part28

3.4K 232 6
                                    

Unicode &Zawgyi

(Unicode)

ယွမ်ချင်လုပ်ငန်းစု၏ ဥက္ကဋ္ဌ ရုံးခန်းထဲတွင်
ရှောင်းစုဖန်းနဲ့အတူ လူတစ်ယောက်ထိုင်နေသည်။

ရှောင်းစုဖန်း ၏ မျက်ဝန်းတို့တွင်
ထိုလူ့အတွက် သနားမှု၊ ဝမ်းနည်းမှု၊ 
တာဝန်မကျေမှုတို့ပြည့်နေသည်။

ထိုလူကား အခြားသူမဟုတ်။
ရှောင်းကျန့် ပါပင်။

ရှောင်းကျန့် သူ့အနေနှင့်တွေးမိသည်။

ရှောင်းချန်ယင်းတို့အုပ်စုက မိမိကို ဒီရုံးခန်းထဲက နေရာမှာ မထိုင်စေချင်တာမလား။
အဲ့တော့ လွယ်ပါသည်လေ။ မိမိလိုချင်သည့် အရာ ရဖို့ ရန်သူမလိုလားတဲ့ အရာကို လုပ်ပြီး... ရန်သူ့စိတ်ကို ဆွပေးလိုက်ရုံပင်။

"သားငယ် အခုမှပဲ အဖေ့ဆီမျက်နှာလာပြတော့တယ်..တကယ်တမ်းဆို မင်းအပြင်မှာ ရောက်နေတာ ၆လလောက်တောင် ရှိလောက်ပြီမလား.. "

"ကျွန်တော် တောင်းပန်ပါတယ် အခြေအနေတွေက ဒီလို ဖြစ်သွားတော့ ကျွန်တော် စိတ်တည်ငြိမ်အောင်လုပ်ချင်လို့ပါ....
ဒါကြောင့် ...ကျွန်တော် စိတ်ပြေရာ ပြေကြောင်း အပြင်မှာ နေနေတာ "

ရှောင်းကျန့် အပြုံးနုနု ဆင်မြန်းလိုက်ပြီး ရှောင်းစုဖန်းကို ပြန်လည်တုံ့ပြန်လိုက်သည်။

"အခုလို ပြန်လာပေးတာပဲ အဖေ ကျေနပ်ပါတယ်...
အခု ပြန်လာပြီဆိုတော့ အဖေ့ရဲ့ အလုပ်တွေမှာ ကူညီပေးရင်ကော သားငယ် ဘယ်လို သဘောရလဲ...."

"ကျွန်တော် ကူညီပေးချင်ပါတယ်....ဒါပေမဲ့ လုပ်ငန်းကျွမ်းကျင်မှုက မရှိတော့...."

"သမီး ချန်ယင်းက သားငယ် အဆင်ပြေပြေ အလုပ်လုပ်နိုင်အောင်  ကူညီပေးနိုင်တာပဲ.... ပြီးတော့ အဖေ ချန်ယင်းကို ခေါ်ခိုင်းထားတယ်... ခဏစောင့်...."

ရှောင်းကျန့်... ရှောင်းစုဖန်း ကို ခေါင်းညိမ့်တုံ့ပြန်လိုက်ပြီး သူ့ရှေ့က လက်ဖက်ရည်
ခွက်ကိုသာ သောက်နေလိုက်သည်။

တစ်ဖက်၌...

ရှောင်းချန်ယင်း မှာ ရှောင်းနင်၏ အမွှေထုပ်များကို ရှင်းနေရသည့်အတွက် လွန်စွာ စိတ်ရှုပ်နေသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now