Extra 4

3.7K 144 4
                                    

Unicode&Zawgyi

(Unicode)

ရှောင်းစုဖန်း ထမင်း စားပွဲတွင် သားဖြစ်သူနဲ့ အတူ ထိုင်ကာ စားနေသော်လည်း သူ၏စိတ်ထဲကစကား ကို ပြောသင့်မပြောသင့် ချီတုံချတုံ ဖြစ်နေသည်။

ရှောင်းစုဖန်း၏ စိုးရိမ်စိတ်များကာ မသက်မသာ ဖြစ်နေသည့်အမူအယာက ရှောင်းကျန့်ကို စိုးရိမ်စေသည်။

"အဖေ ဘာဖြစ်လို့လဲ... တစ်နေရာရာ မသက်မသာ ခံစားနေရလို့လား..."

ဝမ်ရိပေါ် လည်း ရှောင်းကျန့် စကားကြောင့်
စိုးရိမ်သည့် မျက်ဝန်းတို့ဖြင့် မော့ကြည့်လာသည်။

"မဟုတ်ပါဘူး... သားတို့ကို အဖေ ပြောသင့် မပြောသင့် စဥ်းစားနေတာ..."

ရှောင်းစုဖန်း မှာ ပြောချင်နေသော်လည်း သမက်ဖြစ်သူ ကို အားနာသည့် မျက်ဝန်းများနဲ့ ကြည့်နေသည်။

ရှောင်းစုဖန်း ၏ သူ့အပေါ် အားနာသည့် အကြည့်ကို ဝမ်ရိပေါ်ခံစားမိသည်။

"ရပါတယ် ပြောပါ အဖေ....ကျွန်တော့် ကို အားမနာပါနဲ့...."

"အဖေ...အဖေ လေ... မြေးလေး လိုချင်တယ်...."

"အဖေ...!!!"

ရှောင်းကျန့်၏ တားမြစ်လိုဟန်ရသည့် အသံက မြည်ဟိန်းထွက်လာ၏။

သူ့မှာ သွေးသားမလိုအပ်ဘူး။
သူ့အတွက် ရိလေးရှိရင်လုံလောက်တယ်။

ဒါပေမဲ့ သူ သူ့အဖေဘက်ကို မေ့သွားတယ် ။
အဖေသာ ဒီလိုပြောလာမယ်မှန်းသိရင် ကြိုပိတ်ထားပါတယ်။

အခုတော့ ရိလေး စိတ်မကောင်း ဖြစ်ရတော့မယ်။

ရှောင်းကျန့်...ဝမ်ရိပေါ်ထံ စိုးရိမ်စွာ ကြည့်လာ၏။

"ရိလေး... ကိုကို့အဖေ ပြောတာကို စိတ်ထဲ ထားမနေနဲ့.... ကိုကိုလိုအပ်တာ ရိလေး....
ကိုကို့ သွေးသား မဟုတ်ဘူး... "

ရှောင်းစုဖန်း ဆီက စကားက ဝမ်ရိပေါ် ကို ခေတ္တ တုန်လှုပ်သွားစေသည်။ ထိုစကား ကြားလိုက်ရတဲ့အချိန်မှာ သူ တကယ်ကို ဝမ်းနည်းသွားမိသည်။ သူက ယောကျာ်း လေးလေ။ သူ ဘယ်လိုလုပ်ရနိုင်မှာလဲ။

တစ်ဖက်က သူ အထင်လွဲမည် စိုး၍ အသည်းအသန် ရှင်းပြနေသော ချစ်ရသူကို တွေ့လိုက်ရချိန်မှာတော့ ရင်ထဲ ပိုလို့စိတ်မကောင်း ဖြစ်လာမိသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now