Part(31)

4.3K 322 7
                                    

Zawgyi

မေ့မြောနေတဲ့ဝေရင်းဘေးနားမှာ လန်ကျန်ထိုင်
ငေးနေမိတယ်။ 5နှစ်တောင်ကြာခဲ့ပြီ သူလေးကို
လိုက်ရှာနေခဲ့တာ။ ဝေရင်းကတော့ အနည်းငယ်
လူကြီးဆန်လာတာလေးကလွဲလို့ ဘာမှမပြောင်းလဲ
သေးပါ။

တစ်ခါမှထိကိုင်ခဲ့ခြင်းမရှိတဲ့ သူလေးရဲ့ပါးပြင်တစ်
ဖက်ကိုပွတ်သပ်ပေးမိတယ်။ နူးညံ့နေတုန်းပါပဲလား
မင်းနိုးလာတာနဲ့ မင်းကျေနပ်လောက်မဲ့အထိကို
တောင်းပန်ပါ့မယ်။ ပြီးတော့မင်းခံစားခဲ့ရသမျှအ
တွက် ကိုကပြန်ပေးဆပ်ပါ့မယ်။

မင်းကနားမထောင်ဘဲထပ်ထွက်ပြေးမယ်ဆိုရင်
တော့ ကိုကမင်းကိုဖမ်းချုက်လို့ ကိုာအပြစ်တွေ
ကျေအောင်ပြန်ဆပ်ပါရစေဝေရင်းရယ်။
သတိလစ်နေတဲ့ ဝေရင်းမျက်နှာနုနုလေးကိုကြည့်
ရင်း သူ့ရဲ့အချိန်လေးတွေကုန်ဆုံးနေမိတယ်။

သို့သော်သူ့ရဲ့ကြည်နူးစိတ်တွေကိုဖျက်စီးပစ်လိုက်
တဲ့ဖုန်းသံကြောင့် သူစိတ်အနှောက်အယှက်ဖြစ်ရ
သည်။ ဖုန်းမှာပေါ်နေတဲ့အမည်က သူ့အကိုဖြစ်
နေတာမို့ ကံကောင်းသွားတာပင်။

ဝေရင်းအနားကနေခဏတာခွာလို့ သူ့အကိုရဲ့ဖုန်း
ကိုဖြေနေမိတယ်။ ဝေရင်းကိုပြန်တွေ့ကြောင်းပြော
ပြတော့ အကိုကအတော်ပျော်နေပုံပင်။ ဝေရင်းကို
ဂရုတစိုက်ပြန်ခေါ်လာခဲ့ဖို့ အသေအချာမှာနေလိုက်
တာပင် မပြီးတော့။ ဖုန်းပြောပြီးနောက် ဆရာမတစ်
ယောက်လာခေါ်တာနဲ့ သူခဏလိုက်သွားလိုက်မိ
တယ်။

ဝေရင်းကိုတော့သတိမရသေးသည်မို့ သူနာပြုတစ်
ယောက်နဲ့သာအတူထားခဲ့လိုက်မိတယ်။ သို့နှင့်
သူလည်းတနေရာဆီသို့ ခြေလှမ်ူတို့ပြင်လျှက်.......

လန်ကျန်ထွက်သွားပြီးမကြာပါ ကုတင်ထက်က
ကောင်လေးတစ်ယောက်က သတိပြန်လည်လာခဲ့
တယ်။ ဝေရင်းချောင်းအနည်းငယ်စိုးပြီးနောက် ကုတင်ထက်မှထထိုင်လိုက်မိတယ်။

ကြည့်ရတာဆေးရုံခန်းပင်။ သူသားသားအတွက်
စားစရာလေးတွေဝယ်ဖို့ တွေ့တဲ့ကုန်တိုက်ထဲ
ဝင်လာခြင်းပင်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူက
အပေါ်ဆုံးထပ်ကိုရောင်နေသည့်အပြင် ထိုနေရာ
မှ စတင်ရဲ့မီးလောင်လေသည်။

Stop  S-1(Completed)Where stories live. Discover now