part58

2.5K 189 6
                                    

Unicode &Zawgyi

(Unicode)

ရှောင်းကျန့် သူ့မိခင်အကြောင်းတွေးမိလေ...
ယခု သူ့ရှေ့မှာ ရပ်နေသည့်အမျိုးသမီးကို မုန်းမိလေပင်။

"စုအဒေါ် ကျွန်တော် ကူညီမယ်... ဒါပေမဲ့  ကျွန်တော် အဲ့လို ကူညီရင် ကျွန်တော့်အတွက် ဘာပြန်ရမှာလဲ...."

စုဝမ်ဝမ် ရှောင်းကျန့်  စကားကြောင့် မျက်နှာ ပျက်သွားသည်။

"ငါ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေ ပေးပါ့မယ်.... "

"ကျွန်တော့်ကို အရူးလုပ်နေတာလား.... ရှယ်ယာတွေက တကယ်ပဲ စုအဒေါ်ပိုင်ဆိုင်သေးရဲ့လား...."

ရှောင်းကျန့်  ပြောလာသကဲ့သို့ပင် တကယ်လည်း စုဝမ်ဝမ်မှာ သူပိုင်ဆိုင်သမျှ ရှယ်ယာအားလုံးကို ရှောင်းနင်ကိစ္စ အတွက် ငွေလို၍ ရောင်းချပြီးနေပြီ။

"ဒါဆိုရင် ရှောင်းကျန့် မင်းကျေနပ်ဖို့ ငါ ဘာလုပ်ပေးရမလဲ.... ဒူးထောက်တောင်းပန်မှ မင်း ကျေနပ်မှာလား... "

စုဝမ်ဝမ် စိတ်ကို တင်းလျှက်သာ ပြောလိုက်ရသည်။ ရင်အတွင်း၌မူ ရှောင်းကျန့် ၏ အပြုအမူနဲ့ ပတ်သက်၍ အတော်လေး ပေါက်ကွဲနေပြီပင်။

ရှောင်းကျန့် ခပ်စစ ရယ်လိုက်သည်။

"ဒူးထောက်ဖို့အထိ မလိုပါဘူး......
စုအဒေါ်သာ ကျွန်တော် လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်... ဒါမှမဟုတ် စုအဒေါ် ကျွန်တော့်အပေါ် ကျူးလွန်ခဲ့မိတဲ့အကြောင်းအရာ အချို့ကို ပြောပြမယ်ဆိုရင်ပေါ့..."

သူ တမင် သူ့မိခင် သေဆုံးမှုအတွက်
စုဝမ်ဝမ်၏ နှုတ်မှ ထွက်လာမည့် စကားလုံးအချို့ ရရှိရန် ကြိုးစားနေခြင်း ဖြစ်၏။

"လွန်ခဲ့တဲ့ နှစ်နှစ်က ကိစ္စ အတွက် ဆိုရင် တကယ်ပဲ မင်းကို တောင်းပန်ပါတယ်..... "

"စုအဒေါ် ကျွန်တော့် ဆိုလို ရင်းကို သိရဲ့သားနဲ့ ဝေ့လည် ကြောင်ပတ်လုပ်မနေပါနဲ့....ကျွန်တော် သိချင်တာ လွန်ခဲ့တဲ့ နှစ်၂၀က အကြောင်းဆိုတာ စုအဒေါ် အသေအချာ ရှင်းရှင်းလင်းလင်း ကြီးကို သိပါတယ်...."

စုဝမ်ဝမ် အနေဖြင့် ရှောင်းကျန့် ဤကဲ့သို့ မေးလာမည်ဟု ထင်မထားမိပေ။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now