Part(33)

4.2K 326 16
                                    

Zawgyi

လန်ကျန်ပါဝင်တဲ့လိပ်စာလေးအတိုင်းမနက်စော
စောအိမ်မှထွက်လာခဲ့တယ်။ အတိအကျညွှန်
ထားတဲ့နေရာမှ အနည်းငယ်လှမ်းသောနေရာ
တွင် သူ့ကားကိုရပ်ထားမိတယ်။

အချိန်ကအနည်းငယ်စောနေတာမို့ လမ်းမထက်မှ
ခြောက်သွေ့လို့နေတယ်။ လန်ကျန်မျက်ဝန်းတို့စုံ
ရာက အိမ်လေးတစ်ခုဆီသို့သာ။ သပ်သပ်ရပ်ရပ်
တည်ဆောက်ထားတဲ့2ထပ်အိမ်လေးပင်။

ခြံလေးထဲမှာထိုးထိုးထောင်ထောင်ပန်းပင်တွေနဲ့
မို့ ပန်းခြံအသေးလေးရှိနေပုံပင်။ ဒန်းလေးတစ်
ခုကိုလည်းလှမ်းတွေ့နေရသည်။ အိမ်လေးကြည့်
ရတာ နေချင်စရာအတော်ကောင်းသည်။

ဒါဟာဝေရင်းပုန်းကွယ်နေတဲ့နေရာလေးပေါ့။ တုန်
တုန်ရီရီနှလုံးခုန်သံလေးနဲ့အတူ လန်ကျန်စောင့်
မျှော်နေမိတယ်။ သူစောင့်ပြီး2နာရီလောက်ကြာ
တော့ မိုးလင်းလာပြီဖြစ်တယ်။

ကားစတီယာတိုင်ပေါ်မှိယီအိပ်နေမိတဲ့လန်ကျန်
တစ်ယောက် တစတစလမ်းလျှောက်ထွက်တဲ့သူ
တွေအသံနှင့်အတူ သုနိုးလာခဲ့တယ်။ နိုးတစ်ဝက်
အိပ်တဝက်ဖြစ်နေရှာတဲ့ လန်ကျန်တစ်ယောက်
ကားထဲမှ အသင့်ရေဘူးနဲ့မျက်နှာသစ်လိုက်တော့
သည်။ ထိုတော့မှ အနည်းငယ်လန်းဆန်းသွား
တော့သည်။

သူခဏကြာကြညစောင့်ပြီး8နာရီကျော်လောက်
မှ သူစောင့်မျှော်နေတဲ့အိမ်တံခါးလေးပွင့်လို့ လာခဲ့
တယ်။ စိတ်လှုပ်ရှားမှုအပြည့်နဲ့လန်ကျန် ထွက်လာ
မဲ့သူတွေကို လိုက်ကြည့်နေမိတယ်။

အရင်ဆုံးထွက်လာတာက သူစိမ်းတစ်ယောက်။
နေပါအုန်း သူဒီလူကိုမြင်ဖူးလေတယ်။ အချိန်တော်
ကြာဦးနှောင်စားပြီးနောက် ဝေရင်းကိုကူညီခဲ့တဲ့
ဆရာဝန်ပင်။

ထိုဆရာဝန်နဲ့ဝေရင်းကဘာတွေလဲ? သူရင်တို့ပူ
လောင်လာပြန်သည်။ မကြာပါ ထိုဆရာဝန်လက်
လေးတစ်ဖက်ကိုတွဲလို့ထွက်လာသူက ဝမ်နင်ပင်။
အော်ဝေရင်းကိုဖွက်ပေူထားတာ သူလည်းအလိုတူ
အလိုပါကို။

နောက်ဆုံးမှာတော့ကလေးတစ်ယောက်ကိုချီလျှက်
ထွက်လာခဲ့တဲ့ဝေရင်းရယ်ပါ။ သားအဖနှစိယောက်
လုံး အပြုံးချိုချိုတို့နဲ့နှုတ်ဆက်နေတာကို သူကြည့်
နေခဲ့တယ်။ မင်းကို့အနားရှိတုန်းက ဒီလိုမပြုံးခဲ့ရ
ဘူးနော် ဝေရင်း။

Stop  S-1(Completed)Where stories live. Discover now