Part(8)

4.4K 342 7
                                    

Zawgyi

နှစ်ယောက်သားအသံကြားရာလှည့်ကြည့်မိတော့
အပေါက်ဝမှာမတ်တပ်ရပ်နေတဲ့ အမျိုးသမီးကြီး
တစ်ဦး။ သေချာတာပေါ့ သူမကလန်မျိုးနွယ်ထဲ
တွင်အာဏာအရှိဆုံး လန်သခင်မကြီးဖြစ်တယ်။

သူမဧည့်ခန်းထဲကိုလှမ်းဝင်လာခဲ့သည်နှင့် သူဘေး
နားရောက်ရှိလာတဲ့ သူမအချစ်ဆုံးမြေးဖြစ်သူ လန်
ဝမ်ကျီ။ လန်မျိုးနွယ်မြေးသုံးယောက်ထဲတွင် လန်
ဝမ်ကျီကသူမရင်နှစ်အသည်းခြာ အချစ်ဆုံးမြေး
ဖြစ်သည်။

သူမမြေးအနောက်မှာရပ်နေတဲ့သူကတော့ သူမလုံး
ဝသဘောမကျတဲ့ ဇီရှင်းနန်။ ထိုမိန်းကလေးကို စ
တွေ့ဆုံကတည်းက သူမသဘောလုံးဝမကျတာပါ။
သူ့မြေးလေးမမြင်နိုင်တဲ့အရာတွေကို သူမကြိုမြင်
နေခြင်းကြောင့်။

ဒီမိန်းကလေးလန်အိမ်တော်ထဲစရောက်တုန်းက သူမမျက်လုံးတွေကိုသတိထားမိခဲ့တယ်။ လောဘ
တွေမာနတွေအပြည့်ပဲ။ သူမလန်မျိးနွယ်ထဲဝင်ချင်
တာ လန်မျိုးနွယ်ရဲ့ပစ္စည်းဥစ္စာတွေကို တပ်မက်နေ
တာပဲ။

မြေးကတော့အချစ်စိတ်မွှန်နေတာမို့ မသိပေမဲ့ သူမ
လိုလူမျိုးကတော့ တစ်ချက်ကြည့်ရုံနဲ့ ထိုမိန်းကလေး စိတ်သဘောထားကိုသိနိုင်ပါတယ်
လေ။  သူ့မြေးလေးက ဒီလိုအယောင်ဆောင်ထား
တဲ့မြေခွေးမဆိုတာ လုံးဝကိုမသိပါရောလား။
ခတ်ပေတယ်။

သူမဘက်ကတားမြစ်တုန်းက လန်ဝမ်ကျီတစ်
ယောက် သူမကိုဆန္ဒပြနေခဲ့တာ အကြီးအကျယ်ပင်
အချစ်ရဆုံးမြေးလေးဖြစ်တာကြောင့် သူမဘက်က
အနည်းယ်လျော့ပေးထားရုံသာ။ ဒီလိုမိန်းမမျိုးကို သူတို့လန်မျိုးနွယ်ထဲ လုံးဝအဝင်မခံနိုင်ပါ။ သူမရ
အောင်ဖျက်စီးပစ်မည်သာဖြစ်သည်။

လန်သခင်မကြီးထိုင်ဖို့အတွက် လန်ကျန်ကူတွဲ
ပေးပြီးနေရာချပေးလိုက်တယ်။ ပြီးနောက်သူနဲ့
ဇီရှင်းနန်ကအတူထိုင်ပြီး သူ့အဘွားရဲ့စကားတို့
ကိုနားထောင်နေလိုက်တယ်။

“အခုပြဿနာကရှင်းဖို့အတော်ခတ်မယ် ဘာလို့ဆို
လန်အိမ်တော်နဲ့အပြိုက်အဆိုင်တွေက ဒီသတင်း
ကြားတာနဲ့ရစစရာမရှိအောင် ဆွဲဖွကျမှာပဲ မြေးလေး ”
“အဘွားစိတ်မပူပါနဲ့ ကျနော်ရအောင်ဖြေရှင်းမယ် ကျနော်လက်ထပ်မဲ့သူကရှင်းပဲဖြစ်ရမယ်အဘွား”

Stop  S-1(Completed)Where stories live. Discover now