part71

2.7K 162 4
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့် သူ့ထံ ပို့လာသည့် ထို စာကြောင်းကို ကြည့်ပြီး ရယ်ပဲ ရယ်ရမလို ငိုပဲ ငိုရတော့မလိုပင်။

ငါ့ရဲ့ ချစ်လှစွာသော အစ်မကို အရင်က ငါထင်ခဲ့တာ ဉာဏ်ရှိတယ်လို့ အခုတော့ ၁၀၀ပြည့်ဖို့ ၁၀ပြားလိုနေသလိုပါပဲလား။

ရှောင်းကျန့် ခေါင်းသာ အသာရမ်းရင်း ပြုံးရယ်လိုက်မိသည်။

ထို့နောက်တွင် တော့ ရှောင်းချန်ယင်း ဘာလုပ်လိုသည် ဆိုတာ သူ သိချင်သည့်အတွက် ရှောင်းချန်ယင်း ချိန်းဆိုသည့် နေရာကို သွားခဲ့သည်။

သို့သော် အခန်းထဲ တွင် ရှိနေသည်က
ရှောင်းကျန့် ကို ချိန်းဆိုထားသည့် ရှောင်းချန်ယင်း ဟုတ်မနေချေ။

ရှောင်းကျန့် မျက်ခုံး နှစ်ဖက် တွန့်ချိုးကာသာ ထိုလူကို ကြည့်နေမိသည်။

ယွင်ဟန် ရှောင်းချန်ယင်း ၏ ဖျော်ဖြေမှုကို စောင့်နေတုန်း သူ၏ လက်ထောက် ဟူဖန်းဆီမှ အကြောင်းကြားလာခဲ့သည်။

ရှောင်းချန်ယင်း ကို စောင့်ကြည့်ဖို့အတွက်
ယွင်ဟန်က ဟူဖန်းကို စေခိုင်းထားခဲ့သည်။

ယွင်ဟန် ....ဟူဖန်း ဆီမှ ရှောင်းချန်ယင်း လှမ်းနေသည့် ခြေလှမ်းတို့အကြောင်း ကြားသိပြီးသည်နှင့် ယွင်ဟန် ၏ နဂို မျက်နှာပေး လှောင်ထေ့သည့် အပြုံးကို ဆင်မြန်းထားရာမှ မျက်နှာထား တစ်ခုလုံး တည်တင်းသွားခဲ့သည်။

ရှောင်းချန်ယင်း...မင်းက ငါ့လူကို
ထိခိုက်စေဝံ့တယ်လား။

"ဟူဖန်း.... ရှောင်းချန်ယင်း အားကျန့် ကို
ချိန်းထားတဲ့နေရာကို ငါတို့သွားမယ်...."

ယွင်ဟန် နားနေခန်းထဲမှာ စောင့်နေတုန်း
ရှောင်းကျန့် ဝင်လာခဲ့သည်။ သို့သော်
ရှောင်းကျန့် မှာ ယွင်ဟန်ကို မြင်လိုက်ကတည်းက ကမ္ဘာမကြေ ရန်သူတစ်ယောက်ကို တွေ့လိုက်ရသလို မှုန်မှိုင်းသည့် အကြည့်တို့ဖြင့်သာ ကြည့်နေခဲ့သည်။

ယွင်ဟန် ရှောင်းကျန့် ၏ အကြည့်တို့ကို လျစ်လျူ ရှုလိုက်ရင်း သူ၏ မူပိုင်မျက်နှာပေးကို ဆောင်ကာ ရှောင်းကျန့် ကို နှုတ်ဆက်လိုက်သည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now