Part(9)

4.1K 339 10
                                    

Zawgyi

ဝေရင်းသူ့အလုပ်အချိန်ပိုင်းလေးပြီးသွားပြီဖြစ်
တာကြောင့် ထုံစံအတိုင်းကျောပိုးအိတ်လေးလွယ်
လို့သူဆိုင်ရှိအခြားသူများကို နှုတ်ဆတ်ပြီးထွက်လာ
ခဲ့သည်။

သူထွက်လာသည်နှင့်သူ့ရှေ့သို့ကားတစ်စီးဆိုက်
ရောက်လာသည်။ ထိုကားမှမှန်များချလိုက်သော
ပခါလူတစ်ယောင်ပေါ်လာခဲ့သည်။

ထိုလူကလန်ကျန်။ သူ့ဘေးနားမှာတော့ ရှင်းထိုင်
နေသည်။

“ကားပေါ်တက်! မင်းအလုပ်ချိန်ပြီးပြီမဟုတ်လား"
“ဟုတ်ပြီလေ”

ထိုသူမဟုတ်မှမနက်ကတည်းက သူ့ကိုဒီတိုင်း
စောင့်နေတာလားမဟုတ်လောက်ပါ။ သူလည်းမနက်ကပြောထားပြီးသားဖြစ်နေတာနဲ့
ကားနောက်ခန်းသို့သာဝင်ထိုင်လိုက်တော့သည်။

ထိုကားလေးကအရှိန်တစ်ခုဖြင့်မောင်းထွက်သွား
ပြီး ဆိုင်တစ်ဆိုင်အရှေ့ရပ်တန့်သွားသည်။ ဝေရင်း
ကားပေါ်မှဆင်းပြီးထိုဆိုက်လေးကိုကြည့်မိတော့
အတေယ်ဈေးကြီးမဲ့ပုံပင်။ အတော်လည်းခမ်းနား
လွန်းသည်။

သူတို့လိုသူဌေးတွေကြတော့လည်း အတော်ဇိမ်ကျ
တာပဲလို့ ဝေရင်းတွေးမိသွားသည်။ ထိုဆိုင်ထဲသို့
ဝင်ရောက်သွားတဲ့ လန်ကျန်တို့နှစ်ယောက်မှ သူ
လိုက်သွားလိုက်သည်။

အထဲရောက်တော့ သူတို့အတွက်သီးသန့်နေရာ
တစ်ခုကို စားပွဲထိုးတစ်ယောက်က အသေအချာ လိုက်ပြပေးသည်။ ဝေရင်းလည်း ပြတဲ့နေရာမှာခပ်
တည်တည်ဝင်ထိုင်လိုက်သည်။

လန်ကျန်ကတော့သူနဲ့အတူပါလာတဲ့အမျိုးသမီး
ဖြစ်သူ ကြည့်ရတာသူရဲ့ချစ်သူဖြစ်နိုင်လောက်တယ်
ထိုမိန်းကလေးကိုသူရဲ့အကြည့်တွေကတခြားလူတွေနဲ့မတူအရမ်းနူးညံ့လွန်းတယ်။ ဝေရင်းကိုထိုလူအကြည့်တွေက အရမ်းအေးစက်
လွန်းတယ်မဟုတ်လား?

နေရာချပေးပြီးတာနဲ့ ထိုမိန်းကလေးဘေးဘက်မှာ
သူဝင်ထိုင်တယ်။ ဝန်ထမ်းက Menuကဒ်ပြတာနဲ့
ထိုအမျိုးသမီးစားဖို့အရာမှန်သမျှအသေအချာမှာ
ပေးနေတဲ့လန်ကျန်။ ထိုအမျိုးသမီးဘက်က ဘာမှ
ပြောစရာမလိုအောင် အစစအရာရာဂရုစိုက်နေတဲ့
ထိုလူကိုကြည့်ပြီး ဝေရင်းတော့ထိုမိန်းကလေးအ
တွက်ဝမ်းသာမိပါတယ်။

Stop  S-1(Completed)Where stories live. Discover now