part54

2.5K 189 2
                                    

Unicode&Zawgyi

(Unicode)

အကို ယွင် လား။
ဝမ်ရိပေါ် မှတ်ချက် တစ်ချက်သာ ပြု ပြီး သူစားစရာရှိတာကို ဆက်စားနေလိုက်သည်။

ရှောင်းကျန့် ကတော့ ပိုမို၍ မျက်နှာ သုန်မှုန်လာသည်။

"တိုက်ဆိုင်လိုက်တာ ဝင်လာကတည်းက ကြည့်နေတာ ရိပေါ် နဲ့ တူပါတယ် လို့...."

ယွင်ဟန် ဝမ်ရိပေါ်  ကို နှုတ်ဆက်စကားဆိုလာ၏။

ဝမ်ရိပေါ်  အစက ယွင်ဟန်ကိုလျစ်လျူ ရှုထားသော်လည်း တစ်ဖက်က သူ့ကို တိုက်ရိုက်နှုတ်ဆက်လာသည်မို့ မငြင်းသာတော့ချေ။
ပြန်လည် နှုတ်ဆက်ရန်သာရှိတော့သည်။

"အကို ယွင် ပါလား...."

"ဒါနဲ့ နှစ်ယောက်သား ဒိတ်လုပ်နေကြတာလား..."

ယွင်ဟန် ရှောင်းကျန့်  ကို တစ်လှည့်
ဝမ်ရိပေါ်  ကို တစ်လှည့် ကြည့်ရင်း မေးလိုက်၏။

"သိရင် ထွက်သွားသင့်ပြီ...."

ရှောင်းကျန့်ထံမှ မကျေလည်သည့် အသံက တိကျပြတ်သားစွာ ထွက်လာ၏။

"ရိပေါ် ကိုယ်လည်း ညစာ လာစားတာလေ....
ဒါနဲ့ ကိုယ်ရော ရိပေါ်  တို့နဲ့ အတူ ထိုင်လို့ ရမလား..."

ယွင်ဟန်သည်ကား ရှောင်းကျန့် ကို လျစ်လျူ ရှုကာသာ ဝမ်ရိပေါ် အား အပြုံးလေးဖြင့် ဆက် ပြောနေသည်။

ရှောင်းကျန့် ထိုသူ့ကို လက်ခံမည် မဟုတ်မှန်း ဝမ်ရိပေါ် သိသည့်အတွက်  ငြင်းပယ်ရန်သာ ရွေးချယ်လိုက်သည်။

"တစ်ခြားဝိုင်းအလွတ်တွေ ရှိတာပဲ.... ဘာလို့ အဲ့ဒီဝိုင်းတွေမှာ သွားမထိုင်တာလဲ...."

ဝမ်ရိပေါ်  ပင် ငြင်းဆန်စကား မဆိုရသေး
ရှောင်းကျန့်  က အရင်စကားဆိုလာ၏။

ရှောင်းကျန့် စကားကြောင့် ယွင်ဟန် မျက်ခုံး တစ်ဖက်က ပင့်တက်သွား၏။

"ကိုယ်က ဒီမှာပဲ ထိုင်ချင်တာ ဆိုရင်ရော..."

ယွင်ဟန် ထိုသို့ ပြောပြီးတာနဲ့ ဝမ်ရိပေါ်  ဘေးက ခုံမှာ ဝင်ထိုင်လိုက်သည်။

ဝမ်ရိပေါ်  မှာ ပို ၍ အခက်တွေ့သွားချေ ပြီ။
ထိုင်နေပြီးသည့် သူကိုအခုချက်ချင်း ထသွားဟု ပြောရန်လည်း အဆင်မပြေ။
ထိုလူ့ကို မထခိုင်းရင်လည်း မိမိရှေ့က လူမှာ ရွာတော့မည့်မိုးနှယ် အုံ့မှိုင်း၍ နေလေပြီ။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now