part70

2.9K 189 14
                                    

Unicode&Zawgyi

(Unicode)

ဝမ်ရိပေါ်  ပတ်ဝန်းကျင် က အသံတို့ကို
မကြားနိုင်လောက်တော့တဲ့အထိ  သတိမမူမိဘဲ အသက်မဲ့စွာ ရပ်နေမိသည်။

သူ့ရှေ့က ရှိနေခဲ့သည့် တံခါး ရုတ်တရက် ပွင့်သွားချိန်မှာတော့ သူကိုယ်တိုင်တောင်  မသိလိုက်မိပါပဲ မျက်ဝန်းတစ်စုံ ကို ပိတ်ချလိုက်မိသည်။

ကြောက်သည်။

ဝမ်ရိပေါ်   အနေနှင့် အမှန်တကယ်
စိုးထိတ်မိသည်။

ထို အခန်းထဲ မှာ ရှိနေသည့် သူက
မိမိ မြတ်နိုးရသူ ဖြစ်မှာကို
အမှန်တကယ်ကြောက်ရွံ့သည်။

သို့သော် ဝမ်ရိပေါ်   ၏ စိုးထိတ်မှုတို့က အမျိုးသမီးတစ်ယောက် ၏ ပြောသံအောက်မှာ မြူ ငွေ့များလို လွင့်ပါးခဲ့ရသည်။

ဝမ်ရိပေါ်  ထိုအမျိုးသမီးရဲ့ စကားကို အတည်ပြုရန် အခန်းထဲသို့ ကြည့်လိုက်သည်။

သို့သော် မဖွယ်မရာ မြင်ကွင်းကြောင့်
လျှင်မြန်စွာ ပဲ အကြည့်လွှဲလိုက်သည်။

အခန်းထဲ ရှိ ယောကျာ်း မှာ ရှောင်းကျန့်  ဟုတ်မနေသည့် အတွက် သူ တကယ်ကို ဝမ်းသာမိသည်။

"ကျေးဇူးပါ..... တကယ် ကျေးဇူးတင်ပါတယ် ကိုကို
အခန်းထဲ မှာ ရှိနေတဲ့သူက ကိုကို ဟုတ်မနေတဲ့အတွက်.....ကျေးဇူးတင်ပါတယ်... "

ဝမ်ရိပေါ်  ရဲ့မျက်ဝန်းတို့မှာ ဝမ်းသာလွန်း၍ မျက်ရည်လေးများတောင် ဝေ့သီလာသည်။

သူ အခုချိန်မှာ အမှန်တကယ် စိုးရိမ်နေသည်က ရှောင်းကျန့်  မိမိ အပေါ် သစ္စာဖောက်သွားမည့်အကြောင်းကို မဟုတ်ပေ....။

မိမိ ချစ်မြတ်နိုးရသည့် လူ  ၏ ဂုဏ်သိက္ခာ ပျက်ပြားသွားမည်ကိုသာ
မလိုလားခြင်း ဖြစ်သည်။

ပိုဆိုးသည်က မိမိ မှာ ထိုအခြေအနေ၏ နောက်ကွယ်က အကြောင်းအရင်းကို
သိနေရဲ့သားနဲ့
မကာကွယ်ပေးလိုက်နိုင်မည်ကိုပင်....။

ယခုတော့ ထိုအခန်းထဲမှာ ရှိနေသည့် ယောကျာ်းက ရှောင်းကျန့်  မဟုတ်သည့်အတွက် ဝမ်ရိပေါ်   အတော်လေး စိတ်သက်သာရာ ရသွားသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now