Part(3)

5.8K 411 2
                                    

Zawgyi

"ဝေရင်း မင်းဘယ်လိုဖြစ်ရတာတုန်း ဘာလို့လမ်း
မကြီးမှာထိုင်နေတာလည်း"
"ဝမ်နင်"

သူ့ကိုလမ်းမပေါ်က ဆွဲထူပေးနေသူ ဝမ်နင်။ သူတို့
နှစ်ဦးသားက ငယ်စဉ်ကတည်းက အချစ်ဆုံးသူ
ငယ်ချင်းတွေပင်။ ဝေရင်းဒီလိုဖြစ်တိုင်း အမြဲအနား
ရောက်လာပေးသူက ဝမ်နင်ပါ။

ဝေရင်းလမ်းလျှောက်ရင်းနှင့် ဖြစ်ခဲ့တဲ့အကြောင်း
တွေပြောပြတော့။ သူ့အစားဒေါသထွက်နေတဲ့
ဝမ်နင်။ ခံရတဲ့သူက ဒေါသမထွက်ရသေး။

"ဒီသားအမိနဲ့တော့ကွာ မဟုတ်သေးပါဘူး ဝေရင်း
မင်းကကော အဲ့အိမ်မှာကပ်နေသေးတာလည်း မင်းထွက်သွားလိုက်ပါတော့လား ဒီလောက်နှိပ်စက်နေတာကိုကွာ"
"အဲ့ဒါငါ့အိမ်လေးလေ မေမေကအဲ့အိမ်လေးမှာပဲ ခေါင်းချသွားတာ ပြီးတော့ဖေဖေ အဖေ့ကိုတစ်
ယောက်တည်းမထားခဲ့နိုင်ဘူး ဝမ်နင်"
"မင်းနဲ့လည်းခတ်တယ်ကွာ ဒါနဲ့မင်းဘယ်လို လုပ်မှာလဲ"
"ငါ့မှာစာမေးပွဲကြေးသွင်းဖို့ တဝက်ပဲရှိတော့တယ် ငါဘယ်လိုလုပ်ရမလဲ ဒီနေ့ကနောက်ဆုံးနေ့လေ"
"ကဲထားပါတော့ လိုတဲ့တစ်ဝက်ကို ငါပေးမယ်"
"ငါသူများဆီကအလကားမလိုချင်ဘူး ကွာ"
"မင်းနဲ့တော့လေ မင်းတဖြည့်းဖြည်း ငါ့ကိုပြန်ဆပ်
ကွာ ဟုတ်ပြီလား လာမငြင်းနဲ့တော့ "
"ကျေးဇူးပဲကွာဝမ်နင်"
"မင်းနဲ့ငါနဲ့ကြားမှာ ဒါတွေမလိုပါဘူးကွာ ဟုတ်ပြီလား "
"အင်း"

သူပြောလိုက်တော့မှ ပြုံးရွှင်သွားတဲ့ သုငယ်ချင်း
ကြောင့် ဝမ်နင်ပြုံးမိတယ်။ ဝေရင်းဘဝကခက်ခဲ လွန်းတယ်။ ဒါပေမဲ့ သူကအမြဲရိုးသားဖြူစင်ခဲ့တယ်။

ရက်သတ္တပတ်လောက်အကြာ,

ဝေရင်းတို့ စာမေးပွဲတွေ ဖြေပြီးသွားလေပြီ။ အခုပို
နေတဲ့အချိန်လေးတွေမှာ သူအခြားအလုပ်လေး
တွေရှာသင့်တယ်။ ကံကောင်းစွာနဲ့ စားသောက်ဆိုင် တစ်ခုမှာနေရာရခဲ့လေတယ်။

ဆိုင်ရှင်ဦးလေးကြီးကလည်း အလွန်သဘော ကောင်းတာမို့ ဝေရင်းအလုပ်မှာပျော်နေမိတယ်။
သူအထက်တန်းအောင်ပြီး နောက်ထပ်ကျောင်း
ဆက်တက်ဖို့ အပိုငွေစုဆောင်းလို့ရပြီလေ။

Stop  S-1(Completed)Where stories live. Discover now