part45

3K 218 18
                                    

Unicode &Zawgyi

(Unicode)

ရှောင်းကျန့်  မှာ ယွမ်ချင်၏ ဒုတိယ အများဆုံး ရှယ်ယာရှင်နှင့် တွေ့ဆုံရန်အတွက် ကြိုးစားနေရသည်။

ထိုရှယ်ယာရှင်မှာ လျှို့ဝှက်ချက် များလွန်းလှသည်။ ယွမ်ချင်၏ ဒုတိယ အများဆုံး ရှယ်ယာရှင် ဖြစ်သည့်တိုင် ထိုသူ၏ ရုပ်သွင်ကို မည်သူမျှ မမြင်ဖူးပေ။ ရှယ်ယာရှင် အစည်းအဝေးလုပ်တိုင်း ကိုယ်စားလှယ် ကိုသာ စေလွှတ်လေ့ရှိသည်။

ယခင်က ထို ရှယ်ယာရှင်နဲ့ တွေ့ဆုံရန် အတွက် ရှောင်းကျန့်  အခြားတစ်ယောက်ကို အစားထိုးလွှတ်ရန် စဉ်းစားထားသော်လည်း သူ၏ စိတ်ညစ်နွမ်းနေမှုကို အနည်းငယ် ပြေပျောက်စေရန် ကိုယ်တိုင်သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အလုပ်ထဲ စိတ်နစ်လုပ်နေလျှင် စိတ်ညစ်စရာ အကြောင်းအရာအချို့ကို မေ့ပျောက်နိုင်သည် မဟုတ်ပါလား။

ရှောင်းကျန့်  မှာ နယ်ဘက်သို့ သွားသည့် အဝေးပြေးလမ်းမပေါ်မှာပဲ ရှိသေးသည်။

သူ ကားမောင်းနေရင်း သူ့ကားနောက်က တစ်ယောက်ယောက် လိုက်နေသလို ခံစားနေရသည်။

သူ ခံစားနေရသည့်အတိုင်း တကယ်လည်း အနက်ရောင် ကားနှစ်စီးက သူ့နောက်က ထပ်ကြပ်မခွာ လိုက်လာသည်။

ရှောင်းကျန့် ကား၏ အမြန်နှုန်းကို မြှင့်လိုက်သည်။ သို့သော်လည်း ထိုကားနှစ်စီးကို မျက်ခြေမဖြတ်နိုင်ပေ။

သူ၏ ကားရှေ့ကို ထိုနှစ်စီးအနက်က ကားတစ်စီးက ပိတ်ရပ်လိုက်သောကြောင့် ဘရိတ် အမြန် အုပ်လိုက်ရသည်။

ရှောင်းကျန့် မှာ နောက်လှည့်၍ မောင်းပြေးလို့လည်းမရ။ ကျန်သည့် အနက်ရောင် ကားတစ်စီးကလည်း နောက်ကနေ ပိတ်ရပ်ထားသည်။

တကယ့်ကို ကျဥ်းထဲ ကျပ်ထဲ အခြေအနေပင်။ 

ထိုအနက်ရောင် ကားပေါ်ကနေ တုတ်တွေကိုင်ထားသည့် လူအချို့ ဆင်းလာသည်။

ရှောင်းကျန့် မှာ ထိုမြင်ကွင်းကို ကြည့်ပြီး...
တစ်စုံတစ်ရာကို တွေးမိလိုက်ပုံရသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now