Part(20)

4.2K 363 26
                                    

Zawgyi

ညအတော်လေးနောက်ကျတဲ့အထိလန်ကျန်ပြန်
မလာသေးပါ။ ဝေရင်းကတော့ ဆက်စောင့်နေဆဲ
ညစာတောင်အေးသွားမှာကြောက်လို့ အခါခါပြန်
နွှေးနေမိသည်အထိပါ ။ တော်တော်လေးစောင့်
နေရင်းမှ ဝေရင်းမှေးကနဲ့အိပ်ပျော်သွားမိသည်
အထိပါပဲ။

မကြာပါဘူးကားသံကြားလို့ ဝေရင်းနိုးလာခဲ့တယ် အချိန်ကတော့ 9နာရီဖြစ်နေပြီ။ ဝေရင်းအိမ်တံခါး
ပေါက်လေးကို ဖွင့်ပြီးဝင်လာမဲ့သူကို အပြုံးတစ်ပွင့်
နဲ့ကြိုဆိုလိုက်မိပါတယ်။

သူတွေ့လိုက်ရတာကတော့ မိန်းမတစ်ယောက်နဲ့
ပြန်လာတဲ့လန်ကျန်။ ဘာလို့လဲ လန်ကျန်ရယ်။
ထိုအမျိုးသမီးကတော့ ရှင်း။ လန်ကျန်ချစ်သော
အမျိုးသမီးပင်။

သူမရဲ့လက်တို့ကိုဆုပ်ကိုင်ထားတဲ့လန်ကျန်က ကားပေါ်ကဆင်းတာနဲ့ သူမနှာဖူးပေါ် အနမ်းတို့
ခြွေနေသေးတယ်။ တမင်သပ်သပ်များလုပ်နေတာ
လား လန်ကျန်ရာ။

သူတဖက်လှည့်လိုက်တော့ တံခါးပေါက်မှာရပ်နေ
တဲ့ ကျနော့်ကိုတွေ့တော့ သူ့နှုတ်ခမ်းထက်ကအ
ပြုံးတို့ပျောက်ကွယ်သွားတယ် သူ့မျက်မှောင်တွေ
ကြုတ်လာခဲ့တယ်။ အော်....ကျနော့်ကိုမြင်လိုက်
ရတာနဲ့ မျက်နှာချက်ချင်းပျက်သွားရလား လန်
ကျန်။

မနက်တုန်းကလို နွေးထွေးမှုကိုမခံစားမိပါ အေးစက်စက်ခံစားမှုသာ ဝေရင်းရရှိပါတယ်။ ဘာလို့လဲ....လန်ကျန်ရယ်? ဒီစကားတစ်ခွန်းသာ
သူဆိုနိုင်တော့တယ်။

ထွက်ခွာသွားတဲ့ကားပေါ်ကသူမကို လက်ပြနှုတ်
ဆတ်ပြီးတာနဲ့ ကျနော့်ကိုတိုက်ဝင်သွားတဲ့ သူရယ်
ပါ။ ကျနော်ကတော့ထုံးစံအတိုင်း သူနောက်ပါးကို
လိုက်လို့ အမြဲဒီမေးခွန်းလေးသာ မေးမြန်းပါတယ်။

“လန်ကျန် ညစာစားတော့မလား ”

“မစားတော့ဘူး ငါရှင်းနဲ့စားခဲ့ပြီးပြီ”

ဒါပါပဲသူ့အဖြေရယ်ပါ။ ထုံးစံအတိုင်းအပေါ်ထပ်ကို
တက်သွားတဲ့သူကြောင့် ဝေရင်းသက်ပြင်းလေးသာ
ချမိတယ်။ မနက်တုန်းကလိုမျိုးလေး သူ့ဘေးနား
မှာ အတူတူရှိချင်မိတယ်။

Stop  S-1(Completed)Where stories live. Discover now