part6

4.2K 279 2
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့်ကား စိုးထိတ်လို့သွားရသည်။
သူပါ တစ်ခုခု ဖြစ်သွားရင် ဆိုတော့ ဘယ်သူ ဘာဖြစ်သွားလို့လဲ ။

သူ၏ အတွေးတို့ကား တစ်စုံတစ်ရာ ကို တွေးမိပြီး စိုးရိမ်စိတ်တို့က ပိုလို့ လေးကန်လာရသည်။

"ရိလေး....ကိုကို အခု လာခဲ့မယ်....အခု ဘယ်မှာ ရှိနေတာလဲ...ရိလေး တစ်ယောက်တည်းလား....ဘေးမှာရော တခြားလူ ရှိလား...."

ရှိုက်သံတိုးတိုးကြားက အသံ ယဲ့ယဲ့က ထပ်မံ ထွက်ပေါ်လာ၏။

"အခု လင်းရန် ဆေးရုံ အရေးပေါ်ခန်းမှာ... အနားမှာ ကျိုးချန် ရှိတယ်..."

ဝမ်ရိပေါ်၏ အဖြေစကား​ကြောင့် ရှောင်းကျန့်မှာ အနည်းငယ် စိတ်သက်သာရာ ရမိသည်။ ထိုကလေး၏ အနားမှာ ကျိုးချန် ရှိနေသည် ဆိုသည့်အတွေးက သူ့စိတ်ကို တော်တော် လေး သက်သာစေ၏။

သို့သော် အဖြေစကား၏ တစ်ဝက်ကတော့ ရှောင်းကျန့် ကို တော်တော် လေး စိတ်မသက်သာစေပေ။ အရေးပေါ်ခန်းလား။ ဘယ်သူ ဘာဖြစ်လို့ ရောက်သွားရတာလဲ။ ရီလေး တစ်ခုခု ဖြစ်လို့များလား။

ထိုအတွေးအဆုံး ရှောင်းကျန့် ကားသော့ကို ကပျာကပြာ ကောက်ယူလိုက်၏။

"ကိုကို အခု လာခဲ့မယ်.... ရိလေး.... "

ရှောင်းကျန့် ဖုန်းချလိုက် ပြီးသည်နှင့် ကားကို မြန်မြန် မောင်းကာ ထွက်လာခဲ့သည်။
သူ၏ စိတ်က အရမ်းကို အလျှင်လိုနေသည်မို့  လင်းရန် ဆေးရုံကိုရောက်ရန် ၁၅မိနစ်သာ ကြာလိုက်သည်။

ရှောင်းကျန့် ဆေးရုံ ကောင်တာ၌ အရေးပေါ်ခန်း တည်နေရာကို မေးကာ အမြန် ပြေးလာခဲ့သည်။

ဝမ်ရိပေါ်ကား အရေးပေါ်ခန်း ရှေ့၌ လက်နှစ်ဖက် ယှက်လျှက် ငိုင်တွေစွာ ထိုင်နေ၏။ မျက်လုံးတို့ကမူ ငိုရှိုက်ထားမှုကြောင့် မို့အစ်နေသည်။

ရှောင်းကျန့် သူ၏ ခြေလှမ်းတို့ကို ဝမ်ရိပေါ်
ရှိရာဆီ ခပ်မြန်မြန် ဦးတည်လိုက်၏။

"ရိလေး...."

"ကိုကို......"

"ရိလေး ဘာမှမဖြစ်ဘူး မလား..... "

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now