Ep 1

323 29 12
                                    

Uni....

*ring ring ring...*

Meetingအတွက်လိုအပ်တဲ့ အချက်အလက်​တွေကို ပြန်ဖတ်ရင်း မြည်လာတဲ့ ဖုန်းသံ​ကြောင့် စားပွဲ​ပေါ်က ဖုန်းကို Krisယူကိုင်လိုက်သည်...

'​ပြော!...'

မာထန်ထန်​လေသံက ကြားရသူအဖို့ ​​ကျောချမ်းစရာပင်...

'Boss... အကို​လေး ​ပျောက်သွားပြန်ပြီ...'

'အခု​တွေ့ပြီလား...'

'ရှာ​နေတုန်းပါ Boss...'

'​အေး​တွေ့တာနဲ့ အပြင်ပြန်မထွက်​စေနဲ့​တော့ကြားလား...'

'ဟုတ်ကဲ့ပါ....'

'ငါပြန်လာတဲ့အထိ တံခါးအားလုံးကို ​သော့ခတ်ထား....'

Kris​ပြောပြီးတာနဲ့ ဖုန်းချကာ စားပွဲ​ပေါ်ပစ်တင်လိုက်သည်...

အလုပ်​ကြောင့်ပင်ပန်းတာထက် ဒီက​လေး​ကြောင့် စိတ်ပင်ပန်းရတာက ပို​နေသည်... သူ ပျောက်တယ်ဆိုတာကြားတာနဲ့ Kris စိတ်ပူခြင်းတို့​က အရင်ဝင်လာသည်...

*ပါးနဲ့မား​ရေ ကျွန်​တော်​တော့ Chanyeolကို ရှေ့ဆက်ပြီး ဘယ်လိုထိန်းရဦးမှာလဲ... ကျွန်​တော်တကယ်ပင်ပန်း​နေပြီ...*

တကယ်ပါ တစ်ခါတစ်​လေ ဒီဘဝက​နေလွတ်​မြောက်ချင်မိသည်အထိ Kris​တွေးမိတာ...

ကိုယ်မပိုင်တဲ့ပစ္စည်းဥစ္စာ​ရော သက်ရှိကို​ရော စောင့်​ရှောက်​ပေး​​နေရတာ Kris တကယ်ပင်ပန်းလာပြီ...

ဒါ​ပေမယ့်လည်း လောကကြီးထဲ တစ်​ယောက်တည်းကျန်ရစ်ခဲ့မည့်သူကို​တွေးမိ​တော့ ဘယ်​လောက်ပဲ ပင်ပန်း​နေပါ​စေ Krisထွက်မသွားရက်ခဲ့ပါ...

*​ဒေါက် ​ဒေါက် ​ဒေါက်...*

"ဝင်ခဲ့ပါ..."

"Boss အစည်း​ဝေးသွားရ​တော့ပါမယ်..."

"​အေး ငါသိပြီ..."

Krisရဲ့ P.A(personal assistant)ဖြစ်​သော Oh Sehun သတိလာ​ပေး​တော့မှ အစည်း​ဝေး သွားဖို့ရာ အခန်းထဲမှ ထွက်လာခဲ့လိုက်​တော့သည်...

အစည်း​ဝေးလုပ်​နေချိန်အတွင်း​ရောက်လာ​သော messageကို ကြည့်ပြီး Kris စိတ်ပူ​နေခြင်းတို့​လျော့သွား​တော့သည်...

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now