part55

2.7K 213 10
                                    

Unicode&Zawgyi

(Unicode)

ဝမ်ရိပေါ်  ယခု ရောက်လာသည့် မိန်းကလေးကို ရင်းနှီးသလို ရှိသည့်အတွက် သေချာ ကြည့်နေမိသည်။

"နှစ်ယောက်တည်း ညစာ စားရမှာ ပျော်ဖို့ မကောင်းဘူးလေ....ပြီးတော့ သူတို့နှစ်ယောက်လုံးနဲ့လည်း အသိတွေဆိုတော့ အတူထိုင်ဖို့ ဆုံးဖြတ်လိုက်တာ....မင်းလည်း သူ့ကို သိပါတယ်... "

ယွင်ဟန် ...ရှောင်းကျန့် ကို ညွှန်ပြရင်း ပြောလာ၏။

"တွေ့ရတာ ဝမ်းသာပါတယ်...ရှောင်းကျန့်.... "

"ကျွန်တော်လည်း ထပ်တူ ဝမ်းသာပါတယ် ကိုယ်စားလှယ် ရိုစီ..."

ရှောင်းကျန့် လည်း ရိုစီကို ပြန်နှုတ်ဆက်လိုက်သည်။

"ရှောင်းကျန့် ...ကျွန်မ ဒီမှာ ထိုင်လို့ ရမလား..."

"ရပါတယ်...."

ရိုစီက ရှောင်းကျန့် ဘေးက ခုံမှာ ဝင်ထိုင်လိုက်သည်။

ရှောင်းကျန့်က ရိုစီ၏ အပြုအမူကြောင့် 
ဝမ်ရိပေါ်  ကို ကိုကိုနဲ့ ဘာမှ မဆိုင်ဘူးနော် ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်နေသည်။

ဝမ်ရိပေါ်  ကမူ စိတ်ထဲတောင် မထားသည့်အလား ပြုံး၍သာ ကြည့်နေသည်။

"ရိပေါ်  ကိုယ် မိတ်ဆက်ပေးရဦးမယ်.... ဒီမိန်းကလေးက ကိုယ်ရဲ့ သူငယ်ချင်း ရိုစီ....
ရိုစီ သူက ငါ့ တစ်ဝမ်းကွဲ ညီလေးရဲ့ သူငယ်ချင်း ဝမ်ရိပေါ် ..."

ယွင်ဟန်.... ရိုစီနဲ့ ဝမ်ရိပေါ်  ကို အပြန်အလှန် မိတ်ဆက်ပေးနေလိုက်သည်။

ရှောင်းကျန့် သည်ကား သိသိသာသာကို အပစ်ပယ်ခံထားရသည်။

ဟိုတစ်နေ့က သူ့ကို ဓာတ်ပုံ တစ်ပုံကြောင့် ပစ်ပစ်ခါခါ အထင်လွဲထားသည့် သူ့ချစ်ဇနီးလေးက  ယခုတော့ ရိုစီနဲ့ အရမ်းကို လေပေးလေယူမျှနေသည်။

သူ တဖြည်းဖြည်း  သတိထားလာမိသည်က  ရိုစီနဲ့ ယွင်ဟန်၏ ပတ်သက်မှုက မရိုးရှင်းနိုင်ချေ။

ဝမ်ရိပေါ်  ထံသို့ ရောက်လာသော ဓာတ်ပုံ၏ နောက်ကွယ်က တရားခံမှာ ယွင်ဟန် ဖြစ်နိုင်ချေရှိသည်။
သူ စဉ်းစားလေ ထိုအတွေးက ဖြစ်နိုင်ချေရှိလေပင်....။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now