Extra (1)

4.2K 258 5
                                    

Zawgyi

ကိုတို့ရဲ့စတွေ့ပုံကနောက်ကျခဲ့တာလား? ကို့ဘဝ
မှာအချစ်စစ်လို့ယုံကြည်ခဲ့တဲ့သူမကို မြတ်မြတ်နိုး
နိုးချစ်ခဲ့တယ်။ အားလုံးရဲ့ပြောစကားတွေကိုဖယ်
ရှားလို့သူမကို့သာ ကို့ဘဝလို့သက်မှတ်ခဲ့တယ်။

သို့သော်မထင်မှတ်ချိန်မှာပဲ မင်းနဲ့စတွေ့ခဲ့တယ်။
တမူထူးထူးခြားခြားလေးပေါ။ အဲ့နေ့ညကိုမူးနေခဲ့
တဲ့ညက အိမ်သာထဲထိုးအန်နေတဲ့ကို့ကို ကူညီ
ခဲ့သူမင်းလေး။

ဆေးဒဏ်တွေနဲ့မူးဝေပြီးအသိပျောက်တော့မလိုဖြစ်
နေတဲ့ကိုဟာ မင်းရဲ့မျက်ဝန်းလှလှလေးတွေကို
တော့ကွဲကွဲပြားပြားမြင်နိုင်ပါသေးတယ်။ ဒါကတော့
ကို့ရဲ့လျှို့ဝှက်ချက်လေးတစ်ခုပေါ့။

တွဲထူပေးနေတဲ့ကိုယ်သေးသေးလေးပေါ်ကိုလိုက်ပါ
လာခဲ့တယ်။ နောက်ဆုံးအသိလွတ်သွားချိန်မှာ မင်း
အပေါ်မှားခဲ့မိတဲ့ကိုဟာ ခုအနာဂတ်မှာတော့အဲ့အ
တိတ်လေးတစ်ခုကို ကျေးဇူးသိပ်တင်နေမိတယ်။
ချစ်ရသူအစစ်အမှန်ကို တွောမြင်ခဲ့ရလို့ပေါ့။

ကုတင်ပေါ်ကကန်ချခဲ့တာလေးကိုလည်း ခုချိန်ထိ
ပြန်တွေးလိုက်တိုင်း ကိုပြုံးနေမိတုန်းပဲ။ အဲ့အခ်ျိန်
ကမင်းရဲ့စိတ်တိုနေတဲ့ပုံစံလေးကို သေချာတွေးမိ
တော့မှ တော်တော်ချစ်ဖို့ကောင်းတယိဆိုတာပဲ။

သို့သော်ပိုင်ဆိုင်သူရှိပြီးသားလို့တဆိပ်ခတ်ထားမိ
တဲ့ကိုဟာ မင်းထက်သူမကိုရွေးချယ်မိသွားခဲ့တယ်
သူမနဲ့မင်းကြားမှာ သူမကိုပိုတိုးလို့အခွင့်အရေးပေး
မိသွားတဲ့ကိုဟာ။မင်းခံစားချက်တွေကို ထည့်မတွက်ခဲ့မိဘူးနော်။သို့သော် အဖွားရဲ့ ကောင်းမှု တို့နဲ့မင်းနဲ့ထပ်ဆုံခဲ့ရသေးတယ်
နော်။ အဲ့တချိန်ထပ်တွေ့ဆုံမှုဟာ မင်းဟာကို့ဘဝ
အတွက် ဘေးနာရှိပေးမဲ့သူအဖြစ် စတင်ဝင်ရောက်
လာချိန်ပဲနော်။

ဘေးနားကသွေးထိုးစကားတွေကိုယုံကြည်မိလို့ မင်းအပေါ်ရက်စက်ခဲ့မိပြန်ပါတယ်လေ။ ဘေးကလူ
တစ်ယောက်ကလည်း သူယုံကြည်မိသူဖြစိနေပြန်
တယ်မလား။ အဲ့အတွက်ကြောင့်နဲ့ ကိုဟာအကြောင်းအရာတွေတောင် မမေးမြန်းမိပဲ
မင်းကိုပဲအပြစ်တင်မိခဲ့တယ်။

Stop  S-1(Completed)Where stories live. Discover now