part72

2.9K 171 24
                                    

Unicode&Zawgyi

(Unicode)

ရှောင်းချန်ယင်း ညငှက် အဖြစ် ကျက်စားသည့် မိန်းမတစ်ယောက် ကို ခေါ်ပြီး ရှောင်းကျန့် ကို ချိန်းဆိုထားသည့် နေရာသို့ ရောက်လာခဲ့သည်။

သို့သော် ရှောင်းချန်ယင်း အခန်းထဲ ဝင်လိုက်ချိန်တွင် အခန်းထဲတွင် ရှောင်းကျန့်
တစ်ယောက်သာ ရှိနေသည် မဟုတ်.... ။
အခြား တစ်ယောက်ပါ ရှိနေခဲ့သည်။
ပိုဆိုးသည်က ထိုအခြားတစ်ယောက်မှာ သူ အကူအညီတောင်းခဲ့သည့် သူဖြစ်နေခဲ့ခြင်း ပင်။

သူက ဘာလို့ ဒီမှာ ရှိနေတာလဲ။ ဒင်းကြောင့် ငါ့အစီအစဉ် ပျက်တော့မှာပဲ ။
အချိန်တိုအတွင်း ဒင်း ထွက်သွား အောင် ဘယ်လို လုပ်ရပါ့။
ငါ့မှာ ဟိုအကောင်ကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ဆေးခတ်ထားရတာ။
ဒါပေမဲ့ ကိစ္စ တော့မရှိလောက်ပါဘူးလေ။
သူနဲ့ငါက တစ်လှေတည်းစီးတွေပဲ။
ရှောင်းကျန့်  သာ ပြိုလဲသွားရင်
သူလိုချင်တဲ့သူက သူ့လက်ထဲ
ရောက်လာမှာပဲဟာ။

ရှောင်းချန်ယင်း သူ့ကိုယ်သူ   စိတ်သက်သာရာ ရစေရန် ဖြေသိမ့်လိုက်၏။

သို့သော် ရှောင်းချန်ယင်း အတွေးများနေချိန်တွင် ရှောင်းကျန့်  နဲ့ ယွင်ဟန်မှာ စကားစစ်ထိုးနေရာမှ အက်ျီကော်လံကို ဆောင့်ဆွဲသည့်အထိ ဖြစ်သွားသည်။

ရှောင်းကျန့်  သူ့ရှေ့က လူကို  သည်းခံနိုင်စွမ်းကုန်ဆုံးလာပြီး  အက်ျီကော်လံကို ဆောင့်ဆွဲသည်အထိ ဖြစ်သွား၏။

ယွင်ဟန်ကတော့ ထိုအခြေအနေကို စိတ်တောင်မကွက်ပေ။

"မင်း...ကိုယ့်ကို မမြင်ချင်ရင် မင်းထွက်သွားလေ....ဘာလို့ ဒီအခန်းထဲ မှာ ဆက်နေသေးလဲ...."

ယွင်ဟန်ပြောလိုက်သည်ကို ကြားသည်နှင့် ရှောင်းချန်ယင်းရပ်ကြည့်မနေနိုင်တော့ပေ။
အကယ်၍ ရှောင်းကျန့် သာ ထွက်သွားလျှင် သူ့အစီအစဉ် ပျက်သွားလိမ့်မည်။

"ဥက္ကဋ္ဌ ယွင်လည်း ဒီမှာ ရှိနေတာပဲ...."

ရှောင်းချန်ယင်း စကားလမ်းကြောင်း ရှာကာ သူ့ကို သိရှိအောင် အရိပ်အမြွက် ပြလိုက်သော်လည်း ယွင်ဟန်ကမူ သူ့ကို အဖတ်တောင်မလုပ်ပေ။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now