part14

3.4K 249 7
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့်  ထောင်က လွတ်လာပြီးသော်လည်း ယွမ်ချင်လုပ်ငန်းစု သို့ မပြန်ခဲ့ပေ။

သူ၏ သူငယ်ချင်း ယန်မင်ရှုကို ဆက်သွယ်ကာ ယွမ်ချင်လုပ်ငန်းစု မှ ခြေရာ ဖျောက်နေခဲ့သည်။

"အားကျန့် နင် အခု ဘာဆက်လုပ်မှာလဲ...."

ယန်မင်ရှု ဆိုလာခြင်းပင်။ 
ယန်မင်ရှုမှာ ယွမ်ချင်လုပ်ငန်းစု နဲ့ တူညီသော လုပ်ငန်းစု၏ သူဌေးဖြစ်သလို စီးပွားရေး နယ်ပယ်ထဲတွင် အတော်လေး ခြေဆံ့သူ တစ်ယောက် ဖြစ်သည်။

"စုံစမ်းခိုင်းထားတဲ့ ဟာရော....."

"ဒီမှာ အခု သူတို့ကို ဦးဆောင်နေတာ ရှောင်းချန်ယင်းပဲ....ပြီးတော့ နောက်တစ်လနေရင် သူတို့ ပရောဂျက် တစ်ခု အတွက်
လေ လံဆွဲကြလိမ့်မယ်...."

"အစ်မ ချန်ယင်း လား...."

"အားကျန့် နင်အခုထိ သူ့ကို ယုံနေတုန်းလား...သက်သေရှာလို့မရပေမယ့် နင့်ချစ်သူကို ထိခိုက်စေတာ သူလို့ပြောလို့ရတယ်နော်...."

"ငါက အဆိပ်ပြင်းတဲ့ မြွေပွေးမ ကို မယုံကြည်ပါဘူး....အရင်တုန်းက ငါ့ရဲ့ ရူးသွပ်မှုတွေက လုံလောက်ပြီ....."

"နင် ဒီလို တွေးနိုင်တာ ကောင်းတယ် နင်သာ မပြောင်းလဲဘူးဆို ငါ အရင်နင့်ကို သတ်မှာ...."

" မင်ရှု သူတို့ပရောဂျက်ကို ငါတို့ရအောင်ယူမယ်..."

"အင်း...ငါ ပြင်ဆင်လိုက်မယ်...."

ရှောင်းကျန့် ထိုင်နေရာကနေ ထလိုက်ပြီး ကိုယ်ဟန် အနည်းငယ် ပြင်ဆင်ကာ ခြေလှမ်းတို့ကို ရုံးခန်းအပြင်ဘက်သို့ ဦးတည်လိုက်၏။

ရှောင်းကျန့် ၏ အပြုအမူက ယန်မင်ရှု၏ အာရုံကို နှိုးဆွသွား၏။

"နင် သူ့ဆီသွားမလို့လား...."

"ဟုတ်တယ် ငါ သူ့ကို အဝေးကနေပဲ ဖြစ်ဖြစ်မြင်ချင်တယ်...."

"နင့် ဒုက္ခ လည်း မသေးပါလား....အမှန်အတိုင်း သူ့ကို ပြောပြလိုက်ပါလား..."

"ငါ သူ့ရဲ့ မျက်ဝန်းထဲက အမုန်းတွေကို  ရင်မဆိုင်နိုင်သေးဘူး....."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now