part33

3.3K 233 17
                                    

Unicode &Zawgyi

(Unicode)

ရှောင်းချန်ယင်း သူ၏ အလုပ်စားပွဲ၌ ထိုင်ပြီး အစီရင်ခံ စာကို ဖတ်နေသည်။

"ဒါရိုက်တာရှောင်း.. "

ဝင်လာသူကား ရှောင်းချန်ယင်း၏ အတွင်းရေးမှူး လီရှင်းဝေ ။

"ဒါရိုက်တာ ရှောင်း.... မန်နေဂျာ ရှောင်းက သူ့အလုပ်နေရာမှာ ရှိမနေပါဘူး...အဲ့နေရာက ဝန်ထမ်း တွေပြောတာတော့ သူတို့နဲ့မိတ်ဆက်ပြောဆိုပြီး သိပ်မကြာဘူး အပြင်ပြန်ထွက်သွားပါတယ်..."

"အင်း သိပြီ..."

"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး.... "

"အင်း...."

ရှောင်းချန်ယင်း အစက စိတ်ပူနေသော်လည်း အခု အခြေအနေကြောင့် အတော်လေး စိတ်သက်သာရာရသွားသည်။

ကြည့်ရတာ ငါ အစိုးရိမ်လွန်နေတာပဲ။
ရှောင်းကျန့် က အရင် လို ခပ်အအလေးပဲ။
ငါ့အနေနဲ့ သူ့ကို အလိုလိုက် ချော့ပေါင်းဖို့ပဲလိုတယ်။

ထိုအတွေးတို့နဲ့အတူ ရှောင်းချန်ယင်း ၏ အပြုံးခပ်ရေးရေးသည်လည်း ပိုလို့ ထင်ရှားလာသည်။

ဆေးရုံပေါ်တွင် အပန်းဖြေနေသည့် ယန်မင်ရှုမှာတော့ယခုအခါတွင် အပန်းမဖြေနိုင်တော့။  သူ့မှာ ပျင်းလွန်း၍ သေနိုင်လောက်သည့် အဆင့်ရောက်နေသည်။
ယန်မင်ရှုမှာ ရှောင်းကျန့် ကို ဖုန်းလှမ်းဆက်သော်လည်း တစ်ဖက်မှ dateနေသည်ဟုဆိုကာ ဖုန်းချပစ်သည်။

ယန်မင်ရှု၏ မေတ္တာ ပို့သချက်ကို တစ်ဖက်မှ
ရှောင်းကျန့် မှာတော့ လားလားမျှပင် ဂရုစိုက်မည် မဟုတ်။

တစ်ချိန်တည်းတွင် ရှောင်းကျန့် ကတော့
ဝမ်ရိပေါ်  နဲ့ အတူ ကျေကျေနပ်နပ်ကြီး
နေ့လည်စာ သုံးဆောင်လို့ နေသည်။

"ခင်ဗျား အလုပ်က ဒီလိုမျိုး လမ်းသလားနေလို့ရတယ်ပေါ့...."

ဝမ်ရိပေါ် အမြင်ကပ်လွန်း၍ မေးလိုက်ခြင်း ဖြစ်သည်။ 

ဟုတ်သည်လေ။
နေ့လည်စာ အတူစားမယ်ဆိုလို့ စားပေးပြီးတာတောင် ထိုအမြင်ကပ်စရာကောင်းသည့်သူမှာ မပြန်သေးဘဲ အနား၌ တရစ်ဝဲဝဲ ကပ်နေသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now