Part(7)

5K 360 12
                                    

Zawgyi

ဝေရင်းသူ့အလုပ်ရှိရာသို့အမြန်လာပြီး ပုံမှန်အ
တိုင်းသာအလုပ်ဝင်နေလိုက်သည်။ တစ်ကိုယ်လုံး
သံရိုက်ထားသလိုနာကျင်နေပေမဲ့လည်း သူ့ဝမ်း
ရေးအတွက်ဒါတွေကို ဂရုမစိုက်နိုင်သေးဘူးလေ။

အလုပ်တစ်ဖျက်ပြီးသွားတော့ ညနေပိုင်းဘားကိုသူ
လာခဲ့တယ်။ ပုံမှန်အတိုင်းအလုပ်တို့ဖြင့် ဝေရင်းနား
ချိန်ပင်မရှိ။ မနက်ကအဖြစ်အပျက်တောင် ဝေရင်း
မေ့နေခဲ့ပြီ။ ဘားကလူတွေကတော့ ဝေရင်းကိုဘာ
မှတော့မမေးပေ။ တစိတ်သူတို့ကြည့်ရတာ ထူးဆန်
နေသလိုပဲ။

ဝေရင်းလည်းဂရုစိုက်မနေတော့ဘဲ အလုပ်ဆင်း
တာနဲ့အိမ်ပြန်လာခဲ့လိုက်တယ်။ သူကျောချရာနေ
ရာလေးမှာ ကျေချလိုက်တာနဲ့တစ်နေ့လုံးလှုပ်ရှား
ထားသမျှကဝေရင်းကိုအိပ်ချိန်လာအောင်လုပ်နေ
ပြီဖြစ်သည်။ တဖြည်းဖြည်းဝေရင်းမျက်လုံးတို့သည်
လည်းမှိတ်ကျသွားတော့သည်။

🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫🌫

“ခွပ်!!!!”
“အာ့!”
“ရှင်ဘာလုပ်တာလဲ! သားဝမ်ကျီအဆင်ပြေရဲ့လား”
“ရပါတယ်အမေ”
“မင်းလုပ်ပုံကောင်းသေးရဲ့လား ဟန်! တောက်!!!”

လန်သခင်ကြီးဒေါသအရမ်းထွက်နေခြင်းပင်။ မနက်ကသူ့သားသတင်းကြားကြားခြင်း သွေး
တိုးပြီး ဆေးရုံမရောက်တာကံကောင်း။ ဘယ်နဲ့
ချစ်သူရှိနေပြီးသားကို တခြားသူနဲ့
ဖောက်ပြန်တယ်တဲ့။ ဖောက်ပြန်တဲ့သူကလဲ ယောက်ကျားလေးတစ်ယောက်။

“အဖေဒါကမတော်တဆဖြစ်သွားတာပါ ကျနော် ဆေးခတ်ခံရ......”
“မတော်တဆဟုတ်လား!!! တဖက်သားကိုလည်း ပြန်ကြည့်ပါအုန်းကွ!!! ဟန်! သတင်းသမားတွေ
မင်းတို့ပုံတွေရိုက်သွားကြတာမှအများကြီးပဲ ”

“ဘယ်လိုရှင်းကြမှာလဲ အခုတောငွေနဲ့ပိတ်ထားလို့
ရပေမဲ့ နောက်ကျမရမှာဆိုးတယ်ကွ! မင်းဘယ်လို
တွေစဉ်းစားနေတာလဲကွာ”
“ကျတော်ဆေးခတ်ခံရပြီး လုပ်ကြံခံရတာလို့ပြော
ပြီးပြီးလေ ကျနော့်ကိုလုပ်ကြံတဲ့အထဲ အဲ့ကောင်
လေးပါ ပါနိုင်တယ် ”
“မင်းလျှာရိုးမရှိတိုင်းသူများကိုလျှောက်မပြောနေနဲ့ မင်းတို့သတင်းကြားကတည်းက အဲ့ကောင်လေးအ
ကြောင်းစုံစမ်းပြီးသားကွ မင်းထင်နေတာနဲ့အလွဲ
ကြီးပဲ မင်းအဘွားသိသွားရင် ဘယ်လိုလုပ်မလဲ"
“ဒါပေမဲ့ အဖေ”
“မင်းငါ့ကို ဘာမှလာရှင်းပြမနေနဲ့ အခုကစပြီး အိမ်
ပြင်ထွက်ဖို့မစဉ်းစားနဲ့”
“အဖေဒါတော့များသွားပြီ”

Stop  S-1(Completed)Where stories live. Discover now