part25

3.5K 263 12
                                    

Unicode&Zawgyi

(Unicode)

Goldness bar တွင်..

"ရိပေါ်.... "

"..."

ဝမ်ရိပေါ် မှာ ကျိုးချန် အနား၌ရှိနေသည်ကို သတိမမူမိ... အတွေးအာရုံထဲ၌သာ နစ်မြုပ်နေသည်။
အမှန်တကယ် ဝမ်ရိပေါ်  မှာ ယန်မင်ရှုနဲ့ တွေ့ပြီးကတည်းက စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေခြင်းပင်။

"ရိပေါ် .."

ကျိုးချန် ဝမ်ရိပေါ်  လက်ကို လှုပ်ရမ်းလိုက်သည်။

ထိုအခါမှ ဝမ်ရိပေါ် အသိဝင်ကာ

"အမ်...အင်း....ဘာလဲ.."

"ရိပေါ် မင်း ဘာဖြစ်နေတာလဲ.... နေမကောင်းဘူးလား ဒီကို ရောက်ကတည်းက မင်းမျက်နှာ မလန်းဘူး...."

အယောင်ယောင်အမှားမှားနဲ့ ဖြေလာသည့်
ဝမ်ရိပေါ်  ကြောင့် ကျိုးချန်မှာ ပို၍ စိတ်ပူလာရသည်။

"ငါ ဘာမှ မဖြစ်ပါဘူး.. ဒီအတိုင်း စဉ်းစားစရာ နည်းနည်း ရှိလို့ပါ...."

"တကယ်ရော အဆင်ပြေလို့လား....မင်းမျက်နှာက ဖြူ ဖျော့နေတာပဲ.....မင်းဒီလောက်နဲ့ ပြန်ပြီး နားလိုက်ပါတော့လား...."

ဝမ်ရိပေါ် နှုတ်ခမ်းထက်၌ ပြယ်လွှင့်လုလု အပြုံးလေးက တည်လာသည်။

"ငါအဆင်​ပြေတယ် နည်းနည်းပင်ပန်းသွားလို့ နေမှာပါ...."

ဝမ်ရိပေါ်  ပါးစပ်ကနေသာ အဆင်ပြေသည် ပြောနေသော်လည်း အမှန်တကယ် အဆင်မပြေသည်ကို ကျိုးချန်သိနေသည်။

"အဆင်ပြေတယ် လုပ်မနေနဲ့ ပြန်ပြီးနားလိုက်တော့..."

"ငါ ရပါတယ်...."

"ရတယ် လုပ်မနေနဲ့... သွားတော့..."

"ငါ ....."

"သွား...သွားတော့..."

ကျိုးချန် ....ဝမ်ရိပေါ် ကို အစောတလျင် နှင်ထုတ်နေလေတော့သည်။
သူသာ နှင်မထုတ်ရင် ဝမ်ရိပေါ်သည်ကား ပြန်မည်မဟုတ်ချေ။ သိပ်ကို ခေါင်းမာလွန်းသည်။

"ကျေးဇူးပါ ကျိုးချန်..."

ဝမ်ရိပေါ်  ...ကျိုးချန် ပြောသည်ကို ထပ်ငြင်းဆန်ခြင်း မပြုတော့ပေ။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now