Part(25)

4.6K 356 31
                                    

Zawgyi

အချိန်တစ်ခုကြာပြီးနောက်မှာတော့ ခွဲခန်းထဲမှ
ဆရာဝန်တို့ပြန်ထွက်လာခဲ့ပြီ။ ဝမ်နင်သူထမေး
ဖို့အပြေးသွားပေမဲ့ သူ့ထက်အရင်ရောက်သွားတဲ့
လူတစ်ယောက်။

“ဆရာ သူ....သူ့အခြေအနေဘယ်လိုလဲဆရာ”

“ခင်များကလူနာရဲ့......”

“ကျနော်ကသူ့ခင်ပွန်းပါ”

“အော် လူနာကအဆင်ပြေပါတယ် စောစောရောက်လာလို့တော်သေးတာပေါ့ မဟုတ်ရင်အသက်တချောင်းဆုံးရှုံးသွားနိုင်တယ်
လူနာကိုဒီထပ်ပိုပြီးဂရုစိုက်ပေးပါ ပြီးတော့ဂုဏ်ယူ
ပါတယ်ဗျာ”

လန်ကျန်သူ့လက်မောင်းကိုပုတ်ပြီးထွက်သွားတဲ့
ဆရာဝန်ကိုတအံ့တဩလိုက်ကြည့်နေမိတယ်။ ဂုဏ်ယူပါတယ်ဆိုတော့ ဝေရင်းဘာမှမဖြစ်လို့ ဝမ်း
သာပြီးပြောသွားတာဖြစ်မှာပါလေ။

တော်သေးတာပေါ့ဝေရင်းဘာမှမဖြစ်တာမို့။ ဒီကိစ္စ
ကဝေရင်းကိုတယောက်ယောက် အကောက်ကြံနေ
တာဖြစ်ရမယ်။ ဒီအကြောင်းသူအသေးစိတ်စုံစမ်းရ
မယ်။ ပြီးတော့ဝေရင်းကိုသူပိုပြီးဂရုစိုက်ပေးရမယ်။
တောင်းပန်ပါတယ် နောက်ကျမှကို့ဆန္ဒတွေသိခဲ့ရ
လို့။ မင်းအနားမှာမှားခဲ့သမျှပြန်ပေးဆပ်မယ်။

သူ့ဘေးနားကသူ့ကိုကြောင်တောင်တောင်နဲ့ စိုက်
ကြည့်နေတဲ့သူကို ခုမှသတိထားမိတယ်။ ဝေရင်းကို
စိတ်ပူနေတဲ့ထိုသူကဘယ်သူလဲ?

“မင်းကဘယ်သူလဲ”

“ဒါဆိုအမှန်ပေါ့ဝေရင်းလက်ထပ်သွားခဲ့တာ မင်းက
သူ့အမျိုးသားပေါ"

“ဟုတ်တယ် ငါ့ကသူ့ခင်ပွန်းသည် မင်းကဘယ်သူ
လဲ ဝေရင်းနဲ့ဘယ်လိုပတ်သက်နေတာလဲ ပြီးတော့
ငါကမင်းထက်အသက်ကြီးတယ်နော် ”

သူ့ကိုအကြည့်စူးစူးတို့နဲ့စိုက်ကြည့်နေတဲ့ထိုသူ့ပုံ
စံကြောင့် မသိရင်သူ့ယောက်ကျားကိုကြောင်
တောင်နှိုက်မဲ့ စနှိက်ကြော်ကျနေတာပဲ။ ငါကအမျိုး
ကောင်းသားလေးပါ။

“အဟန့်....ကျနော်ဝမ်ချူံနင် ဝေရင်းအချစ်ဆုံးသူ
ငယ်ချင်းပဲ ဒါနဲ့ဝေရင်းကဘာလို့ဒီလိုတွေ ဖြစ်
ရတာလဲ ခင်များကြောင့်လား”

Stop  S-1(Completed)Where stories live. Discover now