part48

2.8K 223 10
                                    

Unicode&Zawgyi

(Unicode)

ကျွန်တော် မသွားချင်ဘူး။ ပင်ပန်းနေပြီ...အိမ်မှာပဲ အနားယူချင်တယ်။

သူပြောသည်ကို ဝမ်ရိပေါ်က လက်ခံလောက်မည်ဟု ထင်ထားခဲ့တာ ။

"ရိလေး...."

"ပြန်ကြရအောင် ကျွန်တော် နားချင်ပြီ...."

ဝမ်ရိပေါ်  အသံမှာ တိုးဖျော့နေသည်။

ရှောင်းကျန့်  စဉ်းစားလေ ပို၍ မှားယွင်းနေလေမှန်း သတိထားမိလာသည်။

"ရိလေး တစ်ခုခု ဖြစ်နေတယ်မလား...."

"ကျွန်တော် ဘာမှ မဖြစ်ဘူး...."

"တကယ်ပဲ ဘာမှ မဖြစ်ဘူး ဆို ဘာလို့ ကိုကို့မျက်နှာကို ရိလေး မကြည့်တာလဲ... ဘာလို့ စကားပြောတိုင်း မျက်နှာလွှဲသွားတာလဲ...."

"ဒီအတိုင်းပဲ ကျွန်တော် ပင်ပန်းနေလို့.... "

ဝမ်ရိပေါ်  စကားဆက်မပြောချင်တော့သည့်အတွက် ကားထဲ ဝင်ဖို့သာ ပြင်လိုက်သည်။

ရှောင်းကျန့်...ဝမ်ရိပေါ်  ၏ ယခု ပုံစံကို မြင်လေ ပို၍ ထိတ်လန့်လာလေပေ။

တစ်ခုခု အထင်လွဲမှု မရှိပါဘဲနဲ့ ဝမ်ရိပေါ်  ၏ အပြုအမူ များက ဤကဲ့သို့ ပြောင်းလဲနေမည် မဟုတ်ပေ။

ရိလေး က ယခင် သူ့အပေါ် ဖခင် သေဆုံးမှုနဲ့သာမက အကြောင်းအရာ အမျိုးမျိုးနဲ့ အထင်လွဲနေတုန်းကလည်း ယခုကဲ့သို့ ပြုမူခဲ့သေးသည်။

သို့သော် ရှောင်းကျန့် တွေးမရသည်က
ဝမ်ရိပေါ်  အထင်လွဲလောက်သည့် မည်သည့်ကိစ္စကို ပြုလုပ်ခဲ့မိမှန်း မသိပေ။

ရှောင်းကျန့် အနေနှင့် လတ်တလော ဖြစ်နေသည့် အကြောင်းအရာကို ချက်ချင်း အဖြေရှာသည်က ကောင်းလိမ့်မည်ဟု တွေးမိသည်။

မဟုတ်လျှင် အချိန်လွန်မှ နောင်တရ ရလိမ့်မည်။
သူ နောင်တ တရားကို မုန်းသည်။
လောကမှာ အမုန်းဆုံး စကားစုကို ဖော်ပြပါဆိုလျှင် သူ့ အနေနှင့် နောင်တ ဆိုသည့် စကားစုကို ရေးပြမိလိမ့်မည်။

​ရှောင်းကျန့်က ကားထဲဝင်ဖို့ လုပ်နေသည့်
ဝမ်ရိပေါ် ကို တားယူလိုက်ပြီး  သူ့ရင်ခွင်တွင်း၌ထည့်၍ ထွေးပွေ့ထားလိုက်သည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now