Part 1

32.2K 1.2K 34
                                    

Zawgyi

ဘေးအိမ်က ကားသံတွေ တတီတီနဲ့ ပစ္စည်းတွေ
ရွှေ့သံ ကြားနေရတာမို့ စစ်ခွန်းသ ၀ရံတာကနေ
လှမ်းကြည့်လိုက်သည်။

စစ်ခွန်းသ တို့ နေတဲ့ ရပ်ကွက်က သံလွင်လမ်း၊
ဝန်ဒါမီယာဝင်းထဲမှာ ဖြစ်ပြီး တကယ့်
လူချမ်းသာတွေပဲနေတဲ့ ဆိတ်ငြိမ်ရပ်ကွက်
ဖြစ်သည်။

အပေါ်စီးဝရံတာကနေ ကြည့်ရင်း ဒီရပ်ကွက်ထဲ
ပြောင်းလာမှတော့
ဘေးအိမ်က ပြောင်းလာတဲ့လူတွေက
နည်းနည်းနောနော အသိုင်းဝိုင်းထဲက မဟုတ်မှန်း
၁၀ နှစ်သားလေး စစ်ခွန်းသ တောင် တန်းသိ
လိုက်၏။

စစ်ခွန်းသ ဝရံတာကနေ ဘာရယ်မဟုတ် ကြည့်နေရင်း မျက်လုံးထဲ ၀င်လာတာက စူးစူးရှရှမျက်ဝန်းတွေနဲ့ အိမ်ပိုင်ရှင်ဖြစ်ပုံရတဲ့ အမျိုးသမီး လက်ထဲက
၃နှစ်အရွယ် ကလေးလေး။

အဝေးကနေမို့ သေချာမမြင်ရပေမဲ့ မိခင်လက်ထဲမှာ
ဟိုကြည့်ဒီကြည့် စူးစမ်းနေတဲ့ ကလေးလေးက
သိပ်ချစ်ဖို့ကောင်းတာာတော့ အမှန်။
အဝေးကနေ ကြည့်တာတောင် ဖြူဥနုဖတ်နေသည့်
အသားအရေက ထင်ထင်ရှားရှား။

ကလေးက ရုတ်တရက် စူးစူးဝါးဝါး ဗြဲခနဲ
ထငိုသည်ကို မြင်လိုက် ရတော့ စစ်ခွန်းသ
ရုတ်တရက်ပြုံးမိသွားသည်။ အငိုသန်တဲ့
အူကြူးပေါက်စ ။သူ့အမေ မှာ ပစ္စည်းတွေ
ချနေရင်း ကလေးကိုလည်း ချော့နေရသေးသည်။

အာပြဲနဲ့ ငိုနေတဲ့ ဖြူ ဖြူ ဖွေးဖွေး ကလေးပေါက်စကို တို့ထိပြီး စနောက်ချင်တဲ့စိတ်က ဘယ်တုန်းကမှ
ကလေးမချစ်တတ်ခဲ့တဲ့ စစ်ခွန်းသ ရင်ထဲမှာ
တဖွားဖွားပေါ်ပေါက်လာသည်။

ခဏနေတော့ ပစ္စည်းတွေ ချလို့ ပြီးသွားပြီထင်ပါရဲ့။
ကားတွေ အလျှို လျှို ပြန်ထွက်သွားတာကို
မြင်လိုက်ရသည်။ ကလေးကို ချီထားတဲ့ အမျိုးသမီးက နေရာချထားရမဲ့ ပစ္စည်းတွေကို ကြည့်ရင်း
ချွေးသုတ်ရင်း သက်ပြင်းရေးရေး ချလိုက်သည်ကို
့မြင်လိုက်ရသည်။

စစ်ခွန်းသ အောက်ထပ်ကို ဆင်းလာပြီး ဧည့်ခန်းထဲမှာ ဖုန်းသုံးနေတဲ့ Daddy ဆီ လှမ်းလိုက်၏။

"Daddy"

ပြော ဆိုတဲ့ အဓိပ္ပါယ်နဲ့ မျက်ခုံးပင့်လာတဲ့
ှDaddy ကို ကြည့်ရင်း

Jay Jay:🍩🍩Where stories live. Discover now