Part(30)

4.5K 337 25
                                    

Zawgyi

“ဟေ့! ဝမ်ကျီ!”

ခေါ်သံတစ်ခုနှင့်အတူ သူ့ရုံးခန်းတောင်ရောက်ရှိ
လာတဲ့စုန်လန်။ ကျနော်ကတော့ခေါင်းခြောက်ရ
ပေပြီ။ ဝေရင်းထွက်သွားပြီးနောက်ပိုင်းမှာ အလဲ
လဲအကွဲကွဲတွေဖြစ်ခဲ့တဲ့ကျနော်ဟာ မိသားစုရဲ့ဖေး
မမှုတို့နှင့်အတူ ပြန်လည်ရပ်တည်လာပေမဲ့လို့....

သူ့နှလုံးသားခံစားချက်တွေကတော့ ရပ်တန့်သွား
ခဲ့သလို အရင်ကထက်အေးစက်လာခဲ့တယ်။ ကျနော့်ကိုစိတ်ပြေလိုပြေညား စုန်လန်ကတွေ့ရာ
နေရာခေါ်သွားတတ်ပါတယ်။

ငြင်းလို့လည်းမရအတင်းခေါ်သွားတာမို့ သူပါလာရ
မြဲပါ။ ခုလည်းဘယ်ကိုထပ်ခေါ်အုန်းမလို့လည်း မသိ
ပါ။

“ငါမအားဘူးစုန်လန် မလိုက်ဘူး”

“မင်းငြင်းလို့ရလို့လားကွာ ဒီတစ်ခေါက်က ပန်းချီ
ပြပွဲကွ လိုက်ခဲ့စမ်းပါကွာ နော်”

“စုန်.....”

“ငြင်းမယ်မကြံနဲ့နော် ငါအတင်းဆွဲခေါ်သွားရမ
လား”

“အေးပါကွာ”

“ဒီလိုမှပေါ့”

စုန်လန်ရဲ့ဆွဲခေါ်မှုတို့နှင့်အတူ စိတ်ဝင်စားမှုမရှိတဲ့
နေရာသို့ရောက်လာပြန်ပါတယ်။ ဒီမှာကပန်းချီပြပွဲ
နှင့်ပြိုင်ပွဲကိုပါတွဲလုပ်ထားပုံပင်။ လူတွေအတော်
များတာမို့ သူခေါင်းရှုပ်ပါတယ်။ သို့သော်ထွက်သွား
လို့မရ စုန်လန်တယောက်သူ့ကိုအတင်းဆွဲထား
တာပင်။

အမေတစ်ယောက်ကသားလေးတစ်ယောက် သူ့
လက်အောက်ကပျောက်သွားမှာကြောက်နေတဲ့ သူ
တစ်ယောက်နှယ်။ ထိုအတိုင်းမျက်စိကစားနေတုန်း
သူ့အာရုံတို့ကိုဖမ်းစားထားတဲ့ပန်ချီကားတစ်ချက်။

ဒီပန်းချီကားကပြိုင်ပွဲဝင်ပန်းချီကားတစ်ချပ်ပင်။
သူထိုပန်းချီကားနားသို့ ရောက်ရှိလာခဲ့တယ်။ ပုံထဲ
ကအရာတွေက သူ့အတွက်တော့အံ့ဩဖို့ကောင်း
တဲ့အရာတွေလိုပင်။ ခဏကြာတော့သူ့အနားမှာ
လူတွေဝိုင်းအုံလာပြန်တယ်။ ထိုပန်းချီကားရဲ့လက်
ရာမြောက်မှုအောက်မှာ ကျဆုံးကုန်သလိုပင်။

Stop  S-1(Completed)Where stories live. Discover now