part(29)

4.3K 305 11
                                    

Zawgyi

“ပါးပါး ဗိုက်ဆာတယ်”

“ပါးပါးရှန့်ရှန့်လေးခဏလေးစောင့်နော် ပြီးတော့မယ်”

“ရွှမ်းရီမြန်မြန်လုပ် ငါလည်းဗိုက်ဆာလှပြီ”

“အကိုချန်းကကူတော့မကူညီဘဲနဲ့ လူကိုခိုင်းစား
နေတာပဲ”

“ဟုတ်တယ် ဦးဦးချန်း ပါးပါးကိုခိုင်းစားတယ်”

“အယ်!”

သားအဖတိုင်ပင်ညီနေပြန်ပါပြီ။ ဒီသားအဖကလိုက်
လည်းလိုက်ပါတယ်လေ။ သားလေးရှန့်ရှန့်ကသူ့
ပါးပါးကိုအရမ်းချစ်လွန်းတယ်လေ။ သူ့ပါးပါးကို
လည်း ကာကွယ်ပေးတဲ့သားလေးပင်။ သူ့ပါးပါး
ကိုပြောသမျှသူတိုင်း ပြန်ရန်ဖြစ်တတ်သည်။

ဝေရင်းအတွက်တော့အချစ်ရဆုံးသားလေးပေါ့။
ဝေရင်းဘဝသည်လည်းမလွယ်ကူခဲ့ပါ။ သူ့အိမ်မှာ
ကိုလိုက်လာခဲ့တဲ့ကောင်လေးတစ်ယောက်။
ခက်ခဲသောဆုံ့းဖြတ်ချက်တို့နှင့်အတူ အသက်ထက်
ချစ်ရသူကို စွန့်လွှတ်လိုက်တဲ့သူ။

ဒါကြောင်းပဲလာတော့မသိ ဝေရင်းရဲ့သားလေးက သူ့ပါးပါးကိုအချစ်ကြီးလွန်းပါတယ်လေ။ ဝေရင်း
ဟာ အတော်စိတ်ဖြတ်ခဲ့တဲ့သူပင်။ ချစ်ရသူကိုမေ့
ဖြောက်ထားရုံသာမက သူ့ကိုယ်ပိုင်အမည်ရင်း
ကိုပင် ပြောင်းလဲထားခဲ့သည်။

သားလေးကိုတော့သူ့မွေးဖွားလာပုံလေးကိုပြောပြ
ပေးထားတဲ့အပြင်။ သားလေးကြီးပြင်လာတဲ့အခါ
သူ့ကိုဘယ်လိုမွေးဖွားခဲ့ရလဲဆိုတာ ဒိုင်ယာရီလေး
တစ်အုပ်နဲ့အတူ သူကပုံပြင်တစ်ပုဒ်သဖွယ်ပြောပြ
ခဲ့လေတယ်။

ခုဆိုသားလေးက4နှစ်ကျော်လာပြီပင်။ သားသား
လေးက သူ့မွေးဖွားပုံလေးကိုပြောပြပေးတော့ သိပ်
တော့နားမလည်ပေမဲ့လို သူလေးကသေချာတော့
နားထောင်ပေးခဲ့တယ်လေ။ ထူးခြားတာကတော့
သားလေးကတခြားကလေးငယ်တွေလို အမေဖြစ်
သူကိုမေးမြန်းခြင်းမရှိခဲ့ပါ

ဝေရင်းကိုသူအမေဖြင့်မှတ်ထားသလားတော့ သူ
လည်းမပြောတတ်တော့ပါ။ ဘယ်လောက်ပဲစိတ်
ပိုင်းဖြတ်ပါစေလေ ဝေရင်းဟာသူ့အသည်းနှစ်မွှာ
သားလေးအမည်နာမကိုတော့ သူ့ချစ်ရသူရဲ့မျိုး
ရိုးနာမည်လေးပေးခဲ့ပါတယ်။

Stop  S-1(Completed)Where stories live. Discover now