part23

3.5K 253 9
                                    

Unicode &Zawgyi

(Unicode)

"စေ့စပ်ထားတယ် ဟုတ်လား...အစ်မနဲ့ အဲ့အရူးကောင်ကလေ..  "

ယန်မင်ရှု ဝမ်ရိပေါ် စကားကြောင့် ရယ်ချင်ပက်ကျိ ဖြစ်သွားသည်။

"မဟုတ်ဘူးလား...."

"No...No...! သူ့လို အရူးကို အရူးကလွဲရင် ဘယ်သူမှ မကြိုက်ဘူး...."

"....."

ယန်မင်ရှု၏ စကားကြောင့် ဝမ်ရိပေါ်  သူ့ကိုယ်သူ အရူးတစ်ယောက်လို ခံစားလိုက်ရသည်။

"အာ... sorry အစ်မ သတိလက်လွတ်ဖြစ်သွားတယ်....အစ်မ ဆိုလိုချင်တာ အဲ့လို မဟုတ်ဘူး..."

ဝမ်ရိပေါ် ၏ ပျက်ယွင်းသွားသည့် မျက်နှာ အမူအယာကြောင့် ယန်မင်ရှု အလျင်အမြန် စကားဖာလိုက်ရသည်။

"ရိပေါ်  မင်း ပါးပါး အမှုရဲ့တကယ့် တရားခံ အစစ်က အားကျန့် မဟုတ်ဘူး...."

"Hk...!အဲ့ဒီကိစ္စပဲလား တရားဥပဒေကတောင် အပြစ်ပေးပြီးပြီကို အခုထိ မဟုတ်သေးဘူးလို့ ပြောနေတာလား...."

"တရားဥပဒေဆိုတာ လူချမ်းသာအတွက် ကစားစရာ အရုပ်တစ်ခုလိုပဲ....သက်သေ ဆိုတာ အတု ဖန်းတီးလို့ရသလို လူတစ်ယောက်ကို ချောက်ချဖို့ဆိုတာ တအား လွယ်လွန်းတယ်...ပြီးတော့ ရှိသေးတယ်..တစ်ယောက်ယောက်က...မင်းကို ပြန်ပေးဆွဲပြီး အခု မင်းခေါင်းထဲမှာ စွဲမြဲနေတဲ့ အကြောင်းအရာ တစ်ခုကို ရည်ရွယ်ချက်ရှိရှိ သိစေခဲ့တယ်...."

"ကျွန်တော့်ကို ပြောတယ်နော်....သူ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ....ဒါဆို ဘာလို့ သူပါးစပ်ကနေ သူပါလို့ ဝန်ခံခဲ့ရတာလဲ....."

"ဘာလို့ သူ မလုပ်ခဲ့တဲ့ အရာ တစ်ခု အတွက် ဝန်ခံခဲ့တာလဲ ဆိုရင် ရိပေါ်  မင်းကို ကယ်ဖို့လေ..."

"အဲ့ဒါ မဖြစ်နိုင်ဘူး.. ကျွန်တော်က သူ့အတွက် ကစားစရာ တစ်ခု သက်သက်ပဲ...သူ့အတွက် ခဏတာ ကစားလို့ရတဲ့ လူတစ်ယောက်သာသာပဲ.. "

"သူ အဖမ်းခံထားရတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က  မင်းကို ဖမ်းထားတဲ့ videoကို ပြလာတယ်...မင်းကို အန္တရာယ် ကင်းစေချင်ရင် မင်းကို လွှတ်ပေးစေချင်ရင် သူမလုပ်ခဲ့တဲ့ အမှုကိစ္စကို သူလုပ်ပါတယ် လို့ ဝန်ခံရမယ်....ရိပေါ်  မင်းပြော သူမင်းကို ကယ်ဖို့အတွက် သက်သက်နဲ့ သူ မလုပ်ခဲ့တဲ့ အရာကို သူလုပ်ခဲ့ပါတယ်လို့ပြောခဲ့တယ်.....ဒါဟာ သူမင်းကို မချစ်တော့လို့.. သူမင်းကို မလိုချင်တော့လို့ ပြုလုပ်တဲ့ ကစားကွက် ဖြစ်ပါ့မလား..."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now