part(1)

19.6K 597 7
                                    

Zawgyi

ကျနော့်ဘဝကဘာလို့ ဒီလောက်ကြမ်းတမ်းခက်ထန် နေရတာ
လဲ။ မွေးဖွားလာကတည်းက ကျနော်ကအမှားအယွင်းတစ်ခု
လိုပါပဲလား။ အမေ ကျနော်အချစ်ရဆုံးလူသား သူမဆုံးပါး
သွားခဲ့ပြီ။ ကျနော်10နှစ်သားအရွယ်မှာ။ အဖေ အဖေက
ကော ကျနော့်ကိုဂရုမစိုက်ပစ်ပယ်ထားခဲ့တယ်။ အမြဲလို
ကျနော်မျက်ဝန်းတွေက မျက်ရည်တွေနဲ့ပဲ ဖြတ်သန်းနေရ
တယ်။ မုန်းတီးလိုက်တာ။

အဖေကအမေဆုံးပါးသွားကတည်းက အရက်တွေစွတ်
သောက်ပြီး။ ဘဝကိုရေစုန်မျောနေခဲ့တာ။ ကျနော့်ကိုဂရု
စိုက်တာလား။ အဟဲ့ ရီချင်လိုက်တာ။ မနက်နိုးတာနဲ့ ဝမ်း
ရေးနဲ့တနေ့တာသုံးဖို့ ပိုက်ဆံတွေပဲထားထားခဲ့တာ။

မေတ္တာတရားနွေးထွေးမှုဒါကိုတော့ အမေဆုံးသွားပြီးကတည်း
က ကျနော်မရခဲ့တော့တာကြာလှပြီပေါ့။ မကြာပါဘူးကျနော်
အထက်တန်းလောက်မှာ အဖေမိန်းမတစ်ယောက် အိမ်ပေါ်
ခေါ်တင်လာခဲ့တယ်။ သူမမှာကလည်း ကျနော့်လိုအရွယ် သား
တစ်ယောက်ပါလာပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်အဖေ့ကိုမမုန်းရက်ပါဘူး။ မေမေကမှာခဲ့
တယ် အဖေ့ကိုနားလည်ပေးဖို့နဲ့ ဘယ်တောမှမမုန်းဖို့ပေါ့။
မေမေကတိအတိုင်းပဲ ကျနော်ပြုမူခဲ့တယ်။ ဖေဖေရဲ့နောက်
မိန်းမ ကျနော့်မိထွေးကိုလည်း အမေတစ်ယောက်နီးပါး ဆက်ဆံပေးခဲ့တယ်။ မိထွေးဘက်ကပါလာတဲ့ ကောင်းလေး
ကိုလည်း ကျနော့်အကိုရင်းတစ်ယာက်လို သတ်မှတ်ပေးခဲ့
တယ်။

ဒါပေမဲ့ကျနော်ရလိုက်တဲ့အရာကတော့ နှိပ်စက်မှုတွေ၊ ရက်စက်မှုတွေပါ။ အဖေကတနေ့လုံး ဘာမှမသိအပြင်မှာ အလုပ်တွေလုပ်နေတယ်။ အိမ်မှာကျန်ခဲ့တဲ့ ကျနော့်ကတော့
မိထွေးနှိပ်စက်သမျှ ခါးစီးခံနေရတော့တယ်။ နာကျင်တယ် အရမ်းနာကျင်တယ် ပြောမပြတတ်အောင်ပဲ။

မေမေကျနော် ဆက်သည်းခံနိုင်ပါ့မလား။ လွတ်မြောက်ချင်
တယ်။ ကျနော်လွတ်မြောက်နိုင်ပါ့မလား။ ရပ်တန့်ပေးလို့ရမလား။ အဖေ ကျနော့်
အဖေရှိနေသေးတယ်။ အဖေကိုကျနော် စောက်ရှောက်ပေးရ
အုန်းမယ်။

နာကျင်မှုတွေပြည့်နှက်နေတဲ့ ဒီကောင်လေးရဲ့အမည်က
“ဝေရင်း ဝေ့ဝူရှန်”ပါ။

Stop  S-1(Completed)Where stories live. Discover now