Part(21)

4.3K 394 37
                                    

Zawgyi

ဝေရင်းရဲ့ကံကိုကနာကျင်ရမှနေသာနေလားတော့
မသိပါ တနေ့မဟုတ်တနေ့ အမျိုးမျိုးနာကျင်ခံစား
ရပါတယ်။ လန်ကျန်သည်လည်း သူခံစားရအောင်
တမင်လုပ်နေတာလားလို့ မေးလိုက်ချင်ပါတယ်။

ဒီနေ့ကတော့ရုံးပိတ်ရက်လေးပေါ့။ လန်ကျန်ဒီနေ့
တစ်နေ့လုံးအိမ်မှာနေမယ်ထင်ပါတယ်လေ။ ဒါဆို
ချစ်ရသူကို ဝေရင်းလည်းအပြည့်အဝမြင်ရပြီပေါ့။
တနေ့ထက်တနေ့ လန်ကျန်အပေါ်ချစ်လာမိတယ်

ထိုအချစ်တွေကြောင့်လားမသိ လန်ကျန်ကဒဏ်ရာ
တို့ပေးလည်း သူမမုန်းမိဘူး။ ချစ်ရသူစိတ်ပြေမယ်
ဆို သူနာကျင်ရလည်း နေပျော်ပါတယ်။

မနက်ခင်စောစောလေးမို့ လန်ကျန်စားချင်မဲ့ မုန့်
လေးတွေကိုယ်တိုင်ပြင်ဆင်ပေးမိတယ်။ သူစား
ချင်စားမစားချင်နေပါ သူ့အကြိုက်လေးတွေ လုပ်
ပေးခွင့်ရရုံနဲ့ ပျော်ရပါတယ်။

မကြာပါဘူးအိမ်ရှေ့မှကားသံနှင့်အတူ အိမ်ထဲ
ပြေးဝင်လာကြတဲ့ ကောင်လေး4ယောက်။ ပြော
မနေတော့ပါ စစ်ကျွေးတို့အုပ်စုဖြစ်ရမယ်။
စစ်ကျွေးတို့အုပ်စုကတော့ ဝေရင်းကိုအတော်
ခင်တွယ်နေကြသူများပင် ကျောင်းပိတ်တိုင်း ဝေ
ရင်းဆီတစ်ဖွဲ့လုံးရောက်လာတတ်တာမို့ ဝေရင်း
လည်း ပျော်ရတာပေါ့။

ခုလည်းလူစုံတတ်စုံကုလားဘုရားလှည့်သလို ဒုန်း
စိုင်းဝင်လာတာမို့ ဝေရင်းပြောရအုန်းမယ် လန်ကျန်
က အိပ်နေတယ်မို့လား။ ကြားရက်တွေမှာ အလုပ်
ကြောင့်ပင်ပန်းနေတာမို့ ပိတ်ရက်လေးမှာအေး
ဆေးနားစေချင်လို့ပါ။

“ကဲ မင်းတို့တွေတိုးတိုးမနေကြဘူးလား ”

“အကိုဝေရင်းကတော့ အကဲကပိုပြန်ပြီ သူမကြား
ပါဘူးဗျာ”

ကျင်းရီကပိုရန်ကောဆိုပြီး နှာခေါင်းရှုံ့နေတာမို့
ဝေရင်းတို့ကပြန်သာပြုံးပြမိပါတယ်။ ထိုကလေး
တစ်စု သူရှိနေတဲ့မီးဖိုခန်းထဲဝင်လာလေသည်။

“အကိုဝေရင်း ဒီနေ့နားရက်ဆိုတော့လေ ဒီမှာစာ
လည်းဝိုင်းကျက်ပြီး ဒီမှာပဲနေလို့ရတယ်မလား”

“ရသားပဲစစ်ကျွေးရာ နေသာသလိုနေပါ ဒါနဲ့မနက်စာစားလာကြလား”

Stop  S-1(Completed)Where stories live. Discover now