part59

2.4K 178 5
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့်  ၏ သူ့သူငယ်ချင်းအပေါ် အကောင်းမြင်မှုကို ကြည့်၍ ဝမ်ရိပေါ်  ယန်မင်ရှုကို တကယ် သနားမိသွားသည်။

"အစ်မ မင်ရှုက ဒီလောက် ဖော်ရွေတဲ့ဟာ... ကိုကိုပြောသလို ဆိုးမယ် မထင်ပါဘူး...."

"မင်ရှုက ဖော်ရွေတယ်လား....
မှန်တော့မှန်ပါတယ်...
သူကဖော်ရွေတယ်... ခင်မင်မှုကို အလေးထားတယ်...မင်ရှုက တကယ့်ကို ကောင်းတဲ့ မိန်းကလေးသူငယ်ချင်းကောင်း....ဒါပေမယ့် တစ်ခါတစ်လေ မိန်းကလေး မဆန်တာလေးက လွဲရင်ပေါ့....သူ့ကို သူ့မိဘတွေက ဆုတောင်းမှားပြီး ကျားနဲ့မ မှားမွေးမိတာလား မသိဘူး..."

"အစ်မမင်ရှုသာ ကိုကို့စကားတွေကြားရင် သူတော်တော် နာကျင်နေမှာ...."

ဝမ်ရိပေါ် မျက်နှာထက်၌ တစ်ဖက် မိန်းကလေး အပေါ် အားတုံ့အားနာ ဖြစ်နေ၏။

"ဒါနဲ့ နေပါဦး ရိလေး က မင်ရှု ဖော်ရွေပျူ ငှါမှန်း ဘယ်လိုသိတာလဲ.... "

ရှောင်းကျန့် မျက်ခုံးနှစ်ဖက်တို့က ထိစပ်လုနီးပါးဖြစ်လောက်အောင် တွန့်ချိုးလာတော့သည်။

သူငယ်ချင်းက သူငယ်ချင်း.... ။
ချစ်သူက ချစ်သူပင်....။
မည်သို့ပင် ရင်းနှီးသည့် သူငယ်ချင်း ဖြစ်စေကာမူ မိမိချစ်သူနဲ့ နှီးနှီးစပ်စပ်နေသည်ကို
မလိုလားပေ။

"အရင်တစ်ခါ ကျိုးမိသားစု ကုမ္ပဏီ နှစ်ပတ်လည် ပွဲမှာတွေ့ဖူးတယ်လေ..."

"တစ်ခါ လေးတွေ့ဖူးတာနဲ့ မင်ရှုဘက်က လိုက်ပြောပေးနေတယ်...."

ရှောင်းကျန့် မကျေမနပ်နဲ့ ရေရွတ်နေလေသည်။

"တစ်ခါတည်း မဟုတ်ဘူး...အစ်မ မင်ရှုက coffee barကိုလည်း လာတွေ့သေးတယ်...သူနဲ့ စကားသေချာပြောဖူးတော့ သူ့စိတ်ကို နားလည်သွားတာ...."

"မင်ရှုက ဘယ်တုန်းက လာတွေ့သွားတာလဲ...."

"ကိုကို့ကို ကျွန်တော် အထင်လွဲနေတုန်းက.... ကျွန်တော်သိထားတာတွေ အကုန်မှားနေတယ်ဆိုပြီး ကျွန်တော့်ကို လာရှင်းပြတာ....ကိုကို့ကို ကျွန်တော် ခွင့်လွှတ်ပေးတာ အစ်မ မင်ရှုကြောင့်လည်း ပါတယ်နော်...."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now