Zawgyi
2ရက်ရှိနေပြီ ဝေရင်းသတိပြန်မလည်သေးပေ။
လန်ကျန်သည်လည်း ထို2ရက်လုံးအိမ်မှာမရှိပေ။
ဒီနေ့မနက်ကျမှာပဲ စုန်လန်တယောက်အတင်းလာ
ပို့တော့မှ အိမ်မှာတွေ့ရသည်။ဒီကောင်လေးကိုဘယ်လိုလုပ်ရမလဲ။ တခြားသူအိမ်
ထောင်ရေးလည်း ဖြစ်နေတော့ သူဝင်ပါရင်လည်း
မဖြစ်သေးပေ။ လန်ကျန်....လန်ကျန် မင်းဘယ်
တော့မှ မင်းခံစားချက်တွေနားလည်မှာလဲ?ရှိချန်းအပူလုံးကြီးကို ဖြေလျော့လိုက်ပြီး သူတို့
အခန်းထဲဝင်သွားတဲ့ လန်ကျန်ကိုခေါင်းတခါခါနဲ့
ကြည့်နေမိတယ်။ ဝေရင်းလေးကိုလည်း သနားသလို သူ့ညီကိုလည်းဘယ်လိုရှငိးပြရမှန်း
မသိတော့.........ဝေရင်းမျက်လုံးတို့က ဖွင့်လို့မရပေ။ ဝေရင်းရဲ့ခန္ဓာ
ကိုယ်က အိစက်စက်အရာတစ်ခုအပေါ်မှာ.....
တကိုယ်လုံးထုံကျင်နေတာတော့မဟုတ်ပေမဲ့
အနည်းငယ်နာကျင်မှုတွေတော့ရှိနေသေးပုံပဲ။ပြီးတော့ဝေရင်းကို တစ်ခုခုစူးစိုက်ကြည့်နေသလို ခံစားရတာကြောင့် ပိတ်ထားတဲ့မျက်လုံးအစုံကို
အားယူကာဖွင့်လိုက်မိတော့ စောင့်ကြိုနေတဲ့သူ....သူ့အပေါ်ကနေမိုးပြီးကြည့်နေတဲ့လန်ကျန်၊ သူ့
မျက်နှာထပ်မှာလည်း ရေစက်လေးတွေနဲ့ သူရေ
ချိုးထားပုံပဲ။ သူ့ကိုစူးစိုက်ကြည့်နေတဲ့ ထိုသူ
ကြောင့် လူကအနေရခတ်လာပြီ။တဆဆခုန်နေတဲ့အလိုက်မသိတဲ့ နှလုံးသားက
တစ်မျိုး။ လန်ကျန်အနားကိုထပ်မကပ်လာပါနဲ့
အတိုင်းအဆမရှိတဲ့ ငါ့ရန်ခုန်သံတို့ကို မင်းကိုမကြား
စေချင်ဘူး။ မသိစေချင်လို့တော့မဟုတ်ပါ ငါ့ခံစား
ချက်တွေကို လှောင်ပြောင်မှာစိုးလို့ပါ။“မင်းသက်သာလား”
ပထမဆုံးသူာဆီမှ စကားသံလေး။ အေးစက်စက်နဲ့
ဖြစ်ပေမဲ့ ဝေရင်းကကြည်နူးနေမိတယ်။ သူ့ကိုပြန်မ
ဖြေသေးတဲ့ ကျနော်ကြောင့် သူရဲ့လက်တဖက်က ကျနော့်နှာဖူးပေါ်သို့ ကျရောက်လာတယ်။“အဖျားတော့သိပ်မရှိပါဘူး မင်းသက်သာရဲ့လား 2
ရက်တောင် သတိလစ်နေတယ်ပြောလို့လေ"
YOU ARE READING
Stop S-1(Completed)
Fanfictionကျနော်ဒီတစ်ခေါက်ရေးသားမှာက ငိုရတာတွေများမယ်ထင်တယ်။ ဇာတ်ကားတစ်ခုကြည့်မိရာက အိုင်ဒီယာရလာတာလေးပါ။ ပြီးတော့ဒီဇာတ်လမ်းကို ရေးဖို့အတွက် ကျနော့်ကိုအကြံ ပေးခဲ့တယ် ကျနော့်ညီကိုလည်း ကျေးဇူးအထူးတငိပါ တယ်။သဘောကျကြမယ် ထင်ပါတယ်။ ကျနော်ရဲ့ ကိုယ်တိုင်ရေးစိတ်ကူးယဉ်ေ...