Part(39)

4.3K 305 13
                                    

Zawgyi

“ပြုံးပျော်နေပုံပေါက်ရင်တော့ ငါ့ညီမင်းပြန်ကောင်း
နေပုံပဲ”

“အကိုပြောမှပဲ နာလာသလိုပဲ”

“မနိုင်ဘူးဟေ့ မနိုင်ဘူး”

လန်ကျန်ကိုစစ်ဆေးရှိတာတွေစစ်ဆေးပြီးနောက်မှာတော့ ရှိချန်းလည်းမှာသရာရှိတာမှာလို့ ဂျူတီ
ဆီပြန်ထွက်သွားတော့တယ်။ အိန်း.....အခန်းထဲ
မှာတော့ လန်ကျန်တယောက် ဝေရင်းလက်က်ုမလွှတ်တော့ပေ။

“ဒီမှာ ခင်များကျနော့်လက်ကိုကိုင်ထားပြီဘာလုပ်
နေတာလဲ”

“မင်းထားသွားမှာဆိုးလို့”

“ကျနော်မထားခဲ့တော့ပါဘူးလို့ ပြောပြီးပြီလေ”

“တကယ်လား ကတိပေး”

“ပေးတယ်ဟုတ်ပြီလား”

“မင်းလက်ကိုမလွှတ်ချင်သေးဘူးဝေရင်း ဖြစ်နိုင်
ရင်အမြဲတွဲထားချင်တယ်”

“ခင်များကတော့လေ....”

ခေါင်းလေးတရမ်းရမ်းနဲ့ရီနေတဲ့ဝေရင်း။ ထိုပေါ့ပေါ့ပါးပါးအပြုံးလေးက ကိုနှလုံးသားကို အေးချမ်းသေတဲ့လက်နက်တစ်ခုပဲဝေရင်း။

“သားရော”

“သားကိုသတိရသေးတာပဲ သူ့အဘွားတွေနဲ့ ပါ
သွားတယ်”

“သားကကို့ကိုလက်ခံပါ့မလားဝေရင်း”

“ဒါခင်များနဲ့ဆိုင်တာလေ သားလက်ခံလာအောင်
လုပ်ပေါ့”

“အွန်းပါ ဒါနဲ့ခင်များ ခင်များနဲ့နော်ဝေရင်း ကို့ကို
ဘယ်လိုတွေခေါ်နေတာလဲ”

“ဘယ်လိုခေါ်ခေါ်ပေါ့”

“ကိုလို့ခေါ်ပါလား”

“ခေါ်ပါဘူး ခင်များလို့ပဲခေါ်မှာ”

“ကိုလည်းမခေါ်ချင်လည်း လန်ကျန်လို့ပဲခေါ်ပါ
လားကွာ ခင်များလု့်မခေါ်နဲ့နော် ကို့အပေါ်စိမ်း
ကားတယ်လို့ခံစားရတယ်”

“လန်ကျန်လို့ပဲခေါ်မယ် ရပြီလား”

“အွန်း”

“နာလား”

“ဘာလဲ”

“ခင်များ....အဲလန်ကျန်ဒဏ်ရာတွေက အရမ်းနာ
လားလို့”

Stop  S-1(Completed)Where stories live. Discover now