Part(17)🚨

5.6K 354 17
                                    

Zawgyi

"ကဲကောင်းသွားပြီဝေရင်းလေး နေယက်တစ်ခါသ
တိထားအုန်း ကိုမနိုင်လည်းတခြားသူတွေခိုင်းလို့
ရတာပဲ"

"ကျနော်အားနာလို့ပါအကိုရှိချန်း"

"အေးပါကွာ ဒါပေမဲ့မင်းတယောက်တည်း မလုပ်
နိုင်ရင်တော့ ခိုင်းလို့ရတယ်နော်ဝေရင်း"

"ဟုတ်ကဲ့"

သူ့ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြနေတဲ့ဝေရင်းလေး။ ဒီကလေးရဲ့အပြုံးလေးတွေက ဖြူစင်နေတယ်မ
ဟုတ်ဘူးလား? လန်ကျန်ကဘာလို့ဝေရင်းက သူ့ကိုလာခြူစားတဲ့သူလို့ ထင်နေတာလဲ?

သူဘာလို့အဲ့လိုတွေပြောရတာလဲ? သူနားမလည်
နိုင်တော့ပါ။ ဝေရင်းလေးမင်းရဲ့မျက်နှာဖုံးအမှန်က
ဘယ်တစ်ခုလဲဝေရင်းလေး!

သူ့ကိုနှစ်လိုဖွယ်ပြုံးပြနေတဲ့ဒီကောင်လေးကို သူ
ခေါင်းလေးပုတ်ပေးလေးလိုက်တယ်။ ဒီကလေး
ကဖြူစင်ပါတယ်။ သူယုံကြည်တယ်။ ဒီကလေးကို
ပြောထားတဲ့ သတင်းတွေကိုသူသေချာ ပြန်စုံစမ်း
ရမယ်။

ဝေရင်းသူ့ခေါင်းလေးကိုဖွဖွလေးပုတ်ပေးတဲ့ အကို
ရှိချန်းကြောင့် သူရင်တွင်းကနေနွေးထွေးလာခဲ့
တယ်။ ဒီအိမ်တော်ကိုရောက်မှ မိသားစုရဲာနွေးထွေး
မှုကို သူခံစားရတယ်။ လန်ကျန်ကလွဲလို့ပေါ့။ ထို
သူကတော့ သူ့ကိုစိမ်းကားနေတော့တာပဲ။

ရုတ်တရက်သူ့လက်ကိုလှမ်းဆွဲလိုက်တဲ့သူကြောင့်
ဝေရင်းလန့်သွားမိတယ်။ ထိုအပြင်သူဆွဲထားတဲ့
လက်က ဒဏ်ရာရနေတဲ့လက်ဖြစ်တော့ ဝေရင်း
နာကျင်လာတယ် ။

ထိုသူကိုမော့ကြည့်လိုက်တော့ သူ့ကိုစူးရဲစွာစိုက်
ကြည့်နေတဲ့လန်ကျန်။ ဝေရင်းလက်လေးနာလာ
တာမို့ အတန်ငယ်ရုန်းသော်လည်း သူ့လက်တွေ
က မြဲမြံစွာဆုက်ကိုင်ထားတယ်။ နာတယ်လန်ကျန်။
ပြီးတော့ကြောက်တယ်။

အကိုရှိချန်းကလည်း အံ့ဩတကြီးသူ့ညီဖြစ်သူ
ကိုကြည့်နေတယ်။ လန်ကျန်ကတော့ သူ့ကို
ကြည့်နေတဲ့နှစ်ယောက်လုံးကို လျစ်လျှူရှုပြီး ဝေ
ရင်းကိုအပေါ်ထပ်ကိုဆွဲခေါ်လာတယ်။

ဝေရင်းလည်းသူဆွဲခေါ်ရာနောက် တရွတ်တိုက်ပါ
လာတော့သည်။ အောက်ထပ်မှာကြောင်တောင်
တောင်ကျန်ခဲ့တဲ့အကိုရှိချန်း။ လန်ကျန်တို့နှစ်
ယောက်သား မြင်ကွင်းကပျောက်ကွယ်သွားမှ
ရှိချန်းမျက်နှာထပ်မှာအာအပြုံးတစ်ခုခိုတွဲနေတယ်။

Stop  S-1(Completed)Where stories live. Discover now