part42

3K 213 10
                                    

Unicode&Zawgyi

(Unicode)

ယန်မင်ရှုသည်လည်း ယွမ်ချင်လုပ်ငန်းစု ၏ ရှယ်ယာရှင် တစ်ယောက် ဖြစ်သည်မို့ နေ့လည်ပိုင်း တွင် ကျင်းပသည့် ရှယ်ယာရှင် အစည်းအဝေး ပွဲသို့ တက်ရောက်သည်။

ပုံမှန် ပြုလုပ်လေ့ရှိသည့် အစည်းအဝေး ပွဲဖြစ်သော်လည်း ရှောင်ချန်ယင်း မှာ နောက်တစ်ပတ်တွင် ပြုလုပ်မည့် ဒုဥက္ကဌ ရာထူးအတွက် ရှယ်ယာရှင် အများစု ထံမှ အကောင်းမြင်ခံရဖို့ လိုအပ်နေသည်။

ရှောင်းကျန့် ယွမ်ချင်လုပ်ငန်းစု ကို ပြန်ရောက်လာကတည်းက ရှောင်ချန်ယင်း၏ စွမ်းဆောင်သည့် စွမ်းဆောင်ရည်တိုင်းမှာ
ရှောင်းကျန့်  အောက် ယုတ်လျော့လာသည်။

ထိုအတွက် ယခုပြုလုပ်သည့် အစည်အဝေးကို ရှောင်းချန်ယင်း အရမ်းအလေးထားနေခြင်းဖြစ်၏။

ယွင်ဟန် မှာ အလုပ် အကိုင်မရှိသည့် လူတစ်ယောက်အလား ထင်ရစေသည်။

အချိန်တိုင်းလိုလို ဝမ်ရိပေါ်  နားတွင် ရှိနေတတ်သည်။

ယခုလည်း ဝမ်ရိပေါ်  နှင့်အတူ ရှိနေ၏။

ဤ coffee bar က ကော်ဖီကို နှစ်သက်သည် အခြားဆိုင်က ကော်ဖီကို မကြိုက်ဟု အကြောင်းပြကာ ညနေတိုင်း လာလေ့ရှိသည်။

ဝမ်ရိပေါ်  အစက စိတ်ရှုပ်သလို ခံစားရသော်လည်း အခုနောက်ပိုင်း ယွင်ဟန်၏ စိတ်ရင်းကို နားလည်လာ၍ သိပ်ပြီး စိတ်အနှောင့်အယှက်မဖြစ်တော့။ ကျိုးချန်၏ ဝမ်းကွဲ အစ်ကို ဆိုသည့် အချက်ကြောင့်လည်း ဖြစ်နိုင်သည်။

ယွင်ဟန်အပေါ် ဝမ်ရိပေါ်၏ အကောင်းမြင်စိတ်က ရှောင်းကျန့် ၏ သဝန်တိုစိတ်ကို ပိုမို ဆိုးရွားစေ၏။

"အစ်ကို ယွင် ပြန်သင့်ပြီ မထင်ဘူးလား...."

ဝမ်ရိပေါ် ... ယွင်ဟန် အပေါ် အကောင်းမြင်စိတ် ထားလာမိပြီ ဆိုသော်လည်း
ထိုသူနှင့် ခပ်ခွာခွာ နေလိုသည်။

ရှောင်းကျန့် သူ့အပေါ် အထင်လွဲမှားမည်ကို သူမလုပ်လိုပေ။

သူ့ဘက်က ပြောနေသော်လည်း ယွင်ဟန်ထံမှ တုံ့ပြန်ချက်မရ....။
ယွင်ဟန် ပုံစံမှာ တစ်ခုခုကို နာကျင် ခံစားနေရပုံ ပေါ်သည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now