ်မိသည်။

"မှားစရာ အကြောင်းအရင်းမရှိဘူး....အေးဆေး လိုက်ခဲ့ပေါ့ဗျာ....ရုန်းရင်းဆန်ခတ် ဖြစ်သွားရင် မကောင်းဘူးဗျ.....ခင်ဗျား ပဲ
အရှက်ကွဲလိမ့်မယ်... "

အားလော့က ရှောင်းကျန့် ကို လက်ထိပ်ခတ်ရင်း ပြန်လည် တုံ့ပြန်လိုက်၏။

ရှောင်းကျန့် သူ့စိတ်တို့ ရှုပ်ထွေးကာ မျက်မှောင်ကျုံ့ထားမိသော်လည်း ဝမ်ရိပေါ်ကိုမူ စိတ်သက်သာရာ ရစေရန် လှည့်ကြည့်ကာ ပြုံးပြလာ၏။

"ရိလေး ကိုကို ခဏ လိုက်သွားလိုက်မယ် .....ဘာမှ မဖြစ်ဘူး မစိုးရိမ်နဲ့....ခဏလေးပဲ သူတို့ လူမှားနေတာ...."

"ကိုကို....."

ဝမ်ရိပေါ် မှာ စိုးရိမ်ကြောင့်ကြသည့် မျက်ဝန်းတို့ဖြင့် ရှောင်းကျန့်အား ကြည့်လာသည်။

ရှောင်းကျန့် သူ့လက်တို့ကို မြှောက်လိုက်ပြီး ဝမ်ရိပေါ် ဆံပင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်ကာ ချော့မြူနေသည့်ဟန်လေးဖြင့် နူးနူးညံ့ညံ့ စကားဆိုလာ၏။

"ခဏလေးပဲ လိမ်မာတယ် နော်...."

ထို့နောက် ရှောင်းကျန့်သည် ကျိုးအန်း နဲ့ အတူ လိုက်သွားခဲ့သည်။

"ရိပေါ်... မင်းကိုကို က ဘာဖြစ်တာလဲ...
သူ့ကို ဖမ်းသွားတာ တွေ့လိုက်တယ်....."

ခုနက အဖြစ်အပျက်များ ဖြစ်နေချိန်တွင် ကျိုးချန်အနားမှာ မရှိပေ။ ကျိုးချန်မှာ ဆေးရုံ အပေါက်ဝတွင် လက်ထိပ်တန်းလန်းနှင့်ဖြစ်နေသော ရှောင်းကျန့် ကို တွေ့လိုက်မိ၍သာ မေးရခြင်းပင်။

"ကိုကို....ကိုကို...က....လူကို တိုက်ပြီး ထွက်ပြေးသွားလို့တဲ့....အဲ့ဒါ... ကျိုးချန် သူတို့လူမှားတာ နေမှာပါနော်.....ဟုတ်တယ်မလား...ဟုတ်တယ် မလား..."

ဝမ်ရိပေါ်မှာ ကျိုးချန် ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင် လှုပ်ယမ်းကာ အတည်ပြု မေးမြန်းလာ၏။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now