Part(37)

4.2K 306 15
                                    

Zawgyi

ဝေရင်းသားကိုချီလျက်ပြေးလာတုန်းမှာပဲ ကားလမ်းမဘက်ရောက်လာခဲ့တယ်။ ဇောနဲ့မို့ ဘာ
မှမမြင်နိုင်တဲ့ကျနော်ဟာ လာနေတဲ့ကားကိုမြင်ခဲ့
ခြင်းမရှိပါ။

ကျနော်အသိစိတ်တို့မကပ်ပဲဖြစ်နေတုန်း။အရှိန်နဲ့
တွန်းထုတ်လိုက်တဲ့ လက်တစ်စုံ။ သားကိုဖတ်ထား
လျက်သားနှစ်ယောက်သား ကားလွတ်ရာကျသွား
ပေမဲ့လည်း......  

ကျနော့်အနောက်ဘက်မှာ လမ်းမထက်သွေးစီးနေ
ခဲ့တယ်။ စိတ်ပူမှုတွေနဲ့ ရင်ခွင်ထက်က သားကိုစေ့
စပ်ကြည့်နေမိတယ်။ သားကတော့ လန့်သွား လို့ထင်ပါ့ ငိုနေခဲ့တဲ့။

ကျနော့်ကျောဘက်ကိုစိုက်ကြည့်ရင်း ငိုနေတာမို့ ကျနော်လှည့်ကြည့်မိတယ်။ လမ်းမထက်မှာလဲ လျောင်းနေတဲ့သူ။ မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့
ကျနော်အကြောင်သားကြည့်နေမိတယ်။

တကိုယ်လုံးသွေးတွေအပြည့်နဲ့သူဟာ သူနာကျင်
နေမှန်းတောင်သိရဲ့လား။ ကျနော်တို့သားအဖဆီ
လာဖို့တွားသွားနေခဲ့တယ်။ ထိုပုံစံကြောင့် ကျနော်
ရင်အတွင်းထဲကနေနာကျင်မိတယ်။

ခင်များဘာလို့လဲ? သူ့ကိုကြည့်နေမိတဲ့မြင်ကွင်း
တွေဟာ ဝေဝါးနေပြန်တယ်။ သူ့ဘေးနားလူ
တစ်ယောက်ရောက်လာပြီး သားကိုခေါ်ထုတ်သွား
ခဲ့တယ်။

“ဝေရင်း ဘယ်လို......လန်ဝမ်ကျီ”

“အကိုကျန်း လုပ်ပါအုန်း!!!! သူ.....သူ ဟင့်အင်း”

ငိုပြီးစကာဟတွေထစ်နေတာမို့ သူဆက်မမေးနေ
တော့ပဲ။ လန်ဝမ်ကျီရှိရာစီသွားရတော့သည်။ သေ
ချာစစ်ဆေးပြီးနောက် ဆေးရုံတင်ဖို့ အကုန်သူ
အမြန်လုပ်ဆောင်ရတော့သည်။

ဆေးရုံကားထွက်သွားချိန်ထိ ဝေရင်းဟာတုန်ရင်
နေတုန်းပဲ။ ရှန့်ရှန့်လေးကတော့ အငိုမတိတ်တော့
ပေ။ ကလေးလန့်သွားပုံပင်။ သူမှာကလေးလည်း
ချော့ ဝေရင်းကိုလည်း ဆေးရုံသို့တခါတည်း ခေါ်
ဖို့လုပ်ဆောင်ရတော့သည်။

ရှိချန်းလည်းဂျူတီချိန်ရှိတာမို့ရောက်နေတုန်း အရေးပေါ်ကားရောက်လာတာကြောင့် အမော
ပင်စို့သွားတော့သည်။ ဆရာဝန်တစ်ယောက်
ဖြစ်နေတာမို့ ကျရာတာဝန်ထမ်းဆောင်ဖို့ ကား
တံခါးဖွင့်လိုက်ခ်ျိန်ဝယ်. ........

Stop  S-1(Completed)Where stories live. Discover now