part13

3.4K 247 5
                                    

Unicode &Zawgyi

(Unicode)

အချိန်နှစ်နှစ်ဆိုသည့် ကာလမှာ ရှည်လျားသည်ဟု ထင်ရသော်လည်း တကယ့်ကို တိုတောင်းပါသည်။

ရက်ပေါင်း ၇၃၀ ရက်အတွင်း မြောက်မြားစွာသော စက္ကန့်တို့အတွင်းမှာ မရေတွက်နိုင်သော ပြဿနာ တို့သည်လည်း ဖြစ်ပွားခဲ့သည်။

ဝမ်ရိပေါ်  မှာ ဤ နှစ် နှစ်တာ ကာလအတွင်း အပြုအမူ က အစ ပြောင်းလဲခဲ့သည်။

အရင်က အပြစ်ကင်းစင်သည့် နူးညံ့သည့်
ပုံစံတို့ မြူမှုန်မြူမွှားမျှပင်မရှိတော့။

Goldnessဟုခေါ်သည့် bar တစ်ခုအတွင်း၌ ...

ထင်ရှားသည့် မေးရိုးခပ်သွယ်သွယ်....အနည်းငယ် မတိုမရှည် ဖြစ်နေသည့် ရွှေအိုရောင် ဆံပင်ကို တစ်ဝက်မကျတစ်ကျ စုစည်းချည်ထားသည့် လူငယ်လေးရှိနေသည်။

ဝမ်ရိပေါ်မှာ လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ကျောင်းထွက်ခဲ့ပြီး ညဘက်ဆိုလျှင် ဤ bar ၌ အလုပ်လုပ်ပြီး နေ့ဘက်ဆိုလျှင် coffee barတစ်ခုတွင် အလုပ်လုပ်သည်။

"ဟေ့ကောင်....ဟို ရွှေအိုရောင် လေးက ချောလိုက်တာ.... "

ထို bar ၏ တစ်နေရာတွင် ရှောင်းနင်တို့ အုပ်စု ရှိနေခဲ့သည်။

"ရွှေအိုရောင်လား....အဲ့ဒါ အဖွားအိုကြီး မဟုတ်ဘူးလား..."

ဘေး၌ ရှိနေသည့် သူက အရက်တစ်ငုံအရင် သောက်လိုက်ပြီးနောက် ရှောင်းနင်၏ စကားကို ပြန်တုံ့ပြန်လိုက်၏။

"နင့်ကြီးတော်...မင်းမျက်လုံးက အဖွားကြီးပဲ မြင်တာလား....ငါပြောတာ ဟိုဘက်ကရွှေအိုရောင် ဆံပင်နဲ့ ကောင်လေးကို ပြောတာ...."

"ဟေ့ကောင်...အားနင်...အဲ့ဒါ ယောကျာ်းကြီးနော်...."

"သိတယ်လေ.... ဒါပေမယ့် သေချာ ကြည့်လေ....မိန်းကလေး ထက် ချောတယ် မထင်ဘူးလား...."

"မင်း....မင်း တကယ်ကြီးလား.... "

ရှောင်းနင် သူငယ်ချင်း တွေထဲက တစ်ယောက်က မျက်နှာရှုံမဲ့စွာဖြင့် မေးမြန်းလာသည်။

ရှောင်းနင်ကမူ ထိုအမေးကို ပြန်ဖြေ ဖို့ထက် သူမြင်နေရသည့်အလှလေးထံ ခြေလှမ်းတည်ရန်သာ ပြုနေသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now