part57

2.5K 183 4
                                    

Unicode &Zawgyi

(Unicode)

ရှောင်းနင်၏ ကိစ္စ က တည်ငြိမ်နေသည့် ရေပြင်ကို ဂယက်ထစေသည့် ကျောက်ခဲတစ်ခုနှယ် ဖြစ်သွားစေခဲ့သည်။

ယွမ်ချင် လုပ်ငန်းစုမှာ ယခုအချိန်၌ တပ်ပျက်၍နေချေသည်။

ထို့်အတွက်ကြောင့် ရှောင်းစုဖန်းရော
ရှောင်းချန်ယင်း ပါ ခေါင်းနံပန်းကြီးနေသည်။

ကုမ္ပဏီ၏ ရှယ်ယာရှင် အများစုက သူတို့၏ ရှယ်ယာထည့်ဝင်မှုများကို ပြန်လည်ထုတ်ယူချင်နေကြသည်။

ဖိအား သက်ရောက်မှု အရမ်းများလာသောကြောင့် နဂို သွေးတိုးရောဂါ ရှိနေသည့် ရှောင်းစုဖန်းမှာ ဆေးရုံသို့ တင်လိုက်ရသည်အထိ ကျန်းမာရေး ဆိုးရွားသွားခဲ့သည်။

စုဝမ်ဝမ်မှာ ယခင်က အနည်းငယ် စိတ်အေး၍နေနိုင်သေးသည်။
ရှောင်းနင်ကို ရှောင်းချန်ယင်း က အလုံးစုံ မကူညီနိုင်လျှင်တောင် ရှောင်းစုဖန်း ရှိနေသေးသည့် အတွက် တော်သေးသည်ဟု စုဝမ်ဝမ် တွေးမိသည်။

ယခုတော့ စုဝမ်ဝမ်၏ အတွေးအားလုံး ဖရိုဖရဲ ဖြစ်ကုန်သည်။

ရှောင်းစုဖန်း မှာ သူကိုယ်တိုင်တောင် ကျန်းမာရေးအခြေအနေက နေ့လား ညလား မသိနိုင်သည့်အခြေအနေတွင် မည်ကဲ့သို့ ရှောင်းနင် ကိစ္စ ကို ကူညီနိုင်ပါတော့မည်နည်း။

စုဝမ်ဝမ် မှာ ကူ ကယ်ရာ မဲ့နေသည်။
ရှောင်းချန်ယင်း ကို ရှောင်းနင် ကိစ္စ ဖြေရှင်းဖို့ ထပ်မံတောင်းဆိုရန်လည်းမဖြစ်ချေ။
နဂိုကတည်းက ရှောင်းချန်ယင်း က ရှောင်းနင်ကိစ္စ မဖြေရှင်းပေးချင်သည်ကို စုဝမ်ဝမ် သိသည်။

သူ တွေးမိသည့် နောက်ဆုံးအကူအညီ ရယူနိုင်သည့် နေရာသည်ကား ရှောင်းကျန့်  သာလျှင် ရှိတော့သည်။

နောက်ဆုံး တွန့်ဆုတ်စွာနှင့်ပင် ဆုံးဖြတ်ချက် ချလိုက်ရသည်။

သူ ဘယ်လိုပဲ ရှောင်းကျန့် ကို မနှစ်သက်ပါစေ... ။

သူရဲ့ သားငယ်ကို ကယ်တင်ပေးနိုင်မည့်သူဆိုလျှင် ဒူးထောက်ကာ တောင်းဆိုရမည် ဆိုလျှင်တောင် လုပ်မည်ဟု ဆုံးဖြတ်ထားသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now