Part(27)

4.7K 349 17
                                    

Zawgyi

ဝမ်နင်းကတဖက်ကူတွဲပေးနေရင်းဘယ်မှာမှန်းမသိ
တဲ့ ကလေးလေးရဲ့အဖေကိုရှာနေမိတယ်။ ဝေရင်း
စိတ်ထဲမှာလည်း လန်ကျန်သာဒီအကြောင်းကြား
မိရင်ဘယ်လိုဖြစ်သွားမလဲ တွေးရင်းရင်ခုန်နေမိ
တယ်။ ကျေးဇူးပြုပြီးဒီတစ်ကြိမ်တော့ လန်ကျန်ရယ်
ဝေရင်းတို့ကိုလှည့်ကြည့်ပေးနိုင်မလား?

သူနိုးလာတုန်းကလန်ကျန်ကိုအော်လိုက်မိသေးတယ်။ အဲ့တုန်းကလန်ကျန်မျက်နှာက လုံးဝညှိုးငယ်သွားတာသူသတိထားမိလိုက်တယ်။
လန်ကျန်ကသူ့ကိုစိုးရိမ်နေခဲ့လားသူသိချင်မိတယ်
သူဆေးရုံရောက်လာတုန်းက ဆရာဝန်ပြောတာ
တော့ ဝမ်နင်နဲ့အတူလန်ကျန်ပါလာတယ်တဲ့။

ဒါဆိုဝေရင်းကိုကယ်တယ်တုန်းကလန်ကျန်ပါခဲ့တာ
ပါနော်။ ဝေရင်းသေပျော်ပါတယ်။ ခုကလေးလေးရ
လာတော့ ဝေရင်းပိုပျော်မိတယ်။ ကလေးလေးနဲ့အတူဆော့ကစားနေမဲ့ သူရဲ့ဖေဖေ။
ကြည်နူးဖို့ကောင်းလိုက်တဲ့အတွေးလေး။

"အတော်မှပျော်နေလားဝေရင်း ငါကြည့်မရတော့
ဘူးနော်"

"ဝမ်နင်ကလည်းကွာ ဒီကလေးလေးကငါတို့အိမ်
ထောင်ရေးကိုသာယာမှုပေးလာနိုင်တယ်လေ ငါမ
ပျော်ပဲနေမလား"

"မင်းသူ့ကိုတကယ်ပဲချစ်သွားခဲ့တာလားဝေရင်း"

"ချစ်တာပေါ့ဝမ်နင် ချစ်လွန်းလို့ငါသည်းခံခဲ့တာပေါ့"

"ငါကတော့မင်းကိုစိတ်ပူမိတယ်ဝေရင်းရယ် ဟော်
ဟိုမှာမင်းလင်တော်မောင်ပဲ "

တွေ့ပါပြီလန်ကျန်တယောက်။ ကော်ဖီဖျော်စက်
အရှေ့မှာမတ်တပ်ရပ်နေတဲ့သူ။ လန်ကျန်ကသူ
သောက်နေကျမဟုတ်တဲ့ကော်ဖီကိုကြိုက်ပါ့မလား။
သူ့အလိုတိုင်းအဲ့စက်တွေကဖျော်ပေးနိုင်ပါ့မလား။

ဝေရင်းရဲ့ခြေလှမ်းတို့လန်ကျန်အနားမရောက်ခင်
လန်ကျန်ဆီပြေးဝင်ပြီးဖက်တွယ်လိုက်တဲ့သူတ
ယောက်။ ဒါကတော့သူနှစ်ခါပြောစရာမလိုပါ ရှင်း
ဆိုတဲ့မိန်းမပင်။

ဝမ်နင်ကသူ့ကိုသေချာစိုက်ကြည့်နေခဲ့သလို့ ထိုဖက်ထားတဲ့နှစ်ယောက်ကိုလည်း စူးစူးရဲရဲ
ကြည့်လို့နေတယ်။ ဝမ်နင်ရဲ့လက်တဖက်သူဆွဲ
ထားလို့သာ ဝမ်နင်သည်လန်ကျန်ဆီကိုမရောက်
ခဲ့တာပင်။ မဟုတ်လို့ကတော့ထိုနေရာတွင် သတ်
ပွဲဖြစ်တော့မှာ။

Stop  S-1(Completed)Where stories live. Discover now