Part(2)

6.9K 445 3
                                    

Zawgyi

ဝေရင်းမနက်ပိုင်း အလုပ်ပြီးတော့ အိမ်ကိုပြန်လာ
ခဲ့တယ်။ ခုရက်ပိုင်းအတွင်း သူအထက်တန်းနောက်
ဆုံးနှစ်စာမေးပွဲကြောင့် စာကြည့်ချိန်တွေထားရ
အုန်းမယ်လေ။

အိမ်တံခါးဖွင့်တာနဲ့ အပေါ်က်ဝမှာရပ်နေတဲ့ မိထွေး
က လက်ဖြန့်ပိုက်ဆံတောင်းတော့သည်။ ဝေရင်း
ရသမျှပိုက်ဆံလေးကို အပ်နှံပြီးမနက်စာစားဖို့
လာခဲ့လိုက်တယ် ။

သူ့အတွက်ရှိနေတာက ပေါင်မုန့်ခြမ်းတစ်ခုသာ။
ဘာမှပြောမနေတော့ပဲ ဆာလောင်နေတဲ့ဗိုက်ကို
သာ ဖြည့်တင်းလိုက်တော့တယ်။

သူ့အရှေ့မှာထိုင်နေတဲ့အကိုကတော့ ကျော့လို့
မော့လို့ပေါ့။ သူအတွက်က နွားနို့တစ်ခွက်နဲ့ ပေါင်မုန့်လုံးတစ်ခုနဲ့ပါ။ ဝေရင်းကတော့ ရိုးနေပြီ
မို့ပြောမနေတော့ပါ။ မနက်စာကျွေးတာကိုပင် ကျေးဇူးတင်သင့်နေပါပြီလေ။

ဝမ်ချောင်စာအုပ်ဖတ်နေရာမှ သူ့အမေကိုလှမ်းပူ
ဆာလိုက်သည်။

“အမေ အခုတလောအရမ်းအေးလာတယ် သားကို
အနွေးထည်တထည်လောက် ဝယ်ပေးပါနော်”
“ကောင်းပါပြီရှင် ငါ့သားလေးသဘောပါ ငါသား
လေးက တက္ကသိုလ်ကျောင်းသားကြီးဆို တော့
လူမကဲ့ရဲ့အောင်ဝတ်စားဖို့လိုတယ်”
“လိုအပ်လို့လား အကိုရယ် အခုတလော ပိုက်ဆံ
ရှာဖို့ပိုခက်လာတယ် အကို့မှာအနွေးထည်တွေ အများကြီးရှိနေတာပဲ အသစ်ကဘာလုပ်ဖို့လဲ”
“ဟဲ့ဝေရင်း ငါ့သားကနင့်လိုမဟုတ်ဘူးလေ ဟိုမှာ
က အထက်မြင့်တွေပါတယ်လေ ဘာလဲနင်က နင့်
အကိုကောင်းစားတာ မ့မြင်ချင်တာလား ဟန်!”
“မဟုတ်ပါဘူးအမေရယ် အပ်ုငွေကုန်မှာဆိုးလို့ပါ အကိုတကယ်လို့ အေးတယ်ဆိုရင်လည်း ကျနော့
အနွေးထည်ဝတ်သွားလိုက်လေ မနက်ကအဖွား
တစ်ယောက် လက်ဆောင်ပေးလိုက်တာ”
“ငါကဘာလို့သူများ အကျတွေဝတ်ရမှာလဲ မင်း
ဘာသာဝတ် ဘာမှနားမလည်ရင် ဝင်မပြောနဲ့”
“အေးလေ နင်နဲ့ငါ့သားတူလို့လား ကို့အဆင့်ကိုသိ”

ဝေရင်းခေါင်းငုံ့လိုက်မိတယ်။ သူပြောမိတာမှားသွား
လို့လား။ နဂိုကတည်းက အားငယ်တတ်သူမို့ သူမျက်ရည်တွေ ဝဲလာခဲ့တယ်။ ယောက်ကျားမပီ
သလိုက်တာ ။

Stop  S-1(Completed)Where stories live. Discover now