Part(14)

3.9K 324 9
                                    

Zawgyi

ဒီနေ့ကလက်ထပ်ပွဲနေ့။ ပြောရမယ်ဆို အတင်းအ
ကျပ်လက်ထပ်ပွဲဆိုပိုမှန်မယ်။ လန်ကျန်ဆိုတဲ့သူက
လက်ထပ်ပွဲမတိုင်ခင် အသေအကြေဆန္ဒတွေပြ
ပင်မဲ့ လည်းအဖွားရဲ့တချက်လွတ်အမိန့် ယောက်
ကျားကတိတည်ရမယ်တဲ့လေ။

ဘယ်လိုပဲဖြစ်ဖြစ်ငယ်စဉ်ကတည်းက ကတိတစ်
လုံးကိုအမြန်တန်ဖိုးထားဖို့လည်း လွယ်လွယ်ကတိ
မပေးဖို့ သေချာစွာဆုံးမထားတာမို့ လန်ကျန်မလွန်
ဆန်နိုင်ခဲ့ပေ။

ထိုကောင်လေးကိုတော့ပြီးခဲ့တဲ့တစ်ပတ်လုံး တခါ
တောင်မတွေ့ရသေးပါ။ ကောင်လေးဘက်က သူ့
ကိုရှောင်နေပုံပဲ။ သူကြားရက်တွေမှာ မတွေ့တွေ့
အောင်ကြိုးစားပေမဲ့ ကောင်လေးကအပုန်းကောင်း
လွန်ခဲ့တယ်။

ဝတ်စုံတိုင်းတဲ့နေ့ကတောင် ကျနော်မရောက်ခင်သူ
လာတိုင်းသွားတယ်လို့ကြားရတယ်။ အဖွားက
တော့ ဒီလက်ထပ်ပွဲကိုအတော်တက်ကြွနေတယ်။
အစအဆုံးသူသာ အကုန်ပြင်ဆင်တယ်။

အခုလည်းအဝတ်လဲခန်းမှာသူထိုင်နေတယ်။ ဒီနေ့ကိုဘယ်လိုရှောင်ရင်ကောင်းမလဲ သူတွေးနေ
တာပါ။ သုထွက်ပြေးဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ အဖွားကခြေလှမ်းဦးဦးသွားတယ်။

သူစိတ်ပျက်လက်ပျက်ထိုင်နေတုန်း အခန်းထဲဝင်
လာတဲ့သူနှစ်ယောက် လန်ရှိချန်းနဲ့လန်စစ်ကျွေး။
အကိုအကြီးဆုံးရှိချန်းက နိုင်ငံခြားမှာပညာသင်
နေခဲ့တယ်။ သူဘယ်တုန်းကပြန်ရောက်လာတာလဲ
ဆေးပညာကိုအတော်စုံမက်တဲ့သူမို့ အမိနိုင်ငံမှာ
လည်းလေ့လာတဲ့အပြင် နိုင်ငံခြားအထိဆေးပညာ
သင်နေခဲ့တယ်။

ခုတော့သူ့အကိုပြန်ရောက်လာပြီ။ မတွေ့ရတာ
ဘယ်လောက်ကြာပြီလဲ။ သူလန်ကျန်ကတော့
ဒုတိယမြောက်သားဖြစ်တယ်။ စီးပွားရေးနဲ့ဘွဲ့ရပြီး
အဖေ့အလုပ်တွေကူပေးနေခဲ့တယ်။ အငယ်ဆုံး
လေးစစ်ကျွေးကတော့ ကျောင်းတက်နေတုန်းပင်။

လန်ညီအစ်ကို3ယောက်သား ဖက်ထားလိုက်ကြ
တယ်။ သုံးယောက်မဆုံဖြစ်တာအတော်ကြာပြီပေါ့။

“အကိုဘယ်တုန်းကပြန်ရောက်တာလဲ ကျနော်တောင် မသိရပါလား”

“ဒီမနက်တည်ပဲ တမင်မပြောပဲ လာခဲ့တာ ဘယ်လိုလဲ အံ့ဩသွားတယ်မလား ”

Stop  S-1(Completed)Where stories live. Discover now